လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ် အကောင်အထည်ဖေါ် ဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကရင် ပြည်နယ်၊ ရခိုင်ပြည်နယ် တို့တွင် စီမံကိန်းမြို့နယ်တစ်မြို့နယ်စီ ရွေးချယ်ရန်အတွက် အကြံဉာဏ် ရယူခြင်း အစည်း အဝေးများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များတွင် ကျင်းပခဲ့ပြီး ဖြစ်ပါသည်။ ယင်းအစည်းအဝေးသို့ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့ အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများအား ဖိတ်ကြားခဲ့ပါသည်။
နေပြည်တော်ကောင်စီ အတွက် အစည်းအဝေးကို ၂၀၁၄၊ မေလ ၁၆ ရက်နေ့တွင် နေပြည်တော်၊ International Convention Center(MICC) ခန်းမ၌ ကျင်းပမည် ဖြစ်ပါသည်။ စီမံကိန်းမြို့နယ် ရွေးချယ်မှုဆိုင်ရာ သတ်မှတ်ချက်များ၊ အစည်းအဝေး အစီအစဉ်နှင့် စီမံကိန်း အချက်အလက်များကို ဤစာနှင့်အတူ ပူးတွဲပေးပို့အပ်ပါသည်။ အစည်းအဝေး ကို မြန်မာဘာသာ တစ်မျိုးတည်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး ဘာသာပြန်ပေးမည့် အစီအစဉ် ပါဝင်ခြင်း မရှိပါ။
အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူထုဗဟိုပြုအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့ အစည်းများအနေဖြင့် နေပြည်တော်တွင် ကျင်းပမည့် အစည်းအဝေးကို တက်ရောက်ရန် စိတ်ပါဝင်စားမှု ရှိပါက cdd.drdmyanmar@gmail.com သို့ ၂၀၁၄၊ မေလ ၁၄ ရက်ထက် နောက်မကျစေဘဲ ဆက်သွယ်အကြောင်းကြားပါရန်နှင့် အစည်းအဝေးတွင် အသုံးပြုမည့် အချက်အလက် စာရွက်စာတမ်းများကို အစည်းအဝေးကျင်းပချိန်တွင် ဖြန့်ဝေမည်ဖြစ်ပါကြောင်း လေးစားစွာ အကြောင်းကြားပါသည်။
ခန့်ဇော်
ဒုတိယအင်ဂျင်နီယာချုပ်
ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန

No comments:
Post a Comment