(အကဲဖြတ်အဆင့်)
အစီရင်ခံစာအမှတ်။
AB7129
စီမံကိန်းအမည် –
လူထု
အခြေပြု ဖွံ့ဖြိုးရေး အမျိုးသား
စီမံကိန်း
ဒေသ – အရှေ့အာရှနှင့်
ပစိဖိတ်ဒေသ
နိုင်ငံ – မြန်မာနိုင်ငံ
ကဏ္ဍ – လူမှုဖွံ့ဖြိုးရေးကဏ္ဍ
လုပ်ငန်းအမှတ်စဉ် – ပီ
၁၃၂၅ဝဝ
ငွေချေးစာချုပ်စာတမ်း – အရေးပေါ်
ပြန်လည်ထူထောင်မှုချေးငွေ
ချေးယူသူ^လက်ခံသူ – ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အကောင်အထည်ဖော်မည့်ဌာန – ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
မှတ်တမ်းမူကြမ်းပြင်ဆင်သည့်နေ့စွဲ – အောက်တိုဘာ
၇ ရက်၊ ၂ဝ၁၂
အကဲဖြတ်မည့်ခန့်မှန်းနေ့စွဲ – စက်တင်ဘာ
၁၈ ရက်၊ ၂ဝ၁၂
ဘုတ်အဖွဲ့ဖြင့်အတည်ပြုမည့်ခန့်မှန်းနေ့စွဲ – နိုဝင်ဘာ
၁ ရက်၊ ၂ဝ၁၂
နိုင်ငံ၏
အခြေအနေ
၁။ မြန်မာ
နိုင်ငံသည် အသွင် ကူးပြောင်းမှု
(၃)
မျိုး
ဖြစ်ကြသော (က)
စစ်
အုပ်ချုပ်ရေး စနစ်မှ ဒီမို
ကရေစီ အုပ်ချုပ်ရေး စနစ်သို့
(ခ)
ဗဟို
ဦးစီး ချုပ်ကိုင်သော စီးပွားရေး
စနစ်မှ ဈေးကွက် စီးပွားရေး
စနစ်သို့၊ (ဂ)
နယ်စပ်
ဒေသ များတွင် နှစ်ပေါင်း
(၆ဝ)
ကြာ
လက်နက်ကိုင် ပဋိပက္ခ များမှသည်
ငြိမ်းချမ်းရေး ဆီသို့၊
ကူးပြောင်း နေသော နိုင်ငံ
ဖြစ်ပါသည်။ အဆိုပါ အသွင်
ကူးပြောင်းမှုများ အောင်မြင်
ခဲ့မည် ဆိုပါက မြန်မာ့ အပြောင်း
အလဲ အတွက် ပြိုင်ဘက် ကင်းသည့်
အခွင့် အရေး တစ်ခုကို ဖြစ်ပေါ်
စေပါ လိမ့်မည်။ တစ်ပြိုင်နက်တည်း
မှာပင် ကူးပြောင်းမှု တစ်ခု၌
ကြုံတွေ့ ရသော အခက် အခဲများသည်
အခြား တစ်ခု အပေါ် အကျိုး
သက်ရောက် နိုင်သည့် စိုးရိမ်
ဖွယ်ရာ အခြေ အနေ များလည်း
ရှိနေ ပါသည်။
၂။ မြန်မာ
နိုင်ငံသည် ခန့်မှန်း GDP
အမေရိကန်
ဒေါ်လာ(၅ဝဝ)
နှင့်
(၈ဝဝ)
ကြားသာ
ရှိသည့် အရှေ့ အာရှနှင့်
ပစိဖိတ် ဒေသမှ အဆင်းရဲဆုံး
တိုင်းပြည် တစ်ခု ဖြစ်သည်။
ဆယ်စုနှစ် များစွာ အတွင်း
ရင်းနှီး မြှုပ်နှံမှု အလွန်
နည်းပါး ခဲ့ခြင်း နှင့်
အလေးထား ဆောင်ရွက်မှု မရှိခြင်း
တို့ကြောင့် အစိုးရ အဖွဲ့
အစည်းများနှင့် ၄င်းတို့၏
ပြည်သူ့ရေးရာ ဝန်ဆောင်မှု
များကို ထိခိုက် စေခဲ့ပြီး
ကျေးလက် ဒေသ ဖွံ့ဖြိုး
တိုးတက်ရေး ဆောင်ရွက်သည့်
အစိုးရ အဖွဲ့ အစည်းများ ၏
စွမ်းဆောင်ရည်ကို အကန့်အသတ်
ဖြစ်စေ ခဲ့ပါသည်။ အခြေခံ
အဆောက် အအုံများ မပြည့်စုံမှု
နှင့် အဆင့် အတန်း နိမ့်ကျမှု
တို့သည် ပညာရေး၊ ကျန်းမာရေးနှင့်
စီးပွားရေး ဆိုင်ရာ ဖွံ့ဖြိုး
တိုးတက်မှု အတွက် ကြီးစွာသော
အဟန့် အတား ဖြစ်ပေါ် စေခဲ့
ပါသည်။ အကျိုးဆက် အားဖြင့်
ကျေးလက် ဒေသ များ၏ လူမှု စီးပွား
ဖွံ့ဖြိုး တိုးတက်မှု အခြေ
အနေသည် မြို့ပြ ဒေသ များထက်
သိသာ ထင်ရှားစွာ နောက်ကျ
ကျန်နေ ခဲ့ရ ပါသည်။
၃။ အိမ်ထောင်စုတိုင်း
အတွက် ပြင်ပမှ ရိုက်ခတ်လာမှု
ဒဏ်ကို ကာကွယ် ပေးနိုင်သော
ရိုးရာ လုံခြုံရေး ကွန်ယက်
တစ်ခု၏ မရှိမဖြစ် အစိတ်အပိုင်း
တစ်ခု ဖြစ်သော ချစ်ခင်
စည်းလုံးမှုသည် မြန်မာ့ ကျေးလက်
ဒေသ များတွင် ခိုင်မာစွာ
အမြစ် တွယ်လျက် ရှိသည်။ အထက်
အောက် ဆက်ဆံရေး အမြစ် တွယ်နေ
ခဲ့သည့် အတွက် အုပ်စု အချင်းချင်း
အကြား လူမှု စည်းလုံးမှုသည်
အထိုက် အလျောက် ရှိသော်လည်း
လူမှု အရင်း အနှီး (Social
Capital) အားနည်း
နေခဲ့သည်။ ယခင် အစိုးရ လက်ထက်
ပြည်နယ်များ အကြား ယုံကြည်မှု
နည်းပါးခြင်း နှင့် အသေးစား
အာဏာ အလွဲသုံးစား ပြုမှုများ၊
သဘာဝ အရင်း အမြစ်များ
ခေါင်းပုံဖြတ် မတရား ထုတ်ယူ
သုံးစွဲမှုများ၊ မြေသိမ်း
ယူခြင်း၊ နိုင်ငံတော်
စီမံကိန်းကြီးများနှင့်
ဆက်နွယ်သော နေရာများတွင်
အတင်းအကြပ် ဖယ်ရှားမှုနှင့်
အတင်း အဓမ္မ စေခိုင်းမှုများ၊
ပဋိပက္ခများနှင့် အကျင့်ပျက်
ချစား နေသော တရား စီရင်ရေးတို့
ပါဝင်သည်။ ဆင်းရဲ နွမ်းပါးမှု၊
ညံ့ဖျင်းသော ဝန်ဆောင်မှု
တို့နှင့် အတူ နိုင်ငံတော်နှင့်
လူ့အဖွဲ့ အစည်းကြား ဆက်ဆံရေး
ချို့တဲ့မှု တို့ကို စုပေါင်း
အားထုတ်မှုဖြင့် ရင်ဆိုင်
ဖြေရှင်းခြင်း မရှိခဲ့လျှင်
မြန်မာ နိုင်ငံ၏ အသွင်
ကူးပြောင်းရေးကို နောက်ကြောင်း
ပြန်လှည့် သွားနိုင်သည့်
အလားအလာ ဖြစ်ပေါ် နိုင်ပါသည်။
ကဏ္ဍနှင့်
အဖွဲ့အစည်းများ အခြေအနေ
၎။ စီးပွားရေး
အခွင့် အလမ်းများ တိုးမြှင့်
လာစေရန် နှင့် ဝန်ဆောင်မှု
အရည်အသွေး ကောင်းမွန် လာစေရန်
တို့အတွက် အထက်မှ အောက်သို့
စီမံခန့်ခွဲမှု အစား အောက်ခြေမှ
အထက်သို့ တာဝန်ခံ ဆောင်ရွက်ခြင်း
အစိုးရမှ ပြုပြင် ပြောင်းလဲမှု
ဖြစ်စဉ်၏ အလွန် အရေး ကြီးသော
အစိတ် အပိုင်း တစ်ခု ဖြစ်သည်။
ထို ပြောင်းလဲမှုသည် နိုင်ငံတော်နှင့်
လူ့ အဖွဲ့ အစည်းကြား ကောင်းမွန်သော
ဆက်ဆံရေး တစ်ခုကို ထူထောင်
နိုင်မည့် အခြေခံ အုတ်မြစ်
ဖြစ်သည်။ ဤ စနစ် အပြောင်း
အလဲ (paradign
shift) ၏
အဓိက သွင်ပြင် လက္ခဏာမှာ သမ္မတ
ဦးသိန်းစိန် လမ်းညွှန်သည့်
အတိုင်း လူထု အခြေပြု
ဖွံ့ဖြိုးရေး ချဉ်းကပ်မှု
နည်းလမ်း ဖြစ်ပြီး၊ ယင်း
နည်းလမ်းသည် ဆင်းရဲသား မြန်မာ့
ကျေးလက် လူ့ဘောင် အဖွဲ့ အစည်း
အတွက် ကြီးမားသော အကျိုးကို
ဖြစ်ထွန်း စေနိုင်သည်။
သို့ရာတွင် ပြည်ထောင်စု
အဆင့်၌ မူဝါဒ အဆုံး အဖြတ်
ပေးခြင်းနှင့် ဒေသန္တရ အဆင့်၌
မူဝါဒကို အကောင် အထည် ဖော်ခြင်း
တို့ အကြားတွင် ကွာဟချက်
ရှိနေဆဲ ဖြစ်သည်။
၅။ ကမ္ဘာ
တစ်ဝှမ်း အတွေ့ အကြုံများ
အရ လူထု အခြေပြု ဖွံ့ဖြိုးရေး
ချဉ်းကပ်မှု နည်းလမ်းသည်
မြန်မာ နိုင်ငံ၏ အလွန် အရေးပါသော
အသွင် ပြောင်းမှု ဖြစ်စဉ်
ကာလတွင် အဓိက ကျသော ပြောင်းလဲမှု
လက္ခဏာ တစ်ခု ဖြစ်သည်။ ရပ်ရွာ
အခြေပြု အဖွဲ့ အစည်းများ
ထံသို့ ကိုယ်ပိုင် ဖွံ့ဖြိုးရေး
လမ်းကြောင်း ရွေးချယ်ခွင့်
နှင့် ရွေးချယ် ရာတွင်
ရင်းမြစ်များ သုံးစွဲခွင့်
ဟူသည့် လုပ်ပိုင်ခွင့် ခွဲဝေ
ပေးခြင်းသည် အတိတ် ကာလ
မူဝါဒများမှ ဖောက်ထွက် လိုသည့်
အစိုးရ၏ ရည်ရွယ်ချက်ကို
ပြသရာ ရောက်သည့် အပြင် ဆင်းရဲသား
ကျေးလက် လူထုနှင့် ဒေသ
အာဏာပိုင်များ အကြား အပြု
သဘော ဆောင်သည့် ဆက်ဆံရေးကို
တည်ထောင် နိုင်မည် ဖြစ်ရာ
အခြေခံ လူတန်းစား များ၏ အမြင်
များကို ပြည်ထောင်စု အစိုးရမှ
သိရှိ စေနိုင်မည် ဖြစ်ပါသည်။
NGOs
နှင့်
ကမ္ဘာ့ဘဏ် ကဲ့သို့သော New
Stakeholders များကို
ဒေသ ဖွံ့ဖြိုးရေး ဖြစ်စဉ်
အတွင်းသို့ ခေါ်ဆောင် လာခြင်း
အားဖြင့် ပြောင်းလဲမှု အတွက်
ပူးပေါင်း ဆောင်ရွက်မှုများ
ကျယ်ပြန့် လာစေ နိုင်ပါသည်။
ထို့အပြင် တတိယ အဖွဲ့ အစည်း
(Third-party)
၏
စောင့်ကြည့်မှု များဖြင့်
ရန်ပုံငွေ သုံးစွဲမှု၌
တာဝန်ခံခြင်း၊ ပွင့်လင်း
မြင်သာမှု ရှိစေခြင်း တို့ကို
တွန်းအား ပေးသည့် ယန္တရားကို
ထူထောင် ပေးခြင်း အားဖြင့်
အောက်ခြေ အဆင့် အပါ အဝင် အဆင့်
အားလုံး၌ ကပြောင်း ကပြန်
ဆောင်ရွက်နိုင်မှု များကို
ကာကွယ် ပေးနိုင်ခြင်း၊
၎င်းတို့၏ လုပ်ငန်း အကောင်
အထည် ဖော်မှုကို အာမ ခံ သကဲ့သို့
ဖြစ်ခြင်း၊ ပြုပြင် ပြောင်းလဲမှုများ
အပေါ် အများ၏ ယုံကြည်မှု တိုးပွား
လာစေခြင်း တို့ ဖြစ်ထွန်း
လာစေမည် ဖြစ်ပါသည်။ လူထု
အခြေပြု ဖွံ့ဖြိုးရေး အမျိုးသား
စီမံကိန်းသည် ဒေသန္တရ အုပ်ချုပ်ရေး
စနစ်နှင့် အဖွဲ့ အစည်း ဆိုင်ရာ
ပြုပြင် ပြောင်းလဲမှု အခြေခံ
အုတ်မြစ် တည်ဆောက် ရာတွင်
ကူညီ ထောက်ပံ့ ပေးရန် ရည်ရွယ်
ပါသည်။
စီမံကိန်း
ဖွံ့ဖြိုးရေး ဦးတည်ချက်
၆။ စီမံကိန်း
ဖွံ့ဖြိုးရေး ဦးတည်ချက်မှာ
ဆင်းရဲ နွမ်းပါးသော ကျေးလက်
လူထု သည် အခြေခံ လူမှု-စီးပွား
အဆောက် အအုံများ နှင့်
ဝန်ဆောင်မှု များကို လူထု
ဗဟိုပြု စနစ် ကျင့်သုံး
ခြင်းဖြင့် ရယူ သုံးစွဲ
နိုင်စေရန်၊ ဌာန ဆိုင်ရာ
ဝန်ထမ်း များနှင့် ကျေးလက်
ပြည်သူ လူထု၏ စွမ်းဆောင်ရည်နှင့်
အရည်အသွေး များကို မြှင့်တင်
ပေးရန်နှင့် ဖြစ်ပေါ် လာနိုင်သော
ဘေးအန္တရာယ် များနှင့် အရေးပေါ်
အခြေအနေ များတွင် ထိရောက်
လျင်မြန်စွာ တုန့်ပြန် နိုင်
စေရန် တို့ ဖြစ်ပါသည်။
ဦးတည်ချက်များ အောင်မြင်
စေရန်အတွက် (က)
ကျေးရွာ
လူထုက ရွေးချယ် ထားသည့်
ကျေးလက် အခြေခံ အဆောက် အအုံများ
တည်ဆောက် ပြုပြင် မွမ်းမံခြင်း
လုပ်ငန်းများ အတွက် ရင်းနှီး
မြှုပ်နှံမှု ရန်ပုံငွေများ
ထောက်ပံ့ခြင်း၊ (ခ)
ဒေသ
အာဏာပိုင် များ၏ ပူးပေါင်း
ကူညီမှုဖြင့် ထိရောက်သော
ဖွံ့ဖြိုးရေး လုပ်ငန်းများ
ရွေးချယ် နိုင်ရန်၊ စီမံကိန်း
ရေးဆွဲ နိုင်ရန်နှင့် အကောင်
အထည် ဖော်နိုင်ရန် တို့အတွက်
ကျေးရွာ လူထု၏ စွမ်းဆောင်ရည်
မြှင့်တင် ပေးခြင်းနှင့်
(ဂ)
အမျိုးသမီးနှင့်
အမျိုးသားတို့ ပါဝင်သော
ဆင်းရဲ သူများနှင့် ထိခိုက်
လွယ် အုပ်စုများ၏ ပူးပေါင်း
ဆောင်ရွက်မှုကို အလေး ထားခြင်းများ
ဆောင်ရွက် သွားပါမည်။
စီမံကိန်း
အကြောင်း ဖော်ပြချက်
၇။ စီမံကိန်းတွင်
အပိုင်း (၅)
ပိုင်းပါဝင်ပြီး
ခန့်မှန်း (၆)
နှစ်
ကျော် ကြာ အကောင် အထည် ဖော်သွားမည်
ဖြစ်သည်။ လုပ်ငန်း တိုးတက်မှု
အပေါ် မူတည်၍ ရန်ပုံငွေကို
လွှဲပြောင်း ပေးသွားမည်
ဖြစ်ပါသည်။ အပိုင်း (၁)
ခု
စီ တွင် အမျိုး သမီး များအား
လုပ်ပိုင်ခွင့် ပေးခြင်း
ကဲ့သို့သော ကျား-မ
တန်းတူ ညီမျှ အခွင့် အရေး
ရရန် ကြိုးပမ်း ပေးထားသည့်
တိကျသော လုပ်ငန်းရပ်များ
ပါဝင် ပါသည်။
(က) အပိုင်း(၁)
လူထုသို့တိုက်ရိုက်ထောက်ပံ့ငွေ
(ဒေါ်လာ
၅၂.၂
သန်း)။ ဦးစားပေး
ရပ်ရွာ အခြေပြု အခြေခံ အဆောက်
အဦများ ဆောင်ရွက်နိုင်ရန်
(၁၅)မြို့နယ်
အတွင်းရှိ ကျေးရွာ အုပ်စု
(၆၄ဝ)
ခန့်
အား တစ်နှစ် လျှင် အမေရိကန်
ဒေါ်လာ (၂၇ဝဝဝ)
ဖြင့်
(၃)
နှစ်
ရန်ပုံငွေ ထောက်ပံ့ ပါမည်။
ရန်ပုံငွေ ထောက်ပံ့ ပေးမည့်
အခြေခံ အဆောက် အအုံ ရွေးချယ်
ရာတွင် အကြုံး မဝင်သော စီမံကိန်း
လုပ်ငန်းများ စာရင်းကို
အခြေခံ၍ ကျေးရွာ လူထုမှ မိမိ
လိုအပ်ချက်နှင့် အညီ လွတ်လပ်စွာ
ရွေးချယ် ရပါမည်။ ယင်းတို့တွင်
ကျေးလက် လမ်းများ၊ လူသွားလမ်းများ
နှင့် တံတားများ၊ အသေးစား
တမံများ၊ သောက်သုံးရေရရှိရေးစနစ်၊
စာသင်ခန်းများနှင့်
ကျန်းမာရေးဌာနများ
ပြုပြင်မွမ်းမံခြင်းများ၊
အသေးစား ကျေးလက် မီးလင်းရေး
လုပ်ငန်းများ ပါဝင် ပါသည်။
သို့ရာတွင် အစိုးရနှင့်
ကျေးရွာ လူထု အနေဖြင့် Community
Empowerment ချဉ်းကပ်မှု
နည်းလမ်းနှင့် အကျွမ်းဝင်ခြင်း
မရှိသည့် အတွက် စီမံကိန်း
ပထမနှစ် အကောင် အထည် ဖော်ရာ၌
စံပြု ထားသော ဒီဇိုင်းများကို
အသုံးပြု၍ အကောင် အထည် ဖော်ရန်
လွယ်ကူသည့် စီမံကိန်း
လုပ်ငန်းခွဲများ ကိုသာ
ရွေးချယ် ဆောင်ရွက် သွားမည်
ဖြစ်သည်။ လူထုသို့ တိုက်ရိုက်
ထောက်ပံ့ငွေကို ကျေးရွာသူ၊
ရွာသားများ ပါဝင်သော စီမံကိန်း
ရေးဆွဲရေး လုပ်ငန်းစဉ်ကို
အသုံးပြု၍ ကျေးရွာ အုပ်စု
တစ်ခု အတွင်းရှိ ကျေးရွာများ
အားလုံးသို့ ခွဲဝေ ချထား
ပေးမည် ဖြစ်ပါသည်။
(ခ) အပိုင်း(၂) ကူညီ
ထောက်ပံ့ ပေးခြင်းနှင့်
စွမ်းဆောင်ရည် ဖွံ့ဖြိုးစေခြင်း
(ဒေါ်လာ၁၄.၂သန်း)။
ပြည်ထောင်စု အဆင့်နှင့်
မြို့နယ် အဆင့် တို့တွင်
နည်းပညာပိုင်း ဆိုင်ရာနှင့်
အဖွဲ့ အစည်း ဆိုင်ရာ အကူအညီများ
ပေးအပ်ရန် အတွက် သုံးစွဲ
သွားမည် ဖြစ်သည်။ ယင်းတွင်
အပိုင်း (၁)
ခေါင်းစဉ်
အောက်ရှိ လူထု အခြေပြု
ဖွံ့ဖြိုးရေး လုပ်ငန်းများ
ဆောင်ရွက်ရန်နှင့် မကျေနပ်ချက်
များကို ဖြေရှင်း ရာတွင်
ကူညီ ထောက်ပံ့ ပေးရေး
ရည်ရွယ်ချက်ဖြင့် လူထု
စည်းရုံးရေးမှူးများ
ငှားရမ်းခြင်းသည် ဤခေါင်းစဉ်
အောက်တွင် ပါဝင်ပါသည်။
ပြည်ထောင်စု အဆင့်၊ ပြည်နယ်/
တိုင်းဒေသကြီး
အဆင့်၊ မြို့နယ် အဆင့်ရှိ
အစိုးရ ဝန်ထမ်းများနှင့်
ကျေးရွာ/
ကျေးရွာအုပ်စု
ကော်မတီ အဖွဲ့ဝင် များ၏
စွမ်းဆောင်ရည် (ပူးပေါင်း
ဆောင်ရွက်သည့် လုပ်ငန်းစဉ်၊
စီမံကိန်း စီမံခန့်ခွဲမှု၊
ကျားမ တန်းတူ ညီမျှမှု နှင့်
အမျိုးသမီးထု ပါဝင်မှု၊
ပတ်ဝန်းကျင် စီမံ ခန့်ခွဲမှုနှင့်
လူမှုရေးရာ တာဝန်ခံမှု)
မြှင်တင်
ပေးမည့် ကူညီ ထောက်ပံ့ရေး
လုပ်ငန်းများ ပါဝင်သည်။
ထို့အပြင် မကျေနပ်မှု ဖြေရှင်းခြင်း
ဆိုင်ရာ နည်းလမ်းများ
ဘဏ္ဍာရေးနှင့် နည်းပညာပိုင်း
ဆိုင်ရာ စာရင်း စစ်ဆေး ခြင်းများ
ဆောင်ရွက်ရန် လွတ်လပ်သော
တတိယ အဖွဲ့အစည်း (Third-party)
ငှားရမ်းခြင်းများ
အတွက် ကုန်ကျ စရိတ်များ
ပါဝင်သည်။
(ဂ) အပိုင်း(၃)
အသိပညာနှင့်
လေ့လာသင်ယူခြင်း (ဒေါ်လာ
၁.၈
သန်း)း။ အစိုးရ
ဝန်ထမ်း များနှင့် ကျေးရွာ
လူထု ကိုယ်စားလှယ် များကို
မြန်မာ နိုင်ငံအတွင်း အခြား
နေရာများ တွင် လူထု ဗဟိုပြု
စနစ်ဖြင့် ဆောင်ရွက် နေသော
ဖွံ့ဖြိုးရေး စီမံကိန်းများသို့
လေ့လာရေး ခရီးစဉ်များ စေလွှတ်မည်
ဖြစ်သည်။ ထို့ပြင် အစိုးရ
ဝန်ထမ်းများ အနေဖြင့် လူထု
အခြေပြု ချဉ်းကပ်မှု နည်းလမ်းများကို
သိရှိ နားလည် အကျွမ်း
ဝင်နိုင်စေရန် အတွက် အာဆီယံ
နိုင်ငံများနှင့် အခြား
ဒေသတွင်း နိုင်ငံများရှိ
အောင်မြင်သော လူထု အခြေပြု
စီမံကိန်းများသို့ လေ့လာရေး
ခရီးစဉ်များ စေလွှတ်ခြင်း
ပါဝင်သည်။ ယခုနှစ်တွင်
ဆောင်ရွက် ခဲ့သော စီမံကိန်း
လုပ်ငန်းများ အပေါ် နှစ်ပတ်လည်
လေ့လာ သုံးသပ်ခြင်းကို
Stakeholder
အားလုံး
ပါဝင်မှုဖြင့် ပြုလုပ် သွားမည်
ဖြစ်ပြီး နောင်နှစ်တွင်
ဆောင်ရွက်မည့် စီမံကိန်း
ဒီဇိုင်းနှင့် လုပ်ငန်းများ
ပိုမို ကောင်းမွန် စေရေး
အကြံပြု ဆွေးနွေး သွားမည်
ဖြစ်ပါသည်။ ယင်းလေ့လာ
သုံးသပ်မှုတွင် အုပ်ချုပ်မှုနှင့်
အကျင့်ပျက် ချစားမှု တိုက်ဖျက်ရေး
လုပ်ငန်းများ အပေါ် သင်ခန်းစာ
ထုတ်နုတ်ခြင်းများ လည်း
ပါဝင်သည်။ နောက်ဆုံးတွင်
မြန်မာနိုင်ငံ၏ လူထု ဗဟိုပြု
ဖွံ့ဖြိုးရေး လုပ်ငန်း နယ်ပယ်
တွင် အလားအလာ အကောင်းဆုံး
တီထွင် ဆန်းသစ်မှု များကို
ဖန်တီး ပေးနိုင်မည့် ဖွံ့ဖြိုးရေး
ဈေးကွက် တစ်ခု ပေါ်ထွန်းရေး
ရန်ပုံငွေ ထောက်ပံ့ ပေးသွားမည်
ဖြစ်သည်။
(ဃ) အပိုင်း(၄)
အကောင်
အထည် ဖော်ရေး ထောက်ပံ့ခြင်း
(စီမံခန့်ခွဲရေး)
(ဒေါ်လာ
၁၁.၈
သန်း)။ စီမံကိန်း
အကောင် အထည် ဖော်ရန် အတွက်
အုပ်ချုပ်ရေး ပိုင်းနှင့်
ထောက်ပံ့ ပို့ဆောင် ရေး
ဆိုင်ရာ ကိစ္စရပ်များ၊
စောင့်ကြည့် စစ်ဆေးခြင်းနှင့်
အကဲဖြတ်ခြင်း ကိစ္စများ၊
အစီရင် ခံခြင်းနှင့် ဆက်သွယ်
ဆောင်ရွက်ခြင်း ကိစ္စရပ်များ
ဆောင်ရွက်မည့် ပြည်ထောင်စု
အဆင့်နှင့် မြို့နယ် အဆင့်ရှိ
စီမံကိန်း စီမံခန့်ခွဲရေး
အဖွဲ့ (အုပ်ချုပ်ရေး
အဖွဲ့)
အား
ရန်ပုံငွေ ထောက်ပံ့ ပါမည်။
ထို့ပြင် တတိယ အဖွဲ့အစည်း
(Third-party)
၏
ဘဏ္ဍာရေးနှင့် နည်းပညာပိုင်း
ဆိုင်ရာ စာရင်း စစ်ဆေးခြင်း
များသည် ဤအပိုင်းတွင် ပါဝင်သည်။
(င) အပိုင်း(၅)
အရေးပေါ်
အခြေ အနေ တုန့်ပြန်ခြင်း
(ဒေါ်လာ
ဝ.ဝ
သန်း)။
အရေးပေါ် အခြေ အနေ များ၊
ဘေးအန္တရာယ် များနှင့် သဘာဝ
ကပ်ဆိုးကြီးများ ကျရောက်
ချိန်တွင် အလျင် အမြန် တုန့်ပြန်
နိုင်ရန် စီမံကိန်း ထောက်ပံ့ငွေ
ခေါင်းစဉ် တစ်ခုခုမှ ဘဏ္ဍာ
ငွေကြေးကို လိုအပ်သလို
လွှဲပြောင်း သုံးစွဲနိုင်ရန်
အတွက် ဤအပိုင်း ကို ထည့်သွင်း
ထားခြင်း ဖြစ်ပါသည်။
ဘဏ္ဍာငွေ
ထောက်ပံ့ခြင်း (အမေရိကန်ဒေါ်လာ
သန်း)
အရင်းအမြစ် ပမာဏ
ချေးငှါးသူ
/
လက်ခံသူ ၆.၃
IDA
(ကြိုတင်-
ကြွေးကျန်
ဆပ်ရေး ထောက်ပံ့မှု) ၈ဝ.ဝ
ဘဏ္ဍာရေးကွာဟချက် -
စုစုပေါင်း ၈၆.၃
လုပ်ငန်း
အကောင် အထည်ဖော် ဆောင်ရွက်ခြင်း
၈။ စီမံကိန်းကို
(က)
ကျေးရွာနှင့်
ကျေးရွာအုပ်စု အဆင့်၊ (ခ)
မြို့နယ်
အဆင့် နှင့် (ဂ)
ပြည်ထောင်စု
အဆင့် ဟူ၍ အဓိက အဆင့် (၃)
ဆင့်၌
အကောင် အထည် ဖော်သွားမည်
ဖြစ်ပါသည်။ ပြည်နယ် /
တိုင်းဒေသကြီး
အဆင့် အာဏာပိုင် များသည်
ပေါင်းစပ် ညှိနှိုင်း
ဆောင်ရွက်ခြင်းနှင့် ကြီးကြပ်
ကွပ်ကဲခြင်း လုပ်ငန်း တာဝန်များ
ကို ဆောင်ရွက် သွားမည်
ဖြစ်ပါသည်။ စီမံကိန်းကို
ပြည်ထောင်စု နယ်မြေနှင့်
ပြည်နယ် /
တိုင်းဒေသကြီး
(၁၄)
ခု
ရှိ မြို့နယ် တစ်မြို့နယ်စီဖြင့်
စုစုပေါင်း (၁၅)
မြို့နယ်
တို့တွင် အကောင် အထည် ဖော်သွားမည်
ဖြစ်ပါသည်။ မြို့နယ် ရွေးချယ်
ရာတွင် ဆင်းရဲ နွမ်းပါးမှုကို
အဓိကထား စဉ်းစားပြီး၊ အခြား
ဖွံ့ဖြိုးရေး အဖွဲ့အစည်းများ
ထံမှ ထောက်ပံ့ငွေ မရရှိမှုနှင့်
တိုင်းဒေသကြီး /
ပြည်နယ်
အစိုးရ အဖွဲ့များ၏ စိတ်အား
ထက်သန်မှု တို့ကို ထည့်သွင်း
စဉ်းစား သွားမည် ဖြစ်ပါသည်။
မြို့နယ် အတွင်း ဖွံ့ဖြိုး
တိုးတက်မှု တန်းတူ ညီမျှ
ရှိစေရေး အတွက် ရွေးချယ်
ခံရသော မြို့နယ်များရှိ
ကျေးရွာ အုပ်စု အားလုံး၌
ဖွံ့ဖြိုးရေး လုပ်ငန်းများကို
ဆောင်ရွက် သွား ပါမည်။
ကျေးရွာနှင့်
ကျေးရွာ အုပ်စု အဆင့်
၉။ လူထု
ကိုယ်စားပြု ကျေးရွာ အုပ်စု
ဖွံ့ဖြိုးရေး ကော်မတီ (ဖိုရမ်)
သည်
အဓိက အဆုံး အဖြတ် ပေးမည့်
အဖွဲ့ အစည်း ဖြစ်သည်။ လုပ်ငန်း
ဆောင်ရွက် ရာတွင် အထောက် အကူ
ပြုစေရန် အတွက် ကော်မတီတိုင်း
တွင် ဘဏ္ဍာရေး ဆပ်ကော်မတီ (၁)
ခုကို
ဖွဲ့စည်း သွားမည် ဖြစ်ပါသည်။
လူထု ပါဝင်မှု နည်းလမ်းဖြင့်
ကျေးရွာ လူထုသည် ကော်မတီတွင်
တာဝန် ထမ်းဆောင်ရန် ကျေးရွာ
ကိုယ်စားလှယ် (၂)
ဦး
(အမျိုးသား
တစ်ဦး နှင့် အမျိုးသမီး
တစ်ဦး)
နှင့်
လူထု စည်းရုံးရေးမှုး များကို
ထောက်ပံ့ ပေးမည့် ကျေးရွာ
စေတနာ့ ဝန်ထမ်း (များ)
ကို
ရွေးချယ် ရမည် ဖြစ်ပြီး၊
ကျေးရွာ လုပ်ငန်း အကောင်
အထည် ဖော်ရေး ကော်မတီ (၁)
ဖွဲ့
နှင့် ပစ္စည်း ဝယ်ယူရေးနှင့်
စောင့်ကြည့် စစ်ဆေးရေး
ဆပ်ကော်မတီ များကို ဖွဲ့စည်း
မည် ဖြစ်သည်။
၁ဝ။ ကျေးရွာ
အုပ်စု ဖွံ့ဖြိုးရေး ကော်မတီသည်
စီမံကိန်း ရန်ပုံငွေ လက်ခံ
ရရှိရန် မြို့နယ် အဆင့်၌
ဘဏ်စာရင်းများ ဖွင့်လှစ်
သွားမည် ဖြစ်ပါသည်။ ရန်ပုံငွေ
လက်ခံ ရရှိချိန်မှ စ၍ ကော်မတီ
အဖွဲ့ဝင် များသည် မိမိ ကျေးရွာ
အုပ်စု အတွင်း ၌ စီမံကိန်း
လုပ်ငန်းခွဲ များကို နည်းပညာ၊
စီးပွားရေး၊ ပစ္စည်း ဝယ်ယူရေး၊
ဘဏ္ဍာရေး၊ စီမံ ခန့်ခွဲရေး၊
ပတ်ဝန်းကျင်နှင့် လူမှုရေး
ဆိုင်ရာ သတ်မှတ် လမ်းညွှန်ချက်များ
နှင့် စီမံကိန်း အတွက် ရေးဆွဲ
ထားသော လုပ်ငန်း အကောင် အထည်
ဖော်ရေး လက်စွဲပါ ပြဌာန်းချက်
များနှင့် အညီ ဆောင်ရွက်
သွားရမည် ဖြစ်ပါသည်။ လူထု
စည်းရုံးရေးမှူး များသည်
စီမံချက် ရေးဆွဲရေး စက်ဝန်းနှင့်
လုပ်ငန်း အကောင် အထည် ဖော်သည့်
ကာလ တလျှောက်လုံးတွင် ကျေးရွာသူ
/
ကျေးရွာသားများ၊
ကျေးရွာ အုပ်စု ဖွံ့ဖြိုးရေး
ကော်မတီဝင် များနှင့် ဆပ်ကော်မတီ
ဝင်များ ကို ကူညီ ပံ့ပိုး
ပေးသွားမည် ဖြစ်ပါသည်။
မြို့နယ်
အဆင့်
၁၁။ နယ်စပ်ရေးရာ
ဝန်ကြီးဌာန၊ ကျေးလက် ဒေသ
ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး
ဌာနသည် မြို့နယ် အဆင့်
စီမံကိန်း အကောင် အထည်ဖော်
ဆောင်ရွက်ခြင်းကို မိမိ
မြို့နယ်ရုံး များမှ တဆင့်
တာဝန်ယူ ဆောင်ရွက် သွားမည်
ဖြစ်သည်။ ကျေးလက် ဒေသ ဖွံ့ဖြိုး
တိုးတက်ရေး ဦးစီး ဌာန ဝန်ထမ်း
များသည် နည်းပညာ အကူအညီ
များကို လူထု စည်းရုံးရေးမှူး
များနှင့် ကျေးရွာ အုပ်စု
ကော်မတီများသို့ အမြဲတမ်း
ကူညီ ပံ့ပိုးပေး သွားမည်
ဖြစ်သည်။ ထိုသို့ ပြုလုပ်နိုင်ရန်
အတွက် လူထု အခြေပြု ဖွံ့ဖြိုးရေး
အတွေ့အကြုံ ရှိသော ပြည်တွင်း
(သို့မဟုတ်)
အပြည်ပြည်
ဆိုင်ရာ NGO/Firm
အဖွဲ့
တစ်ဖွဲ့သည် ကျေးလက် ဒေသ
ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး
ဌာန မြို့နယ် ရုံးတိုင်းကို
ကူညီ ပေးသွားမည်။ ထို့အပြင်
ကျေးလက် ဒေသ ဖွံ့ဖြိုး
တိုးတက်ရေး ဦးစီး ဌာန
ရုံးများသည် အခြား ဌာနများ၊
ဖွံ့ဖြိုးရေး အဖွဲ့ အစည်း
များနှင့် ပေါင်းစပ် ညှိနှိုင်း
ပေးရန်နှင့် မြို့နယ် အတွင်း
ဆောင်ရွက်သော စီမံကိန်း
လုပ်ငန်းများ အပေါ် စောင့်ကြည့်
စစ်ဆေးခြင်း၊ အစီရင်ခံခြင်း
တို့ကို ဆောင်ရွက် သွားရမည်
ဖြစ်ပါသည်။
၁၂။ မြို့နယ်
အကူအညီ စီမံခန့်ခွဲမှု
ဆပ်ကော်မတီသည် နိုင်ငံတော်
အဆင့်နှင့် ကျေးရွာ အုပ်စု
အဆင့်များ အကြား အုပ်ချုပ်ရေး
နှင့် ထိရောက်စွာ အကောင်အထည်
ဖော်နိုင်ရေး လုပ်ငန်း များကို
ဆောင်ရွက် ပေးမည့် ကြားခံ
အဖွဲ့အစည်း ဖြစ်သည်။ ကျေးရွာသား
များနှင့် ကျေးရွာ အုပ်စု
ကော်မတီများမှ ဆောင်ရွက်သည့်
အောက်ခြေမှ အထက်သို့ တာဝန်ယူသော
စီမံကိန်း ရေးဆွဲမှု များကို
သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့်
ပေါင်းစပ် ညှိနှိုင်း ပေးမှု
ကိုလည်း မြို့နယ် အကူအညီ
ပေးရေး စီမံခန့်ခွဲမှု
ဆပ်ကော်မတီများက လုပ်ဆောင်
ကြရမည် ဖြစ်သည်။ မြို့နယ်
အကူအညီ စီမံခန့်ခွဲမှု ဆပ်ကော်မတီ
ရုံးများ အတွက် ကျေးလက် ဒေသ
ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး
ဌာန မြို့နယ်ရုံး များသည်
စီမံကိန်း အုပ်ချုပ်ရေးရုံး
အဖြစ် ဆောင်ရွက်ရန် ဖြစ်သည်။
တိုင်းဒေသကြီး
/
ပြည်နယ်
အဆင့်
၁၃။ တိုင်းဒေသကြီး
/
ပြည်နယ်
အဆင့်တွင် မည်သည့် စီမံကိန်းရုံး၊
နည်းပညာ ကူညီမှု နှင့် အဖွဲ့အစည်း
ဆိုင်ရာ ထောက်ပံ့မှု ကိုမျှ
ပြုလုပ်မည် မဟုတ်ပါ။ လက်ရှိ
ကျေးလက် ဒေသ ဖွံ့ဖြိုး
တိုးတက်ရေး ဦးစီး ဌာန
တိုင်းဒေသကြီး/
ပြည်နယ်ရုံး
များသည် မြို့နယ် အကူအညီ
စီမံခန့်ခွဲမှု ဆပ်ကော်မတီ၏
လုပ်ငန်း ဆောင်ရွက်မှု များကို
အကဲဖြတ် စောင့်ကြည့် နိုင်ရန်
အတွက် သတ်ဆိုင်ရာ ဝန်ကြီး
ဌာနများ၊ တိုင်းဒေသကြီး/
ပြည်နယ်
အစိုးရ များနှင့် ညှိနှိုင်း
ပေါင်းစပ်မှုများ ပြုလုပ်
သွားမည် ဖြစ်သည်။ ထို့အပြင်
လုပ်ငန်း အကောင် အထည် ဖော်ရာတွင်
တွေ့ကြုံ ရသော မြို့နယ် အကူအညီ
စီမံခန့်ခွဲမှု ဆပ်ကော်မတီ၏
အခက်အခဲ များကို ကျေးလက် ဒေသ
ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး
ဌာန တိုင်းဒေသကြီး/
ပြည်နယ်ရုံးများမှ
ကူညီ ဖြေရှင်း ပေးသွားမည်
ဖြစ်သည်။
ပြည်ထောင်စု
အဆင့်
၁၄။ အဆိုပြု
စီမံကိန်းကို စီမံခန့်ခွဲရန်
ကျေးလက် ဒေသ ဖွံ့ဖြိုး
တိုးတက်ရေး ဦးစီး ဌာနသည်
၎င်း၏ လက်ရှိ ဖွဲ့စည်းပုံ
အတွင်း၌ စီမံကိန်း ဒါရိုက်တာ
(၁)
ဦးကို
ခန့်အပ်မည် ဖြစ်ပြီး၊ စီမံကိန်း
အုပ်ချုပ်ရေး ရုံးကိုလည်း
ဖွဲ့စည်း ထူထောင် သွားမည်
ဖြစ်သည်။ လုပ်ငန်း တာဝန်များတွင်
လုပ်ငန်း အကောင်အထည် ဖော်ရေး
လက်စွဲပါ သတ်မှတ် လမ်းညွှန်ချက်များ
နှင့် အညီ လိုက်နာ အကောင်
အထည် ဖော်ခြင်း၊ နည်းပညာ
အကူအညီ နှင့် အဖွဲ့ အစည်း
ဆိုင်ရာ အထောက် အပံ့ ဆိုင်ရာ
အကြံပေး ဝန်ဆောင်မှုများ
ရယူခြင်း၊ ဆက်သွယ် ဆောင်ရွက်ပေးခြင်း၊
စီမံကိန်းတွင် ပါဝင်သူများ
အားလုံး၏ စွမ်းဆောင်ရည်
တိုးမြှင့်ရေး ဆောင်ရွက်
ပေးခြင်း၊ စောင့်ကြည့်
ကွပ်ကဲခြင်း၊ အကဲဖြတ်ခြင်း
နှင့် အစီရင်ခံစာ စုစည်း
ပြုစုခြင်းတို့ ပါဝင်သည်။
၁၅။ ကျေးလက်
ဒေသ ဖွံ့ဖြိုး တိုးတက်ရေး
ဦးစီး ဌာန အတွက် ဤစီမံကိန်း
အကောင် အထည် ဖော်ခြင်းဖြင့်
နည်းပညာ အသစ်နှင့် လုပ်ငန်း
လည်ပတ်မှု ဆိုင်ရာ စိန်ခေါ်မှု
အသစ်များ တွေ့ကြုံလာ လိမ့်မည်။
ထို့ကြောင့် ကျေးလက် ဒေသ
ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး
ဌာနသည် ရပ်ရွာ အခြေပြု
လုပ်ငန်းများ ဆောင်ရွက်
ခဲ့သည့် မှတ်တမ်း ရှိသော
ပြည်တွင်း နှင့်ပြည်ပ NGO/Firm
များကို
ပါဝင် ဆောင်ရွက်စေရန် စည်းရုံး
လိမ့်မည်။ ၄င်း NGO/Firm
များကို
ကျေးလက် ဒေသ ဖွံ့ဖြိုး
တိုးတက်ရေး ဦးစီး ဌာန
ဝန်ထမ်းများ၏ လုပ်ငန်း
တာဝန်များကို အကူ အညီ ပေးရန်
အတွက် အုပ်ချုပ်ရေးမှူးရုံး
အောက်တွင် ထားရှိ နိုင်သည်။
မကျေနပ်ချက်များ ဖြေရှင်းမှု
ယန္တရားကို အသုံးပြု၍ မကျေနပ်ချက်
တိုင်ကြားမှုများ အပေါ်
စောင့်ကြည့်ခြင်း နှင့်
ဖြေရှင်းခြင်း များကို
စီမံကိန်း အုပ်ချုပ်ရေး
ရုံးသို့ ကူညီ ပံ့ပိုးပေး
သွားမည်။
၁၆။ နိုင်ငံခြား
အကူအညီ စီမံခန့်ခွဲမှု လုပ်ငန်း
ကော်မတီသည် အစိုးရ ဌာနများ
အကြား လူထု အခြေပြု ဖွံ့ဖြိုးရေး
လုပ်ငန်းများ ပိုမို တွင်ကျယ်
လာစေရန် အဓိက အခန်းကဏ္ဍမှ
မဖြစ်မနေ ဆောင်ရွက် ပေးရမည်။
ယင်း အဖွဲ့သည် စီမံကိန်း
ဦးဆောင် ကော်မတီ အဖြစ်
ဆောင်ရွက်ပြီး လုပ်ငန်း
အကောင်အထည် ဖော်ခြင်း ဆိုင်ရာ
ကိစ္စရပ်များကို ကြည့်ရှုခြင်း၊
ကျေးလက် ဒေသ ဖွံ့ဖြိုး
တိုးတက်ရေး ဦးစီး ဌာနသို့အကြံ
ပြုခြင်း မူဝါဒရေးရာ (သို့မဟုတ်)
နက်နဲသော
လုပ်ငန်း လည်ပတ်မှု ဆိုင်ရာ
ကိစ္စရပ် များကို ကူညီ
ဖြေရှင်းခြင်း၊ ပတ်သက် ဆက်နွယ်
နေသည့် ဝန်ကြီး ဌာနများ ပါဝင်
ဆောင်ရွက် စေရေး ဆွေးနွေး
ညှိနှိုင်း ပေးခြင်း တို့ကိုလည်း
ပြုလုပ် သွားမည် ဖြစ်သည်။
ယင်း အဖွဲ့သည် မြို့နယ်များ
ရွေးချယ် ရာတွင် သဘော တူညီမှု
ပေးသွားမည် ဖြစ်ပါသည်။
0 comments:
Post a Comment