Monday, November 19, 2012

လူထု ဗဟိုပြု ဖွံ့ဖြိုးရေး စီမံကိန်း Community Driven Development Project – CDD Project


လူထု ဗဟိုပြု ဖွံ့ဖြိုးရေး စီမံကိန်း Community Driven Development Project – CDD Project
အမျိုးသားအဆင့် ကျေးလက် လူထု ဗဟိုပြု ဖွံ့ဖြိုးရေး စီမံကိန်း ကို ကမ္ဘာ့ဘဏ်က ထောက်ပံ့သော ငွေ အမေရိကန် ဒေါ်လာ သန်းပေါင်း ၈၀ ဖြင့် ဆောင်ရွက်သည်။

စီမံကိန်း ရည်ရွယ်ချက်
အဓိက ရည်ရွယ်ချက်သည် ဆင်းရဲ နွမ်းပါးသော ကျေးလက်နေ ပြည်သူတို့ အခြေခံ အဆောက် အဦများကို ရယူ သုံးစွဲ နိုင်စေရန် ပြည်သူ အခြေပြု ချဉ်းကပ်မှု ပုံစံ ဖြစ်သည်။ ကျေးလက်နေ ပြည်သူ တို့ကို သူတို့ အတွက် အလိုအပ်ဆုံး ဖြစ်သော ဘက် တွင် ရင်းနှီး မြှုပ်နှံနိုင် စေမည် ဖြစ်သည်၊ ဥပမာ - လမ်း၊ တံတား၊ ရေသွင်း မြောင်း၊ ကျောင်း၊ ဆေးခန်း၊ ကျေးလက်ဈေး စသည်။


ဆင်းရဲ နွမ်းပါးသော ပြည်သူတို့ အတွက် ဆောင်ရွက်မည့် ပုံစံ
ကျေးလက် ပြည်သူတို့ (ရွာသူ ရွာသားများ) သည် မိမိ ဖွံ့ဖြိုးရေး ကိစ္စကို မိမိ ကိုယ်တိုင် လုပ်ဆောင်ခွင့် ရမည် ဖြစ်သည်။ ဤစိမံကိန်းက
(က) ကျေးလက် ပြည်သူတို့ ရွေးချယ်သော ကျေးလက် အခြေခံ အဆောက်အဦ အတွက် ငွေကြေး ထုတ်ပေးမည်၊
() ကျေးလက် ပြည်သူများကို ဒေသ အာဏာပိုင်များ နှင့် ထိရောက်စွာ ပေါင်းစပ်၍ မိမိတို့ လိုလားသော ဖွံ့ဖြိုးမှု ဦးစားပေး အစဉ်ကို ရွေးချယ်တတ်၊ စီမံတတ်၊ အကောင်အထည် ဖေါ်တတ် စေရန် လေ့ကျင့် သင်ကြား ပေးမည်၊
() နွမ်းပါးသူ၊ ထိခိုက်လွယ် အုပ်စု (အားနည်းသူများ) ယောက်ျားရော မိန်းမများ ပါ စီမံကိန်း စက်ဝန်း တလျှောက်လုံး ပါဝင် နိုင်စေလိမ့်မည်။


စီမံကိန်း၏ အကျိုးကို ခံစား ရမည့်သူ
စီမံကိန်းက ပြည်ထောင်စု နယ်မြေ/ တိုင်းဒေသကြီး ၇ ခု/ ပြည်နယ် ၇ ခု မှ ၁ မြို့နယ်စီဖြင့် ၁၅ မြို့နယ်ရှိ (ခန့်မှန်း ကျေးရွာ အုပ်စုပေါင်း ၆၄၀ ခန့်) ကျေးရွာ အုပ်စုတိုင်းကို တစ်နှစ် အမေရိကန် ဒေါ်လာ ၂၇၀၀၀ ဖြင့် ၃ နှစ် ဆက်တိုက် ထောက်ပံ့ ပေးမည် ဖြစ်သည်။


ရန်ပုံငွေ ချထား ပေးမည့် ပုံစံ
စုစုပေါင်း ချထား ရန်ပုံငွေ သည် အမေရိကန် ဒေါ်လာ ၈၆(ဒသမ)၃ သန်း ဖြစ်သည်။ IDA pre-arrears clearance grant အမေရိကန် ဒေါ်လာ သန်း ၈၀ နှင့် အစိုးရ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၆(ဒသမ)၃ သန်း ဖြစ်သည်။



စီမံကိန်း အစိတ်အပိုင်းများ
စီမံကိန်းတွင် အောက်ပါအတိုင်း အစိတ်အပိုင်း () ခု ပါဝင်သည်၊ စီမံကိန်း ကာလ () နှစ် ခန့် ကြာမြင့်မည် ဖြစ်သည်-
(က) ကျေးလက် လူထုသို့ ချထား ပေးငွေ
() (လူထု) စည်းရုံးရေး နှင့် လေ့ကျင့် သင်ကြားရေး
() ဗဟုသုတ ရရှိစေခြင်း နှင့် သင်ယူ လေ့လာခြင်း
() လုပ်ငန်း အကောင် အထည် ဖေါ်ရန် အထောက် အပံ့
() အရေးပေါ် အခြေ အနေ အတွက် တုန့်ပြန်မှု
အစိတ်အပိုင်းများ တိုင်းတွင် ကျားမ အခွင့်အရေး တန်းတူ ရရှိစေရန် နှင့် အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင် ပေးရန် ဟူသော ကိစ္စရပ် ပါဝင်မည် ဖြစ်သည်။


စီမံကိန်း အကောင်အထည် ဖေါ်မည့် ပုံစံ
အဓိက ဆုံးဖြတ် (ရွေးချယ်) သူသည် ကျေးရွာ အုပ်စု ဖိုရမ် (အစုအဖွဲ့ ဆွေးနွေးပွဲ) နှင့် ကျေးရွာ လုပ်ငန်း အကောင် အထည် ဖေါ်ရေး ကော်မတီများ ဖြစ်သည်။ ဖိုရမ်များ နှင့် ကော်မတီများသည် ရရှိ လာသော ရန်ပုံငွေကို စီမံ ခန့်ခွဲရေး၊ ပစ္စည်း ဝယ်ယူရေး အစရှိသည် တို့တွင် တာဝန် ရှိမည် ဖြစ်သည်။ နယ်စပ် ရေးရာ ဝန်ကြီး ဌာန အောက်ရှိ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသည် စီမံကိန်း အကောင်အထည်ရေး ဌာန ဖြစ်သည်။ နိုင်ငံခြား ထောက်ပံ့ငွေ စီမံ ခန့်ခွဲရေး လုပ်ငန်း ကော်မတီသည် စီမံကိန်း ဦးဆောင် ကော်မတီ ဖြစ်သည်။

No comments:

Post a Comment