လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်နေတဲ့ စီမံကိန်းမြို့နယ်တွေကို ပထမဆုံးအကြိမ်ရောက်စက
CFs (Community Facilitators) တွေနဲ့တွေ့တော့တစ်ချို့တွေက
ငယ်ငယ်လေးတွေ…သူတို့တွေ ခုလိုမျိုး ကျေးရွာတွေထိအရောက်သွားပြီး
ရွာသူ/ရွာသားတွေကို People Center approach ဆို့တဲ့ လူထုဗဟိုပြုပြီး
ကျေးလက်ဒေသတွေအတွက်လိုအပ်သော အခြေခံအဆောက်အဦး များကို
လူထုကိုယ်တိုင်ဦးဆောင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်အောင်
စည်းရုံးသင်ပြပေးနိုင်ပါ့မလားလို့ ထင်ခဲ့မိတယ်. ဒါပေမဲ့ စီမံကိန်း
တစ်နှစ်ပြည့်လို့ (August 18-19/ 2014) နေပြည်တော်မှာကျင်းပခဲ့တဲ့
Multi-Stakeholder Review မှာ စီမံကိန်းမြို့နယ် ၃ ခုက CFs
တွေစုံစုံညီညီတွေ့ဖြစ်တော့ ကျနော်ထင်ခဲ့တာတွေ
လုံးဝမှာသွားတာကိုသိလိုက်ရတယ်.. Multi Multi-Stakeholder Review ဒုတိယနေ့
အခမ်းနားအစီအစဉ်အရ အုပ်စုငယ်လေးတွေခွဲပြီး ဆွေးနွေကြ တော့
တော်တော်အံသြသွားတယ်..ငယ်ငယ်လေးတွေလို့ ထင်ထားခဲ့တယ် CFs
လေးတွေ…အုပ်စုတိုင်းလိုလိုပဲသူတို့တွေက
ဦးဆောင်ပြီးဆွေးနွေးနေတာ..သူတို့ဆီမှာ ကျေးလက်ပြည်သူတွေ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောပြချင်နေတဲ့
အကြောင်းအရာတွေအများကြီးပဲ…..တက်တက်ကြွကြွဆွေးနွေးကြ…ပြီးတော့
အုပ်စုလိုက်ပြန်လည်တင်ပြကြတော့လည်း သူတို့လေးတွေပါပဲ….
ကျေးလက်နေပြည်သူရဲ့အခြေခံအဆောက်အဦးလိုအပ်ချက်တွေ
လူထုကိုဗဟိုပြုသောချည်းကပ်နည်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရာ
တွေ့ကြုံခဲ့ရသော စိန်ခေါ်မှုတွေ/အခက်အခဲတွေ/သူတို့
ဘယ်လိုဖြေရှင်းကျော်လွှားခဲ့ကြတယ် စသဖြင့် သူတို့အတွေ့အကြုံတွေကို
ဆွေးနွေးတင်ပြရုံသာမက နောက်ထပ် ဘယ်လိုမျိုးလုပ်ဆောင်ပေးလျှင်ပိုပြီး
ထိရောက်အောင်မြင်နိုင်ကြောင်းကိုလည်းသုံးသပ်
အကြံပြုပေးခဲ့ကြပါတယ်….ကျေးလက်နေပြည်သူတွေအတွက် သူတို့တကယ်ပဲ
အလုပ်လုပ်ပေးခဲ့နိုင်တာပဲ..လေးစားဂုဏ်ယူမိပါတယ်… အခုဆိုရင် ဒီ
ကမ္ဘာ့ဘဏ်ရဲ့ထောက်ပံကူညီမှုနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ကအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ လူထုဗဟိုပြုစီမံကိန်း ပထမနှစ်မှာ
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ထဲက ကျေးရွာပေါင်း ၁၂၃ ရွာအတွင်
စီမံကိန်းလုပ်ငန်းခွဲစုစုပေါင်း(၁၁၇)
ခုကိုကျေးရွာလူထုကိုယ်တိုင်ဦးဆောင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါပြီ..အလားတူ
ချင်းပြည်နယ်ကန်ပက်လက်မြို့နယ်က ကျေးရွာပေါင်း(၁၁၉)
ရွာမှာစီမံကိန်းလုပ်ငန်းခွဲပေါင်း (၉၇) ခု၊ တင်္နသာရီတိုင်းဒေသကြီး
ကျွန်းစုမြို့နယ်တွင်းက ကျေးရွာပေါင်း(၁၄၉)ရွာ တွင်
စီမံကိန်းလုပ်ငန်းခွဲပေါင်း(၁၄၃)
ခုကိုအောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့ပါပြီ…..ကျေးရွာတွေမှာ
စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မဲ့
လုပ်ငန်းအလိုက်ကော်မတီတွေဖွဲ့မယ်…သူတို့ရွာမှာ အကောင်အထည်ဖော်ဆောင်ရွက်မဲ့
စီမံကိန်းလုပ်ငန်းခွဲတွေကိုဦးစားပေးအလိုက်ရွေးချယ်ကြမယ်…စာသင်ကျောင်းပြုပြင်ရေးတို့/လမ်းဖောက်လုပ်ရေးတို့/ရေရရှိရေးတို့/လျှပ်စစ်မီးရရှိရေးတို့
စသဖြင့် သူတို့ရွာအတွက် လိုအပ်တဲ့
အခြေခံအဆောက်အဦးတွေပေါ့..ရွေးချယ်ထားတဲ့စီမံကိန်းလုပ်ငန်းခွဲများကို
အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်အောင် လိုအပ်သော
ပစ္စည်းဝယ်ယူရေး/ဘဏ္ဍာရေး/ပြုပြင်ထိန်းသိမ်းရေး/စောင်ကြည့်အကဲဖြတ်ရေး/အကြံပြုတိုင်ကြားဖြေရှင်းရေးစတဲ့
လုပ်ငန်းတွေကိုကျေးရွာသူကျေးရွာသားများကိုယ်တိုင် လုပ်ဆောင်နိုင်အောင်
နည်းပညာအကူအညီများကို CFs တွေကပဲ ကျေးရွာသူကျေးရွာသားများကို
အနီကပ်စည်းရုံးသင်ကြားပေးခဲ့တာပါ… CFs သူတို့တွေ ကြီုးစားခဲ့လို့လည်း
အခုလိုမျိုးကျေးရွာသူကျေးရွာ သားတွေက စီမံကိန်းလုပ်ငန်းခွဲတွေကို
အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တာပါပဲ…..စီမံကိန်း
ဒုတိယနှစ်/တတိယနှစ်များမှာလည်း တစ်နှစ်ပြီးတစ်နှစ် ရရှိလာသော
အတွေ့အကြုံများ/သင်ခန်းစာများ/အကြံအဥာဏ်များကို အခြေခံပြီး
ကျေးလက်နေပြည်သူများဖွံ့ဖြိုးတိုးတက်ရေးအတွက်
စွမ်းဆောင်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလျက်…..
No comments:
Post a Comment