Monday, April 8, 2013

ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ကိုးရီးယားအဖွဲ့လာရောက် တွေ့ဆုံ


https://mail.google.com/mail/u/0/images/cleardot.gif
နေပြည်တော်၊ ဧပြီ ၅ 


လူထုအခြေပြုကျးလက်ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း အကောင်အထည်ဖာ် ဆောင်ရွက်ရာတွင် စီမံကိန်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ သိရှိလိုခြင်းနှင့် လိုအပ်ပါက တတ်နိုင်သည့်ဘက်မှ ကူညီ သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကိုရီးယားနိုင်ငံမှ KDI School (KDI School of Public Policy and Management) အဖွဲ့ဝင်များဖြစ်သည့် Professor Taejong Kim နှင့် Mr. Hyeok Jeong တို့ ဦးဆောင်သော အဖွဲ့ သည် စီမံကိန်းရုံးအဖွဲ့ (DRD Project Secretariat) သို့ ယနေ့ နံနက်ပိုင်းက လာရောက် တွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံရာတွင် လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားစီမံကိန်း စီမံကိန်း ဒုတိယမန်နေဂျာ ဦးခန့်ဇော်နှင့် စီမံကိန်းတာဝန်ခံ အရာရှိများအဖွဲ့က လက်ခံတွေ့ဆုံခဲ့သည်။ 


KDI အဖွဲ့က CDD စီမံကိန်းရည်ရွယ်ချက်နှင့် အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်များ၊ စီမံကိန်း စတင် အကောင်အထည်ဖော်မည့် အချိန်နှင့် အစီအမံများ၊ ထောက်ပံ့မည့်ဒေသများကို မည်သည့် စံနှုန်းဖင့် ရွးချယ်သည်၊ ထောက်ပံ့မည့် ကျေးရွာအုပ်စုတစ်စုစီတွင် အကြမ်းဖျဉ်း ကျေးရွာမည်မျှ ပါဝင် သည်၊ ရွေးချယ်ထားသောကျေးရွာများသို့ မည်သည့်အချိန်တွင် ငွေကြေး စတင်ထောက်ပံ့မည် စသည့် အချက်အများကို မေးမြန်းသည်။

CDD အဖွဲ့ဝင်များက စီမံကိန်းကို ကမ္ဘာ့ဘဏ်က သတ်မှတ်ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းချက်များနှင့် အညီ အကောင်း ဆုံးဖြစ်စေရန် အကောင်အထည်ဖော်နေပါကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်သည့် ပထမနှစ်မှစ၍ အကောင်းဆုံးရလဒ် ရရှိစေရန် ကြိုးစားနေပါကြောင်း၊ စီမံကိန်းကို မေလလယ်ခန့်တွင် စတင်မည်ဖြစ်ပြီး လိုအပ်သည့် အဆင့်အားလုံးကို ယခုကတည်းက ပြင်ဆင်နေပါကြောင်း၊ ကျေးရွာအဆင့် အကောင်အထည်ဖော်မှုမှာ လာမည့် နိုဝင်ဘာ၊ ဒီဇင်ဘာလတွင် စတင်နိုင်မည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် စီမံကိန်းဝင်ကျေးရွာများကို ငွေကြေး၊ နည်းပညာ၊ စီမံခန့်ခွဲမှု စတင်ထောက်ပံ့သွားမည်ဖြစ်ပြီး၊ငွကြေးထာက်ပံ့ရာတွင် ထိုအချိန်တွင် ဖွဲ့စည်း ထားပြီး ဖြစ်သည့် ကျေးရွာလူထုပါဝင်သည့် ကော်မတီများက တာဝန်ယူပြီး လုပ်ငန်းများ အကောင်အထည်ဖော် စတင်မည် ဖြစ်ကြောင်း၊ စီမံကိန်းဝင် ကျေးရွာများ ရွေးချယ်ရာတွင် ကမ္ဘာ့ဘဏ်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့် အညီ ရွေးချယ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ အဆင့်ဆင့် ရွေးချယ်ခြင်းဖြင့် ရရှိလာသော ကျေးရွာအုပ်စုကို လုပ်ထုံးလုပ်နည်းနှင့်အညီ ကမ္ဘာ့ဘဏ်နှင့် ဦးဆောင်ကော်မတီတို့ကို တင်ပြရပြီး အဆိုပါအဖွဲ့အစည်းများက အတည်ပြုပြီးပါက လုပ်ငန်းများ စတင်နိုင်ပြီဖြစ်ပါကြောင်း၊ ယခုဆိုလျှင် မည်သည့်မြို့နယ်များတွင် စီမံကိန်းအကောင်အထည်ဖော်မည်ဆိုသည့်အချက်ကို ကမ္ဘာ့ဘဏ်နှင့် ဦးဆောင် ကော်မတီတို့သို့င်ပြထားပြီး ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတစ်ခုတွင် ကျေးရွာမည်မျှ ပါဝင်သည်ဆိုသည့်အချက်ကိုမူ အတိအကျ ပြောပြရန် ခက်ခဲပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ပထဝီဒေသ အနေအထားကိုလိုက်ပြီး ကျေးရွာအုပ်စုတစ်စုတွင် အနည်းဆုံး ကျေးရွာ ၅ ရွာမှ အများဆုံး ရွာ ၂ဝ အထိ ရှိကြောင်း ပြန်လည် ပြောကြားသည်။


ကမ္ဘာ့ဘဏ်အနေဖြင့် စီမံကိန်းကို ဆက်လက်တိုးချဲ့ရန် အစီအစဉ် ရှိ မရှိနှင့် ရှိခဲ့ပါက မည်သို့ ဆက်လက်ဆောင်ရွက်မည်၊ မည်ကဲ့သို့ ဆုံးဖြတ်မည်ကို သိလိုကြောင်း KDI အဖွဲ့က ဆက်လက်မေးမြန်းရာ စီမံကိန်းသည် ရလဒ်ပေါ်မူတည်ဆုံးဖြတ်သည့်အတွက် အကောင်းဆုံး ရလဒ်ရရှိရန် ကြိုပမ်းဆာင်ရွက်နေကြောင်း၊ အထူးသဖြင့် စီမံကိန်း စတင်အကောင်အထည်ဖော်သည့် ပထမနှစ်တွင်လည်း အကောင်းဆုံးရလဒ် ရရှိရန် ကြိုးစားဆောင်ရွက်နေပါကြောင်း ပြောကြားခဲ့သည်။


တစ်ဆက်တည်းမှာပင် KDI အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ လူထုအခြေပြု ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းတွင် တစ်ဖက်တစ်လမ်းမှ ပါဝင် ကူညီမည်ဆိုပါက ဝမ်းမြောက်ဖွယ်ကိစ္စဖြစ်ကြောင်း၊ စီမံကိန်းကို ကျေးလက်အထိ ဆင်းပြီး လုပ်ဆောင်သည့်အခါ စီမံကိန်းနှင့် ပတ်သက်သာ လေ့ကျင့်သင်ကြားရေးနှင့် အသိပညာ ဖလှယ်ရေး၊ စောင့်ကြည့်လေ့လာရေးနှင့် အကဲဖြတ်ရေးအပိုင်းတို့တွင် လိုအပ်ချက်များစွာ ရှိနေပါကြောင်း၊ KDI အဖွဲ့အနေဖြင့် တတ်နိုင်သမျှ အကူအညီပေးစေလိုကြောင်း၊ ထိုသို့ ကူညီပါက ကျေးရွာ အများအပြား ပါဝင် သည့် ကျေးရွာအုပ်စုများကို ထောက်ပံ့ငွေ မျှဝေသုံးစွဲရေးဘက်၌လည်း တစ်ဖက်တစ်လမ်းအနေဖြင့် ပိုမိုအကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း CDD အဖွဲ့က ပြောကြားခဲ့သည်။