Wednesday, November 21, 2012

Corruption Guidelines


IBRD ချေးငွေနှင့် IDA ထောက်ပံ့ ငွေများဖြင့် အကောင် အထည် ဖော်သော စီမံကိန်းများ အတွက်
လိမ်လည်မှုများ၊ လာဘ်စားခြင်းများ ကာကွယ် တိုက်ဖျက်ခြင်း ဆိုင်ရာ လမ်းညွှန်ချက်များ

၂ဝဝ၆ ခုနှစ် အောက်တိုဘာလ ၁၅ရက်တွင် အတည်ပြုပြီး ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ လတွင် ပြင်ဆင်သည်။

ရည်ရွယ်ချက်နှင့် အထွေထွေ စည်းမျဉ်းများ
၁။ လမ်းညွှန်ချက် များသည် International Bank for Reconstruction and Development (IBRD) or the International Development Association (IDA) တို့၏ ငွေကြေး ထောက်ပံ့မှုဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သော စီမံကိန်း လုပ်ငန်းများ ကြိုတင် ပြင်ဆင်ခြင်းနှင့် အကောင် အထည် ဖော်ခြင်း လုပ်ငန်းစဉ် များတွင် ဖြစ်ပေါ် လာနိုင်သော လိမ်လည်မှုများ၊ လာဘ်စားမှုများ ကာကွယ် တိုက်ဖျက်ရန် အတွက် ရေးသား ထားခြင်း ဖြစ်သည်။ လမ်းညွှန်ချက် များတွင် ရရှိလာ သော ငွေကြေး များနှင့် စပ်လျဉ်းပြီး ရယူ သုံးစွဲနိုင်သော သို့မဟုတ် လွှမ်းမိုး နိုင်သော၊ အပ်နှံခွင့် ရှိသော၊ လွှဲပြောင်းခွင့် ရှိသော လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများ လိုက်နာရမည့် အထွေထွေ စည်းမျဉ်းများ၊ လိုအပ်ချက်များ နှင့် ကန့်သတ်ချက်များ ချမှတ်ထားသည်။
၂။ အထက် အပိုဒ် () တွင် အကျုံးဝင်သော လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း များသည် ကျင့်ဝတ် သိက္ခာပိုင်း ဆိုင်ရာ အကောင်းမွန်ဆုံး အနေအထားတွင် ရှိရမည်။ အထူးသဖြင့် ထို လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း များသည် လိမ်လည်မှုများ၊ လာဘ်စားခြင်းများ ကာကွယ် တိုက်ဖျက်ခြင်း အတွက် အသုံးပြု ရမည့် နည်းလမ်းများ အားလုံးကို အစွမ်းကုန် အသုံးချ ဆောင်ရွက် သွားရမည့် အပြင် IBRD or IDA ထောက်ပံ့ငွေကို ရယူ သုံးစွဲသည့် အဖွဲ့အစည်း/ လူပုဂ္ဂိုလ် များသည် လိမ်လည်မှုများ၊ လာဘ်စားခြင်း က္စိရပ်များ နှင့် ပတ်သက်မှု မရှိအောင် ရှောင်ကြဉ်ရမည်။


ဥပဒေရေးရာ စဉ်းစားရမည့် အချက်များ
၃။ ချေးငွေ ရရှိရန်အတွက် ပြုလုပ်သော ချေးငွေ ပေးအပ်ခြင်း ဆိုင်ရာ သဘော တူညီချက်သည် ချေး ယူသူ နှင့် ဘဏ် အကြား ချေးငွေ ထုတ်ချေးသော သက်ဆိုင်ရာ စီမံကိန်း အတွက် ဥပဒေ အရ ပတ်သက် ဆက်နွယ်မှုကို လွှမ်းမိုးသည်။ ချေးငွေ ပေးအပ်ခြင်း ဆိုင်ရာ သဘော တူညီချက် အရ ချေးငွေများ သုံးစွဲခြင်း အပါအဝင် စီမံကိန်း အကောင်အထည် ဖော်ခြင်းသည် ချေးငွေ လက်ခံသူ၏ တာဝန် ဖြစ်သည်။ ဘဏ် အနေဖြင့် ယခု သဘော တူညီချက် အောက်တွင် တာဝန် ရှိသည်မှာ ပေးအပ် လိုက်သော ချေးငွေများသည် နှစ်ဘက် ကြိုတင် သတ်မှတ် ထားသည့် လုပ်ငန်းများ အတွက်သာ စီမံ အသုံးပြုရန် ဖြစ်ပြီး နိုင်ငံရေး နှင့် အခြား စီးပွားရေး မဟုတ်သော လွှမ်းမိုးမှုများ၊ စဉ်းစား ချက်များ ကို ထည့်သွင်း စဉ်းစားခြင်း မပြုဘဲ ကုန်ကျ စရိတ် သက်သာခြင်းနှင့် စွမ်းဆောင်ရည် ကောင်းမွန်ခြင်း အပေါ်တွင်သာ အဓိကထား စဉ်းစားရန် ဖြစ်သည်။ လမ်းညွှန်ချက် များတွင် ဖော်ပြပါ အစီအမံ များ၏ အရေးကြီးသော အစိတ်အပိုင်းများ ပါဝင်ပြီး ချေးငွေ သဘော တူညီချက်၌ ပါဝင်သည့် အတိုင်း စီမံကိန်း ပြင်ဆင်ရေး နှင့် အကောင်အထည် ဖော်ရေး အတွက် အသုံး ပြုနိုင်အောင် ရေးဆွဲ ထားသည်။


လမ်းညွှန်ချက်များ အသုံးပြုနိုင်မည့် ကိစ္စရပ်များ
၎။ လမ်းညွှန်ချက်များ ဆိုင်ရာ သတ်မှတ်ချက် များတွင် ဘဏ် မှ အပြည့် အဝ သို့မဟုတ် တစိတ် တပိုင်း ထောက်ပံ့ ပေးမည့် စီမံကိန်း ပြင်ဆင်ရေး နှင့် အကောင်အထည် ဖော်ရေး လုပ်ငန်းများတွင် တွေ့ရှိ ရနိုင်သော လိမ်လည်မှုများ၊ လာဘ်စားခြင်းများ ရန်မှ ကာကွယ်မည့် နည်းလမ်းများ ပါဝင်သည်။ ထို့ပြင် လမ်းညွှန်ချက် များတွင် ရရှိ လာသော ချေးငွေ များကို အကျုံး မဝင်သော အသုံး စရိတ် များတွင် ကျခံ သုံးစွဲခြင်း ကဲ့သို့သော လိမ်လည်မှုများ လာဘ်စားခြင်း များ အပြင် ရရှိ လာသော ချေးငွေများကို မသမာသော နည်းဖြင့် လိမ်လည် သုံးစွဲရန် မလျော် သြဇာ သုံးစွဲခြင်း များကို ကာကွယ် နိုင်မည့် နည်းလမ်းများ ပါဝင်သည်။ လိမ်လည်မှုများ၊ လာဘ်စားခြင်း များသည် ချေးငွေများ အသုံးပြုခြင်း နှင့် ဆက်စပ်ပြီး ကြုံတွေ့ ရနိုင်သည့် အတွက် လမ်းညွှန်ချက် များကို ချမှတ် ရခြင်း ဖြစ်သည်။
၅။ လမ်းညွှန်ချက် များသည် ငွေချေးယူသူ အပါအဝင် ယခု ချေးငွေ၏ တစိတ်တပိုင်းဖစ်စေ၊ အားလုံး ဖြစ်စေ အသုံးပြုခွင့် ရသူ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများ၊ ချေးငွေများကို အပ်နှံခြင်း၊ လွှဲပြောင်းခြင်း နှင့် စပ်ဆိုင်သော ငွေကြေး ကဏ္ဍ ဆိုင်ရာ တာဝန်ရှိသူ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများ ( ချးငွေကို ခံစားခွင့် ရှိသူ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ) ချးငွေ သုံးစွဲရန် ဆုံးဖြတ်ချက်ကို လွှမ်းမိုး နိုင်သူ၊ သို့မဟုတ် ဆုံးဖြတ်ချက် ချမှတ်နိုင်သူ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့ အစည်းများ အားလုံးနှင့် သက်ဆိုင်သည်။ အဆိုပါ ပုဂ္ဂိုလ် အားလုံးသည် ငွေကြေးကို လက်ဝယ် ရရှိသည် ဖြစ်စေ၊ မရရှိသည် ဖြစ်စေ လမ်းညွှန်တွင် ချေးငွေ လက်ခံ ရရှိသူဟု ရည်ညွှန်း သုံးစွဲ သွားမည် ဖြစ်သည်။
၆။ ဘဏ်မှ ရရှိသော ချေးငွေ များဖြင့် ဆောင်ရွက်သော ကုန်စည်၊ စက်ကိရိယာ များနှင့် ဝန်ဆောင်မှုများ ရယူ/ ဝယ်ယူ သုံးစွဲ နိုင်ရန် အတွက် ကန်ထရိုက် စာချုပ် ချုပ်ဆိုခြင်း၊ အကောင် အထည် ဖော်ခြင်း လုပ်ငန်းစဉ် များတွင် တွေ့ကြုံ ရနို်င်သော လိမ်လည်မှုများ၊ လာဘ်စားခြင်း ဆိုင်ရာ ဘဏ်၏ တိကျသော မူဝါဒများကို ဝယ်ယူရေး လမ်းညွှန်ချက်များ၊ အကြံပေးခြင်း ဆိုင်ရာ လမ်းညွှန်ချက်များ တွင် ဖော်ပြ ထားပါသည်။


လိမ်လည်မှုများ၊ လာဘ်စားခြင်း ဆိုင်ရာ ကိစ္စရပ်များတွင် အကျုံးဝင်သော စကားရပ်များ အတွက် အဓိပ္ပါယ် ဖွင့်ဆိုချက်
၇။ လမ်းညွှန်ချက် များသည် ချေးငွေ လက်ခံ ရရှိသူ အနေဖြင့် အဆိုပါ ချေးငွေများ အသုံး ပြုသည့် အခါ တွေ့ကြုံ ရမည့် အောက်ဖော်ပြပါ လုပ်ဆောင်မှုများကို ဖြေရှင်းနိုင်မည် ဖြစ်ပါသည် -
(က) လာဘ်စားခြင်း ဆိုသည်မှာ အခြားသူ တစ်ဦးဦး၏ အပြုအမူကို လွှမ်းမိုး လိုသည့် ရည်ရွယ်ချက် မဟုတ်မမှန်သည့် နည်းလမ်းဖြင့် တန်ဖိုးရှိသော အရာ တစ်ခုခုကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ပေးအပ်ခြင်း၊ လက်ခံခြင်း၊ တောင်းဆိုခြင်း၊
() လိမ်လည်ခြင်း ဆိုသည်မှာ ငွေကြေး သို့မဟုတ် အခြား အကျိုးအမြတ် တစ်စုံ တစ်ရာ ရရှိရန် သို့မဟုတ် တာဝန် ရှောင်လွှဲရန် ရည်ရွယ် ပြုမူသော သို့မဟုတ် ရှောင်ဖယ်သော မည်သည့် အပြုအမူကို မဆို ခေါ်သည်။ ယင်း စကားရပ်တွင် တစ်စုံ တစ်ဦးအား မဟုတ် မမှန်ကြောင်း သိလျက်နှင့် သို့မဟုတ် ဂရု မပြုဘဲ လိမ်လည် အယောင် ဆောင်ခြင်း၊ သို့မဟုတ် အယောင်ဆောင် လိမ်လည်ရန် ကြိုးစားခြင်း များ ပါဝင်သည်၊
() မကောင်းမှု အတွက် လျှို့ဝှက် ကြံစည်ခြင်း ဆိုသည်မှာ နှစ်ဦး သို့မဟုတ် နှစ်ဦးထက် ပိုသော သူများ ကြားတွင် အခြားသူ တစ်ဦးဦး၏ လုပ်ရပ်ကို မသင့် မလျော် လွှမ်းမိုး နိုင်ရန် မသင့်လျော်သော ရည်ရွယ်ချက်ဖြင့် စီစဉ်ခြင်း၊
() နိုင့်ထက် စီးနင်း ပြုမူခြင်း ဆိုသည်မှာ အခြားသူ တစ်ဦးဦး၏ လုပ်ရပ်ကို လွှမ်းမိုးနိုင်ရန် အခြားသူ တစ်ဦးဦး သို့မဟုတ် အခြားသူ တစ်ဦးဦး၏ ပိုင်ဆိုင်မှုကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ပျက်စီးရန် သို့မဟုတ် အန္တရာယ် ဖြစ်စေရန် ခြိမ်းချောက်ခြင်း သို့မဟုတ် သွယ်ဝိုက် ပျက်စီးစေခြင်း သို့မဟုတ် အန္တရာယ် ဖြစ်စေခြင်း၊
() တားဆီး ပိတ်ဆို့ခြင်း ဆိုသည်မှာ
() လာဘ်စားခြင်း၊ လိမ်လည်ခြင်း၊ မကောင်းမှု ပြုလုပ်ရန် လျှို့ဝှက်ကြံစည်ခြင်း၊ နိုင့်ထက် စီးနင်း ပြုမူခြင်းများ အတွက် ဘဏ်၏ စုံစမ်းစစ် ဆေးမှုများကို နှောင့်နှေးစေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် သက်သေခံ တင်သွင်းခြင်း၊ သို့မဟုတ် သက်သေခံ ပစ္စည်းကို ဖုံးကွယ်ခြင်း၊ ပြောင်းလဲခြင်း၊ မှားယွင်းစေ ရန်ပြုမူခြင်း၊ ဖျက်စီးခြင်း သို့မဟုတ် စုံစမ်း စစ်ဆေးခြင်း ဆက်လက် လုပ်ဆောင်ခြင်းမှ တားဆီးရန် အတွက် တစ်စုံ တစ်ဦး အား သိရှိ ထားသည်များကို ဖွင့်ဟ ပြောဆိုခြင်းမှ တားမြစ်ရန်အတွက် ခြိမ်းချောက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ကြောက်ရွံ့အောင် ပြုလုပ်ခြင်း။
() ဘဏ်၏ လုပ်ပိုင်ခွင့် ဖြစ်သော စာရင်း စစ်ဆေးခြင်း၊ သတင်း အချက် အလက်များ တောင်းဆိုခြင်း များကို သိသိ သာသာ နှောင့်နှေးစေရန် ရည်ရွယ် ချက်ဖြင့် ပြုလုပ်ခြင်း။
၈။ အထက်တွင် အဓိပ္ပါယ် ဖွင့်ဆို ခဲ့သော အမူအကျင့်များကို စုစည်း လိမ်လည်မှုများ၊ လာဘ်စား ခြင်းများဟု ခေါ်ဆိုနိုင်သည်။


ချေးငွေများ သုံးစွဲရာတွင် လိမ်လည်မှုများနှင့် လာဘ်စားခြင်းများ ကာကွယ် တိုက်ဖျက်ရန် ငွေချေးယူသူ၏ လုပ်ဆောင်ရန် တာဝန်များ
၉။ အထက်တွင် ဖော်ပြခဲ့သော ရည်ရွယ်ချက်နှင့် အထွေထွေ စည်းမျဉ်းများ အပြင် ငွေချေးယူသူ သည် -
(က) ချေးငွေများ သုံးစွဲရာတွင် ဖြစ်ပေါ် လာနိုင်သော လာဘ်စားခြင်း၊ လိမ်လည်ခြင်း၊ မကောင်း မှုအတွက် လျှို့ဝှက် ကြံစည်ခြင်း၊ နိုင့်ထက် စီးနင်း ပြုမူခြင်းများ၊ ပိတ်ပင် တားဆီးမှု များကို ကာကွယ်နိုင်ရန် သင့်လျော်သော နည်းလမ်းများ အားလုံးကို အသုံးပြု သွားရန်၊ ယင်းတို့တွင်-
() ချေးငွေများကိုတ်ချေးလိုက်သည့် လုပ်ငန်းအတွက်သာ သုံးစွဲစေရေး ယုံကြည် စိတ်ချရသော စီမံ အုပ်ချုပ်မှု နည်းလမ်းများနှင့် အဖွဲ့အစည်း ဆိုင်ရာ အစီအစဉ် များကို အသုံးပြုခြင်း၊
() စီမံကိန်းတွင် ပါဝင်သူများ အားလုံး၊ စီမံကိန်းနှင့် သက်ဆိုင်သော သဘောတူညီ ချက်တွင် ပါဝင်သည့် ချေးငွေ လက်ခံ ရရှိမည့်သူ အားလုံးသည် ယခု လမ်းညွှန်ချက် မိတ္တူ တစ်စောင်ကို ရရှိ စေရန်နှင့် ပါဝင်သော အချက်များကို သိရှိစေရေး ဆောင်ရွက်ရန်၊
() ချေးငွေ ရယူသုံးစွဲမှု နှင့် ဆက်စပ်ပြီး လာဘ်စားခြင်း၊ လိမ်လည်ခြင်း တစ်စုံတစ်ရာ ပေါ်ပေါက် လာသည်ဟု သိလျင် သိခြင်း ဘဏ်သို့ ချက်ခြင်း အစီရင်ခံ သွားရန်၊
() အထက် အပိုဒ် (က) ပါ ပုဂ္ဂိုလ် တစ်ဦးဦးသည် လာဘ်စားခြင်း၊ လိမ်လည်ခြင်း၊ မကောင်းမှု အတွက် လျှို့ဝှက် ကြံစည်ခြင်း၊ နိုင့်ထက် စီးနင်း ပြုမူခြင်းများ၊ ပိတ်ပင် တားဆီးမှု များတွင် ပါဝင် ပတ်သက် နေသည်ဟု သိရှိရပါက ဖြေရှင်းနိုင်ရန် အလို့ငှာ ဘဏ်မှ ကျေနပ် လောက်သည် အထိ သင့်တော်သော အရေးယူမှုများ အချိန်မီ ဆောင်ရွက် သွားရန်၊
() လမ်းညွှန်ချက်များ အားလုံးကို ထိထိရောက်ရောက် ဆောင်ရွက် နိုင်ရန် ချေးငွေ ရရှိသူ များနှင့် သဘော တူညီချက် ထဲတွင် အောက်ဖော်ပြပါ အချက်များ ထည့်သွင်း သွားရန် လိုအပ် ပါသည် -
() ယခု လမ်းညွှန်ချက်၏ စာပိုဒ် ၁ဝ ပါ အချက်များ အားလုံးကို လိုက်နာ သွားရန်၊
() ချေးငွေ လက်ခံရရှိသူများ အနေဖြင့် ဘဏ်၏ ကိုယ်စားလှယ်များ (သို့မဟုတ်) ဘဏ်မှ စာရင်း စစ်ဆေး လိုသည့် အခါတွင် ချေးငွေ သဘော တူညီချက်တွင် ပါဝင်သော စီမံကိန်းနှင့် သက်ဆိုင်သော စာရွက် စာတမ်းများ အားလုံးနှင့် စာရင်း မှတ်တမ်းများအား စစ်ဆေးခွင့် ပြုရန်၊
() အောက်တွင် ဖော်ပြ ထားသော စာပိုဒ် ၁၁ ပါ အချက်များ အရ အကယ်၍ ငွေလက်ခံသူ (အစိုးရ) သည် တရား မဝင်တော့ကြောင်း ဘဏ်မှ ကြေညာသည့် အခါတွင် လူထုသို့ တိုက်ရိုက် ထောက်ပံ့သည့် ငွေကို ရပ်တန့်ခြင်း သို့မဟုတ် ရွှေ့ဆိုင်း ထားခြင်းကို ငွေချေးယူသူများ အနေဖြင့် လက်ခံ သွားရန်၊
() လာဘ်စားခြင်း၊ လိမ်လည်ခြင်း များနှင့် စပ်လျဉ်းသော ချေးငွေ ပမာဏအား ငွေချေးယူသူမှ ဘဏ်သို့ ပြန်လည် ပေးဆပ်ရန်၊
() ချေးငှား ထားသော ငွေနှင့် ပတ်သက် လာဘ်စားခြင်း၊ လိမ်လည်ခြင်းများ ဖြစ်ပွား စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သည့် အခါ ဘဏ်၏ ကိုယ်စားလှယ် နှင့် ပူးပေါင်း ဆောင်ရွက် သွားရန်၊
() အောက်တွင် ဖော်ပြ ထားသော စာပိုဒ် ၁၁ ပါ အချက်များ အရ အကယ်၍ ငွေ လက်ခံသူ (အစိုးရ) သည် တရား မဝင်တော့ကြောင်း ဘဏ်မှ ကြေညာသည့် အခါတွင် အဆိုပါ ကြေငြာချက် အတိုင်း အပြည့် အဝ အရေးယူ ဆောင်ရွက် နိုင်ရန် အတွက် လိုအပ် သင့်တ်ာသည့် လုပ်ဆောင် ဖွယ်ရာများ အားလုံးကို ဆောင်ရွက် ရမည်။ ယင်း တို့တွင်-
() ငွေ လက်ခံ ရရှိသူ (အစိုးရ) နှင့် ငွေ ချေးယူသူ တို့အကြား ချုပ်ဆို ထားသည့် သဘော တူညီချက်ကို ပြန်လည် ရုပ်သိမ်းခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်း ပြုလုပ် နိုင်သည့် ငွေ ချေးယူသူ၏ အခွင့် အရေးကို ကျင့်သုံးရန်၊
() ဆုံးရှုံးသည့် ပမာဏကို ပြန်လည် ပေးလျော် စေရန်၊


အခြား ချေးငွေ လက်ခံ ရရှိ သူများ
၁ဝ။ ဖ်ာပြခဲ့သော ရည်ရွယ်ချက်နှင့် အထွေထွေ စည်းမျဉ်းများ အပြင် ငွေလက်ခံသူနှင့် စီမံကိန်းနှင့် စပ်လျဉ်း သဘော တူညီချက် ပြုလုပ် ထားသော အခြားသော ငွေချေးယူသူများသည်-
(က) စီမံကိန်းနှင့် စပ်ဆိုင်သော လုပ်ငန်းရပ်များ ဆောင်ရွက် ရာတွင် အထက် ဖော်ပြပါ အထွေထွေ စည်းမျဉ်း များနှင့် စာပိုဒ် () ပါ ချေးယူသူနှင့် ချုပ်ဆို ထားသော သဘော တူညီချက်များ၊ အခြားသော ချေးငွေ လက်ခံရရှိသူများနှင့် ပြုလုပ် ထားသော သဘော တူညီချက် များတွင် ပါဝင်သော အချက်များ အားလုံးကို လိုက်နာ ဆောင်ရွက် သွားရန် တာဝန် ရှိသည်၊
() ချေးငွေ ရယူ သုံးစွဲမှုနှင့် ဆက်စပ်ပြီး လာဘ်စားခြင်း၊ လိမ်လည်ခြင်း တစ်စုံတစ်ရာ ပေါ်ပေါက် လာသည်ဟု သိလျင် သိခြင်း ဘဏ်သို့ ချက်ခြင်း အစီရင်ခံရန်၊
() ထုတ်ချေး ထားသော ငွေနှင့် ပတ်သက် လာဘ်စားခြင်း၊ လိမ်လည်ခြင်းများ ဖြစ်ပွား စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သည့် အခါ ဘဏ်၏ ကိုယ်စားလှယ်နှင့် ပူးပေါင်း ဆောင်ရွက်ရန်၊
() ချေးငွေများ သုံးစွဲရာတွင် ဖြစ်ပေါ် လာနိုင်သော လာဘ်စားခြင်း၊ လိမ်လည်ခြင်း၊ မကောင်းမှု အတွက် လျှို့ဝှက် ကြံစည်ခြင်း၊ နိုင့်ထက် စီးနင်း ပြုမူခြင်းများ၊ ပိတ်ပင်တား ဆီးမှု များကို ကာကွယ် နိုင်ရန် အတွက် သင့်လျော်သော နည်းလမ်းများ အားလုံးကို အသုံးပြု သွားရန်၊ ယင်းတို့တွင်-
() ချေးငွေများကိုတ်ချေး လိုက်သည့် လုပ်ငန်း အတွက်သာ သုံးစွဲ စေရေး ယုံကြည် စိတ်ချ ရသော စီမံ အုပ်ချုပ်မှု နည်းလမ်းများနှင့် အဖွဲ့ အစည်း ဆိုင်ရာ အစီအစဉ် များကို အသုံး ပြုခြင်း၊
() စီမံကိန်းတွင် ပါဝင်သူများ အားလုံး၊ စီမံကိန်းနှင့် သက်ဆိုင်သော သဘော တူညီချက်တွင် ပါဝင်သည့် ချေးငွေ လက်ခံ ရရှိမည့်သူ အားလုံးသည် ယခု လမ်းညွှန်ချက် မိတ္တူ တစ်စောင်ကို ရရှိစေရန်နှင့် ပါဝင်သော အချက်များကို သိရှိ စေရေး ဆောင်ရွက်ရန်၊
() ချေးငွေ လက်ခံ ရရှိသူ၏ ကိုယ်စားလှယ် တစ်ဦးဦးသည် အောက်စာပိုဒ် ၁၁ ပါ အတိုင်း တရားမဝင်ဟု ဘဏ်က ကြေညာသည့် အခါ အဆိုပါ ကြေငြာချက်နှင့် စပ်လျဉ်းသော လိုအပ် သလို လုပ်ဆောင် ရမည်။ ဥပမာ - စီမံကိန်းတွင် ပေးအပ် ထားသော ယင်း ကိုယ်စားလှယ်၏ တာဝန် အားလုံးနှင့် လုပ်ပိုင်ခွင့် အားလုံးကို ရုပ်သိမ်းရန်၊ အကယ် ဘဏ်မှ တောင်းဆိုပါက သို့မဟုတ် လုပ်ဆောင် သင့်သည်ဟု ယူဆ ပါက ယင်း ကိုယ်စားလှယ်နှင့် ချုပ်ဆို ထားသော စာချုပ်ကို ဖျက်သိမ်းရန်၊
() အောက်တွင် ဖော်ပြ ထားသော စာပိုဒ် ၁၁ ပါ အချက်များ အရ အကယ်၍ စီမံကိန်းနှင့် သက်ဆိုင်သော သဘော တူညီချက်တွင် ပါဝင်သည့် ချေးငွေ လက်ခံ ရရှိမည့်သူ တစ်ဦး တစ်ယောက် သို့မဟုတ် အဖွဲ့အစည်းသည် တရား မဝင်တော့ကြောင်း ဘဏ်က ကြေညာသည့် အခါတွင် အဆိုပါ ကြေငြာချက် အတိုင်း အပြည့်အဝ အရေးယူ ဆောင်ရွက် နိုင်ရန် အတွက် လိုအပ် သလို လုပ်ဆောင် ဖွယ်ရာများ အားလုံးကို ဆောင်ရွက် ရမည်။ ယင်းတို့တွင်-
() ငွေထုတ်ချေးသူ ဘဏ်၏ အခွင့် အရေး အတိုင်း ချေးငွေကို ရုပ်သိမ်းခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်း
() ဆုံးရှုံးသည့် ပမာဏအား ပြန်လည် ပေးလျော် စေရန်၊

လိမ်လည်မှုများ၊ လာဘ်စားခြင်းများ ဖြစ်ပေါ်သည့် အခါတွင် တားမြစ် ပိတ်ပင် ခြင်းနှင့် အခြား အရေး ယူခြင်းများ
၁၁။ အထက် ဖော်ပြပါ ရည်ရွယ်ချက် နှင့် အထွေထွေ စည်းမျဉ်းများ အပြင် ဘဏ်သည် သက်ဆိုင်ရာ အဖွဲ့ဝင် နိုင်ငံ အပြင် ပုဂ္ဂိုလ် တစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်း တစ်ခု အပေါ်တွင် ဘဏ်၏ ချမှတ် ထားသော တားမြစ် ပိတ်ပင်မှု မူဝါဒများ၊ လုပ်ထုံး လုပ်နည်းများ နှင့် အညီ တားမြစ် ပိတ်ပင် ပိုင်ခွင့် ရှိသည်။ ဥပမာ - ပုဂ္ဂိုလ် တစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်း တစ်ခုသည် သတ်မှတ် ကာလ တစ်ခု အထိ သို့မဟုတ် ကာလ အပိုင်း အခြားမဲ့ အရည် အချင်း ပျက်ယွင်း သည်ဟု အများ ပြည်သူ သိရှိအောင် ကြေငြာ ခံရသည့် အခါ () ဘဏ်မှ ငွေကြေး အထောက် အပံ့ ပေးသော ကန်ထရိုက် လုပ်ငန်း တစ်ခု ရရှိမည့် အခါ၊ () ဘဏ်မှ ငွေကြေး အထောက် အပံ့ ပေးသော လုပ်ငန်း တစ်ခုမှ ငွေကြေး သော်လည်းကောင်း၊ လက်ခွဲ ကန်ထရိုက် ရရှိခြင်း စသည့် အခြား တစ်နည်းနည်းဖြင့် သော်လည်းကောင်း၊ အကျိုး အမြတ် တစ်စုံ တစ်ရာ ရရှိသည့် အခါ၊ () ဘဏ်မှ ငွေကြေး အထောက် အပံ့ အပြည့် အဝ ပေးသော သို့မဟုတ် တစိတ်တပိုင်း ပေးသော စီမံကိန်း လုပ်ငန်း တစ်ခုခု၏ ကြိုတင် ပြင်ဆင်ခြင်း၊ အကောင် အထည်ဖော်ခြင်း လုပ်ငန်းများ တွင် ပါဝင် ဆောင်ရွက် နေသည့် အခါ-
(က) စီမံကိန်း ငွေကြေးများကို သုံးစွဲ၍ လာဘ်စားခြင်း၊ လိမ်လည်ခြင်း၊ မကောင်းမှု အတွက် လျှို့ဝှက် ကြံစည်ခြင်း၊ နိုင့်ထက် စီးနင်း ပြုမူခြင်းများ၊ ပိတ်ပင် တားဆီးမှုများတွင် ပါဝင် ပတ်သက် နေသည်ဟု ဘဏ်က ဆုံးဖြတ်သည့် အခါ၊
() ဘဏ်နှင့် သဘော တူညီချက်၏ ပြုလုပ် ထားသည့် အခြား ငွေကြေး အဖွဲ့အစည်း တစ်ခုခုမှ နေ တစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်း တစ်ခုသည် ၎င်းတို့ အဖွဲ့အစည်းမှ ငွေကြေး အထောက်အပံ့ အပြည့် အဝ ပေးသော သို့မဟုတ် တစိတ် တပိုင်း ပေးသော စီမံကိန်း လုပ်ငန်း တစ်ခုခုတွင် လာဘ်စားခြင်း၊ လိမ်လည်ခြင်း၊ မကောင်းမှု အတွက် လျှို့ဝှက် ကြံစည်ခြင်း၊ နိုင့်ထက် စီးနင်း ပြုမူခြင်းများ၊ ပိတ်ပင် တားဆီးမှု များတွင် ပါဝင် ပတ်သက် နေသည်ဟု ဆုံးဖြတ်သည့် အခါတွင် သော်လည်းကောင်း၊ အဆိုပါ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း များသည် အထောက်အပံ့ ရရှိရန် အတွက် အရည် အချင်း ပျက်ယွင်း သည်ဟု ကြေငြာ ခံရသည့် အခါတွင် သော်လည်းကောင်း၊ ကြိုတင် ပြင်ဆင်ခြင်း၊ အကောင် အထည် ဖော်ခြင်း လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ရန် အရည် အချင်း ပျက်ယွင်းသည်ဟု ကြေငြာ ခံရသည့် အခါတွင် သော်လည်းကောင်း၊
() လူပုဂ္ဂိုလ် တစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်း တစ်ခုသည် ကမ္ဘာ့ဘဏ် အုပ်စု၏ အစုအဖွဲ့ အလိုက် ဝယ်ယူရေးနှင့် ဆက်စပ်ပြီး လာဘ်စားခြင်း၊ လိမ်လည်ခြင်း များနှင့် စပ်လျဉ်း တာဝန်မရှိဟု ဘဏ်၏ အထွေထွေ ဝန်ဆောင်မှု ဌာနက စစ်ဆေး တွေ့ရှိ သည့် အခါ၊


အထွေထွေ
၁၂။ ဤ လမ်းညွှန်တွင် ဖော်ပြ ထားချက် များသည် ငွေချေးယူမှု သဘော တူညီချက် သို့မဟုတ် ဘဏ် နှင့် ငွေချေး ယူသူ နှစ်ဦး စလုံး ပါဝင်သော မည်သည့် မှတ်တမ်း များတွင် မဆို ဖော်ပြ ထားသည့် ဘဏ် သို့မဟုတ် ငွေချေး ယူသူ၏ အခွင့် အရေးများ၊ ကုစားမှုများ သို့မဟုတ် တာဝန် ရှိမှု များကို ကန့်သတ်ခြင်း မရှိ စေရ။

Referencehttp://siteresources.worldbank.org/INTLEGSTAFONLY/Resources/AnticorruptionGuidelinesOct2006RevisedJan2011.pdf

No comments:

Post a Comment