၂၀၁၃-၂၀၁၄ ခုနှစ်တွင် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြို့နယ်သုံးခု အနက် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် ကျေးလက်ဒေသဖြိုးတိုးတတ်ရေးဦးစီးဌာန နှင့် စီမံကိန်းရုံးအဖွဲက ကြီးမူး၍ သီချင်းဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ကျင်းပ။
စီမံကိန်း
အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျေးရွာလူထုအား စွမ်းဆောင်ရည်မြှင့်တင်ပေးရန်၊ပွင့်လင်းမြင်သာသော
လုပ်ငန်းဆောင်ရွက်ချက်များဖြင့် ပြည်သူလူထု၏စိတ်ပါဝင်းစားမူနှင့် ပါဝင်ဆောင်ရွက်မူကို
လှူံဆော်ပေးရန်၊ စီမံကိန်းသည်လူထု၏ဦးဆောင် ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း
အသိပေးရန် ရည်ရွယ်၍ သီချင်းဆိုပြိုင်ပွဲ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
ပလောင်ရိုးရာ
တပေါင်းပွဲတော် ကျင်းပလေ့ရှိသည်ု့ ကျောက်ဖြူကျေးရွာ မဟာမြတ်မုနိဘုရားပွဲတော် တွင် မတ်လ
၁၄ ရက်နေ့ နေ့လည် ၃း၀၀ မှ ၆း၀၀ အထိ ပြိုင်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ပြိုင်ပွဲတွင်
နမ့်ဆန် မြို့ပေါရှိ ရပ်ကွက် (၆) ခု၊ ကျေးရွာအုပ်စုပေါင်း(၂၆) အုပ်စုတို့ စုစုပေါင်း
ပြိုင်ပွဲဝင် ၄၀ ဦးခန့် ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး ပြိုင်ပွဲမကျင်ပမီ ကျေးလက်ဒေသဖွံဖြိုးတိုးတတ်ရေးဦးစီးဌာန
နှင့် စီမံကိန်းရုံးအဖွဲ့ မှ တာဝန်ရှိသူ ကဦးဆောင်၍ ပြိုင်ပွဲဝင်များ ရွေးချယ်ခြင်း၊
အစမ်းလေ့ကျင့်ခြင်း၊ တီးဝိုင်း နှင့် တွဲဖက် သီဆိုခြင်းများ ပြုလုပ်လျှက်ရှိပါသည်။အစမ်းလေ့ကျင့်မူများ
ပြုလုပ်ရာတွင် ဘုရားပွဲ အနီးအနားရှိ ကျေးရွာများမှ လူအများလာရောက် ကြည့်ရှုကြပြီး ပြိုင်ပွဲပြုလုပ်သည့်
အချိန်တွင်လည်း စီမံကိန်းအကြောင်း ရှင်းလင်းတင်ပြမူများ ပြုလုပ်မည်ဖြစ်၍ လူထုအနေဖြင့်
တတ်ကြွစွာ ပါဝင်ဆောင်ရွက်လျှက်ရှိသည်ကို တွေ့ ရပါသည်။ အခမ်းအနားတွင် စီမံကိန်း နှင့်
ပက်သက်သော စာရွက်စာတမ်းများ ပိုစတားများ ချိတ်ဆွဲထားပြီး လာရောက်ကြည့်ရှုသူများအနေဖြင့်လည်း
ပြိုင်ပွဲကို ကြည့်ရှုရုံသက်သက် မဟုတ်ဘဲ စီမံကိန်းအကြောင်းကိုပါ ပိုမို သိရှိလေ့လာခွင့်ရရှိမည်ဖြစ်သည်။
ပြိုင်ပွဲတွင်
ကျေးလက်ဒေသဖွံဖြိုးတိုးတတ်ရေးဦးစီးဌာန မှ ဦးကျော်ဇင်လတ် နှင့် အဖွဲ့ က အကဲဖြတ်ဒိုင်
အဖြစ် ဆောင်ရွက် ၍ သီဆိုယှဉ်ပြိုင်သူများထဲမှ ပထမ ၊ဒုတိယ ၊တတိယ ဆုများ ရွေးချယ်ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ပထမဆု
အဖြစ် ၅၀၀၀၀ ၊ဒုတိယ အဖြစ် ၃၀၀၀၀၊တတိယ အဖြစ် ၂၀၀၀၀ ပေးအပ်ချီးမြှင့်မည်ခဲ့ပါသည်။
No comments:
Post a Comment