ကမ္ဘာ့ဘဏ်၏ ထောက်ပံ့မှုဖြင့် ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် လူထုအခြေပြု ဖွံ့ဖြိုးရေး
အမျိုးသားစီမံကိန်း အကောင်အထည်ဖော်ရာတွင် စီမံကိန်းကာလတစ်လျှောက်လုံး
အသုံးပြု နိုင်ရန်အတွက် စီမံကိန်းအမည်၊ စီမံကိန်းဆောင်ပုဒ်နှင့် စီမံကိန်း အမှတ် တံဆိပ်
ရွေးချယ်ခြင်းပြိုင်ပွဲကို ၂၀၁၃၊ ဧပြီလအတွင်းက ဖိတ်ခေါ်ခဲ့ရာ ပြိုင်ပွဲဝင် ၅၆ ဦးက
ပြိုင်ပွဲဝင် လက်ရာပေါင်း ၁၇၆ ခုဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲဝင်လက်ရာများထဲမှ
စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီသည့် ပထမဆန်ခါတင် စာရင်း ကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ
စီမံကိန်းတာဝန်ရှိသူများပါဝင်သော ပဏာမရွေးချယ်ရေး အဖွဲ့က မေလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင်
စီမံကိန်း ရုံးခန်း၌ ရွေးချယ်ခဲ့ကြသည်။
ပဏာမရွေးချယ်ရေးအဖွဲ့ဝင်များမှာ
က။ ဦးခန့်ဇော်
ခ။ ဦးကိုကိုနိုင်
ဂ။ ဒေါ်ညိုညိုဝင်း
ဃ။ ဦးလှခိုင်
င။ ဦးကျော်စွာအောင်
စ။ ဦးဇာနည်မင်း
ဆ။ ဒေါ်ရှန်ခေါင်ဂျာဂူ
ဇ။ ဒေါ်လဲ့ယဉ်ဝင်း
တို့ ဖြစ်ပါသည်။
ထို့နောက် မေလ ၇ ရက်နေ့ ညနေ ၃း၀၀ နာရီတွင်
ရန်ကုန်မြို့၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စည်ပင်ရိပ်သာ အစည်း အဝေးခန်းမ၌
စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသော ပြိုင်ပွဲဝင်လက်ရာများထဲမှ ဆန်ခါတင် ၃ ဦး ရွေးချယ်ခြင်း၊
ထို ၃ ဦး အနက်မှ ပထမဆုလက်ရာရှင်တစ်ဦး ရွေးချယ်ခြင်း အစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးတွင် စီမံကိန်း တာဝန်ရှိသူများ၊ NGO၊ CSO အဖွဲ့ဝင်များနှင့် ပြင်ပအနုပညာရှင်များ
တက်ရောက်ခဲ့ ကြသည်။
အစည်းအဝေးတက်ရောက်သူတိုင်းအား
ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲအတွက် သတ်မှတ် ထားသည့်
စည်းမျဉ်းစည်းကမ်းများ ဖော်ပြထားသည့် စာရွက်များ ဝေပေးခဲ့ပြီး စီမံကိန်း
တာဝန်ရှိသူ များက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက် နှင့် ပြိုင်ပွဲအတွက်
သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ထပ်မံ ရှင်းလင်းပြောကြားခဲ့သည်။
ဆုရွေးချယ်ရာတွင် NGO၊ CSO အဖွဲ့ဝင်များနှင့် ပြင်ပအနုပညာရှင်များ ပါဝင်သော ဆုရွေးချယ်ရေးအဖွဲ့က
အမှတ်ပေးစနစ်ဖြင့် ရွေးချယ်ပေးခဲ့ကြ သည်။
ဆန်ခါတင် ၃ ဦး ရွေးချယ်ခြင်းနှင့်
ဆုရွေးချယ်ရေး အစည်းအဝေးတွင် အကဲဖြတ် အမှတ်ပေးခဲ့သည့် အဖွဲ့ဝင်များမှာ
၁။ ဦးစိုးသိမ်းထွဋ် ရုပ်ရှင်၊
ဗီဒီယို ဒါရိုက်တာ
၂။ ဦးသက်ဦး
(ပန်းချီသက်မွန်) ပန်းချီဆရာ
၃။ ဦးဝင်းမြင့်မိုး ပန်းချီဆရာ
၎။ ဦးခင်မောင်ကျော်ဦး ပန်းချီဆရာ
၅။ ဦးဌေးကြည် ကြေးမုံသတင်းစာ၊
အယ်ဒီတာ (ငြိမ်း)
၆။ ဦးသန့်ဇင် အယ်ဒီတာ
၇။ ဦးအောင်သော် ဘာသာပြန်
စာရေးဆရာ၊ အယ်ဒီတာ
၈။ ဦးမောင်မောင်ကြီး ဘာသာပြန် စာရေးဆရာ၊
အယ်ဒီတာ
၉။ ဦးမြင့်သူ Media
၁၀။ ဦးစိုးပိုင် Media
၁၁။ ဒေါ်ခင်နှင်းလှိုင်(Liz) CSO
၁၂။ ဒေါ်မိုင်လှအေး CSO
၁၃။ ဒေါ်ဝါဝါယု CSO
၁၄။ ဒေါ်သိင်္ဂီမင်း World Bank
တို့ဖြစ်ပါသည်။
အမှတ်ပေးရာတွင် စိတ်ကြိုက်အဖြစ်ဆုံး
လက်ရာရှင် ၃ ဦးအား အဆင့် A, B, C စသည့်ဖြင့် အဆင့်သတ်မှတ် ရွေးချယ်ပြီး အဆင့် A
အတွက် ၃ မှတ်၊ အဆင့် B အတွက် ၂ မှတ်နှင့် အဆင့် C အတွက် ၁ မှတ်ဟု သတ်မှတ်ပါသည်။
ပြိုင်ပွဲဝင် လက်ရာတစ်ခုချင်းစီအတွက် အဖွဲ့ဝင်များမှ သတ်မှတ်ပေးထားသည့်
ရလဒ် အားလုံးအား သတ်မှတ်ထားသည့် အမှတ်နှင့်မြှောက်၍ အမှတ်အများဆုံး ရရှိသူအား ပထမဆု၊
ဒုတိယနှင့် တတိယ အမှတ်အများဆုံးရရှိသူများအား နှစ်သိမ့်ဆုအဖြစ် သတ်မှတ် ရွေးချယ်ခဲ့သည်။
ဆုရွေးချယ်ခြင်းအစည်းအဝေးတွင် ပြိုင်ပွဲဝင်
လက်ရာအားလုံးအား ဆုရွေးချယ်ရေးအဖွဲ့ဝင်များ ကြည့် ရှုနိုင်ရန် တင်ပြခဲ့သည်။
အခမ်းအနားပြုလုပ်ပြီးနောက်
ပေါ်ထွက်လာသော ပြိုင်ပွဲဝင် ဆုလက်ရာရှင်များနှင့် ရွေးချယ်ခံရသည့် ဆု လက်ရာ စာရင်းမှာ
အောက်ပါအတိုင်းဖြစ်သည်။
ပထမဆု ကျေးလက်လူထု အခြေပြု ဒေါ်အိနှင်းခိုင်
ဖွံ့ဖြိုးမှုကို
ဒို့ရှေ့ရှု ပါရမီ၊
မရမ်းကုန်း။
နှစ်သိမ့်ဆု ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးအောင်သူ
လူထုအခြေပြု
ဆောင်ရွက်ပေး နေပြည်တော်
နှစ်သိမ့်ဆု လူထုဘဝဖွံ့ဖြိုးမှ အေးသီရိအောင်
တိုင်းပြည်သာယာလှ မင်္ဂလာတောင်ညွန့်မြို့နယ်၊
ရန်ကုန်။
စီမံကိန်း
အမှတ်တံဆိပ်
ဦးကျော်ကျော်ဝင်း
(ဒီဇိုင်း
ကိုငယ်)
ဗဟန်းမြို့နယ်၊
ရန်ကုန်။
နှစ်သိမ့်ဆု
ဦးအောင်ဇေလှိုင်
နေပြည်တော်။
နှစ်သိမ့်ဆု
ဒေါ်အိနှင်းခိုင်
ပါရမီ၊ မရမ်းကုန်း။
စီမံကိန်းအမည်
စီမံကိန်းအမည် ရွေးချယ်ခြင်းနှင့် ပတ်သက်၍
ပြိုင်ပွဲဝင်လက်ရာများအားလုံးသည် စီမံကိန်း အဓိပ္ပာယ် ကို ပေါ်လွင်အောင်
မဖော်ဆောင်နိုင်ခြင်း၊ မူလစီမံကိန်းအမည်ထက် ပိုမိုရှင်းလင်းအောင်
မဖော်ပြနိုင်ခြင်းတို့ကြောင့် ဆုရွေးချယ်နိုင်ခြင်းမပြုနိုင်ခဲ့ပါ။
အစည်းအဝေးတက်ရောက်သည့် ပုဂ္ဂိုလ်များနှင့် ပညာရှင်များထံမှ
စီမံကိန်း အမည်ပေးနိုင်ရန် အကြံဉာဏ်တောင်းခံထားပါသည်။
ဆုချီးမြှင့်ခြင်းအစီအစဉ်
ဆုချီးမြှင့်ခြင်း အစီအစဉ် ဆက်လက်ကြေညာသွားပါမည်။
No comments:
Post a Comment