Tuesday, April 2, 2013

Gender Awareness Training ဖွင့်လှစ်



ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရှိ ၀န်ထမ်းများအား ကျား၊ မ ခွဲခြားဆက်ဆံခြင်းနှင့် ပက်သက်သည့် အထွေထွေ ဗဟုသုတများ ရရှိစေရန် Gender Awareness Training ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
သင်တန်းကို ၃ ရက်ဖွင့်လှစ်မည်ဖြစ်ပြီး မတ်လ ၂၉ ရက်နေ့ညနေပိုင်းက လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်းများဖြစ်သည့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင် နှင့် ဦးစီးအရာရှိ ဒေါ်ဖြိုးသုနန္ဒာတို့က သင်ကြားပို့ချပေးခဲ့သည်။ ဧပြီ ၁ ရ က်နေ့ မနက်ပိုင်းတွင် ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ရူပါမြနှင့် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြမြစိန်တို့က gender awareness ဆိုင်ရာ ဗဟုသုတများ သင်ကြားပို့ချပေးခဲ့ပြီး ဧပြီ ၂ ရက်နေ့တွင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရူပါမြနှင့်နှင့် ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းတို့က သင်ကြားပို့ချပေးခဲ့ သည်။ သင်တန်းသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရှိ ၀န်ထမ်း (၂၂) ဦး တက်ရောက်ခဲ့ကြသည်။
ဗဟုသုတအနေဖြင့်သာမက လူထုအခြေပြု ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသား စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ကျား/မ ခွဲခြားဆက်ဆံခြင်း မရှိစေရန်၊ မည်သည့်အပြုအမူများသည် ကျား/မ ခွဲခြားဆက်ဆံခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့မဖြစ်စေရန် မည်ကဲ့သို့ပြုပြင်ရ မည်  ဖြစ်ကြောင်းနှင့် ဆောင်ရန်  ရှောင်ရန် အချက်များကိုလည်း ပြောကြားခဲ့သည်။ 

သင်တန်းတွင် gender ဆိုင်ရာ သာတူညီမျှဖြစ်မှုအတွက် လုပ်ဆောင်ရမည့်အချက်များကို ရှင်း လင်း  ပြောကြား ပေးခဲ့သည်။ Gender ဆိုင်ရာ သာတူညီမျှဖြစ်မှုဆိုသည်မှာ အမျိုးသားနှင့် အမျိုးသမီး အတူ တူဖြစ်သည်ဟု သတ်မှတ်ခြင်း မဟုတ်ဘဲ အမျိုးသားနှင့် အမျိုးသမီးသည် ခန္ဓာကိုယ် ဖွဲ့စည်းပုံ မတူညီသော်လည်း အခွင့်အလမ်း ရရှိမှုများ ထိခိုက်ခြားနားခြင်းမရှိဘဲ မျှတစွာ အခွင့်အရေး ရရှိခြင်းဟု ဆိုလိုခြင်းဖြစ်သည်။  တစ်နည်းအားဖြင့် လူမှုရေးဆိုင်ရာ တန်ဖိုးထားခံရမှုများ၊ အခွင့်အလမ်းများ၊ အရင်းအမြစ်များနှင့် အသိအမှတ်ပြု ခံရခြင်းများကို အမျိုးသမီးနှင့် အမျိုးသား အကျိုးတူညီစွာ ရရှိခံစားခြင်း ဖြစ်သည်။
Gender ဆိုင်ရာ သာတူညီမျှမှု ဖြစ်ရန် gender empowerment (စွမ်းဆောင်ရည် မြှင့်တင်ခြင်း) ဆောင်ရွက်ရန် လိုအပ်သည်။ မြန်မာနိုင်ငံတွင် gender ဆိုင်ရာ သာတူညီမျှဖြစ်ရန်၊ gender နှင့်ပက်သက်၍ စွမ်းဆောင် ရည် မြှင့်တင်ရန် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့် အချက်လေးချက်ပေါ်တွင် အခြေခံ ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်းတို့ ပါဝင်သည်။