Wednesday, January 29, 2014

လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စီမံကိန်းအဖွဲ့ သွားရောက်ပြီး စီမံကိန်းလုပ်ငန်းများပံပိုးကူညီ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးလှခိုင်နှင့် ဦးကျော်စွာအောင်တို့ ဦးဆောင်သော အဖွဲ့နှင့် ကမ္ဘာ့ဘဏ်အဖွဲ့မှ Senior Operations Officer ဖြစ်သူ Mr. Ingo Wiederhoferr ဦးဆောင်သော အဖွဲ့ဝင်များသည် ဇွန်န၀ါရီလ၁၅ ရက်နေ့မှ ဇွန်န၀ါရီလ ၁၉ ရက်နေ့အထိ လူထုအခြေပြုဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း အကောင်အထည်ဖော်ဆောင်လျက်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကျောက်ဖြူ ကျေးရွာ၊ ပန်ဇေမိုင်း ကျေးရွာ၊ မိုင်ကန် ကျေးရွာ၊ ဇေဘန်ကောက်ကျေးရွာ၊ ဘုရားကြီးကျေးရွာ၊ ဇေတန်ဟုန်း ကျေးရွာ၊ တောင်မ ကျေးရွာ နှင့် တပ်မင်းသား ကျေးရွာများသို့ သွားရောက်လေ့လာကာ ကျေးရွာတိုင်းတွင် စီမံကိန်းအကြောင်းကိုသိရှိကာ အားလုံး ပူပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ကျေးရွာစီမံကိန်းကော်မတီ များဖွဲ့စည်းခြင်း၊ ကော်မတီခွဲများဖွဲ့စည်းခြင်၊ စီမံကိန်းလုပ်ငန်းစဉ် အဆင့်တိုင်းတွင် ကျး/မ ခွဲခြားမှု အရှိစေပဲ တန်းတူပါဝင်ဆောင်ရွက်နိုင်စေရန် ညှိနှိုင်းဆွေးနွေးခြင်း၊ စီမံကိန်း လုပ်ငန်းခွဲများကို ရွေးချယ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ကူညီပံ့ပိုး သင်ကြားဆွေးနွေးမှုများပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။








No comments:

Post a Comment