title

title
hi

Friday, July 28, 2017

<iframe src="https://docs.google.com/spreadsheets/d/1sLkBy7h0vUiZ-f_FFZ55ODLL0dtqC8OsKtHNjORj_H4/pubhtml?gid=0&amp;single=true&amp;widget=true&amp;headers=false"></iframe>

Thursday, December 18, 2014

မွန်ပြည်နယ်အတွင်း လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့နယ်ရွေးချယ်ခြင်းဆိုင်ရာ အကြံဉာဏ်ရယူခြင်းအစည်းအဝေး














ကမ္ဘာ့ဘဏ်၏ထောက်ပံ့မှုဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း တတိယနှစ်အတွက် မွန်ပြည်နယ်အတွင်း စီမံကိန်းအကျိုးခံစားခွင့်ရမည့် မြို့နယ်တစ်မြို့နယ်ရွေးချယ်ရန် အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ၂ဝ၁၄ ဒီဇင်ဘာလ ၁၇ ရက်နေ့က မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ ကမ္ဘာ့ဘဏ်မှကိုယ်စားလှယ်များနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မွန်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မီဒီယာအဖွဲ့များနှင့် အခြားဖိတ်ကြားထားသူများ စုစုပေါင်း (၃၃၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးအုန်းမြင့်မှ နှုတ်ခွန်းဆက် အဖွင့်အမှာစကား ခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံဆိုင်ရာ Social Development Specialist (JPO) Mrs.Nodoka Hasegawa တို့က မိတ်ဆက်စကား ပြောကြားပြီးနာက် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်က စီမံကိန်းအကျဉ်းချုပ်နှင့် မြို့နယ်ရွေးချယ်ရန် အတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းတင်ပြပါသည်။
ထို့နောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခြင်း၊ တက်ရောက်လာသူများက အဖွဲ့ငယ် ၁ဝ ဖွဲ့ခွဲ၍ ဆွေးနွေးခြင်းဖြင့် စီမံကိန်းအတွက် အဆိုပြုမြို့နယ် ရွေးချယ်ခြင်း၊ အဖွဲ့အသီးသီးမှ တာဝန်ခံများက အဆိုပြုမြို့နယ် ရွေးချယ်ရခြင်းအကြောင်းကို ပြန်လည်တင်ပြခြင်း၊ အဖွဲ့လိုက်တင်ပြလာသည့် အဆိုပြု မြို့နယ်များအပေါ် အမှတ်ပေးတွက်ချက်၍ ရလဒ်များ တင်ပြခြင်းတို့ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတက်ရောက်သူများ၏ ရွေးချယ်မှုအရ မွန်ပြည်နယ်အတွင်း စီမံကိန်းခံစားခွင့်ရ မြို့နယ်အဖြစ် ဦးစားပေးအဆင့်အလိုက် ရွေးချယ်ခံရသည့် မြို့နယ် ၅ မြို့မှာ-

(၁) ပထမဦးစားပေး - ချောင်းဆုံမြို့နယ်
(၂) ဒုတိယဦးစီးပေး - ဘီလင်း မြို့နယ်
(၃) တတိယဦးစီးပေး - ပေါင် မြို့နယ်
(၄) စတုတ္တဦးစားပေး - ကျိုက်မရော မြို့နယ်
(၅) ပဉ္စမဦးစားပေး - ရေး မြို့နယ်
ဖြစ်ပါသည်။

Monday, December 8, 2014

မွန်ပြည်နယ်အတွက် စီမံကိန်းမြို့နယ်ရွေးချယ်ခြင်းဆိုင်ရာ အကြံဥာဏ်ရယူခြင်း အစည်းအဝေး ဖိတ်ကြားစာ


လူထုအခြေပြုဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း တတိယနှစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် စီမံကိန်းမြို့နယ် တစ်မြို့နယ်စီရွေးချယ်ရန်အတွက် အကြံဉာဏ်ရယူခြင်း အစည်းအဝေးများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၏ မြို့တော်များတွင် ကျင်းပသွားမည် ဖြစ်ပါသည်။ ယင်းအစည်းအဝေးသို့ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများ အား ဖိတ်ကြားသွားမည် ဖြစ်ပါသည်။

မွန်ပြည်နယ်အတွက် မြို့နယ်ရွေးချယ်ခြင်းအစည်းအဝေးကို ၂ဝ၁၄၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် မော်လမြိုင်မြို့၌ ကျင်းပမည် ဖြစ်ပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းတွင်  ဘားအံ၊ မြစ်ကြီးနားနှင့် လွိုင်ကော်မြို့တို့၌ ကျင်းပသွားမည် ဖြစ်ပါသည်။ စီမံကိန်းမြို့နယ် ရွေးချယ်မှုဆိုင်ရာ သတ်မှတ်ချက် များ၊ အစည်းအဝေးအစီအစဉ်နှင့် စီမံကိန်းအချက်အလက်များကို ဤနေရာမှ ရယူနိုင်ပါ သည်။ အစည်းအဝေးကို မြန်မာဘာသာတစ်မျိုးတည်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး ဘာသာပြန် ပေးမည့်အစီအစဉ် ပါဝင်ခြင်းမရှိပါ။

အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူထုဗဟိုပြုအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့ အစည်းများအနေဖြင့် မော်လမြိုင်မြို့တွင် ကျင်းပမည့် အစည်းအဝေးကို တက်ရောက်ရန် စိတ်ပါ ဝင်စားမှုရှိပါက cdd.drdmyanmar@gmail.com သို့ ဒီဇင်ဘာလ (၁၅) ရက်ထက် နောက်မကျစေဘဲ ဆက်သွယ်အကြောင်းကြားပါရန်နှင့် မော်လမြိုင်မြို့အစည်းအဝေးအတွက် အချက်အလက်များနှင့် ဘားအံ၊ မြစ်ကြီးနားနှင့် လွှိုင်ကော်မြို့တို့၌ ကျင်းပမည့် အစည်းအဝေး အစီအစဉ်များကို ဆက်လက် အကြောင်းကြားသွားမည်ဖြစ်ပါကြောင်း လေးစားစွာ အကြောင်းကြားပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
----------------------------------------------------------------------------------------------------------------
It is my pleasure to inform you that the Government of Myanmar is organizing township selection consultation meetings in Mandalay Region, Bago Region, Mon State, Kayah State, Kachin State and Kayin State to assist in identifying the townships that will benefit from the National Community Driven Development Project (LuduBahopyu Project). We are inviting Non-Governmental Organizations, Civil Society Groups, Community Based Organizations and Development Partners with active programs in the respective Region/State to attend the meetings.

The township selection meeting for  Mon State will be held in Mawlamyine Township on 17th December 2014. The meetings in Loikaw, Myitkyinna, and Pha-an will be held during January and February. You can download HERE a short note on the township selection process, the agenda for the Mon meeting and the project information document. Please note that meeting will be held in Myanmar language without translation.

Non-Governmental Organizations, Civil Society Groups, Community Based Organizations and Development Partners with an active program in Mon State and interested in participating in the Mawlamyine meeting should please contact us at cdd.drdmyanmar@gmail.com by 15thDecember. The data table for the Mawlamyine meeting as well as further information about the Loikaw, Myitkyinna, and Pha-anmeetings will be provided separately.

Sincerely,
Department of Rural Development

Thursday, November 20, 2014

လူထုဗဟိုပြုစီမံကိန်း အလုပ်ကြော်ငြာ (ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း)


ကမ္ဘားဘဏ်၏ ထောက်ပံ့ငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တပ်ကုန်းမြို့နယ်(နေပြည်တော်ကောင်စီ)၊ ပင်လည်ဘူးမြို့နယ်(စစ်ကိုင်းတိုင်းဒေသကြီး)၊ စေတုတ္တရာမြို့နယ်(မကွေးတိုင်းဒေသကြီး)၊ အမ်းမြို့နယ်(ရခိုင်ပြည်နယ်)၊ လေးမျက်နှာမြို့နယ်(ဧရာဝတီတိုင်းဒေသကြီး) နှင့် ထန်းတပင်မြို့နယ်(ရန်ကုန်တိုင်းဒေသကြီး) တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လူထုဗဟိုပြုစီမံကိန်းတွင် တာဝန်ထမ်းဆောင်ရန်အတွက် အနည်းဆုံးလစာ မြန်မာကျပ်ငွေ ၃၀၀၀၀၀နှုန်းထားဖြင့် AGTI,B.Tech, BE, ME(Civil) ဘွဲ့ရလက်ထောက်နည်းပညာမှူးများ(Facilitators) ငှားရမ်းလိုပါသည်။
လျှောက်ထားလိုသူများအနေဖြင့် မှတ်ပုံတင်၊ ဘွဲ့လက်မှတ်မိတ္တူများနှင့်အတူ ကိုယ်ရေးအကျဉ်းတွင် လုပ်ငန်းအတွေ့များကို အသေးစိတ်ဖော်ပြပြီး သက်ဆိုင်ရာမြှိုနယ်ရှိကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများသို့ ၁၉-၁၂-၂၀၁၄ ရက်နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက အောက်ပါလိပ်စာသို့ စုံစမ်းမေးမြန်းနိုင်ပါသည်-

ဦးကျော်စွာအောင်(ဒုတိယညွန်ကြားရေးမှူး)
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)
ရုံးအမှတ်(၁၄)၊ နေပြည်တော်၊
ဖုန်း-၀၉-၄၂၀၇၄၉၅၈၀၊ ၀၆၇-၄၀၉၄၁၃
Email: drdmyanmar@gmail.com

Sunday, November 16, 2014

CDD အကြောင်း အကျဉ်း ၂၀၁၃-၁၄ ဘဏ္ဍာနှစ် တိုးတက်မှု ပါဝင်


















Video