လူထု အခြေပြု ဖွံ့ဖြိုးရေး
အမျိုးသားစီမံကိန်း အကောင်အထည်ဖေါ် ဆောင်ရွက်ရန် ရွေးချယ်ခံရသည့် ပထမ ၃ မြို့နယ်အနက် ချင်းပြည်နယ် ကန်ပက်လက်မြို၌ ၂၀၁၃ မေလ ၂၂ ရက်နေ့တွင် လူထုအခြေပြု
ဖွံ့ဖြိုးရေး စီမံကိန်းအကြောင်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ယင်း
ဆွေးနွေးပွဲသို့ ချင်းပြည်နယ်ရှိ
အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူထုဗဟိုပြု အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေး မိတ်ဘက်
အဖွဲ့အစည်းများအား ဖိတ်ကြားသွားမည် ဖြစ်ပါသည်။
ဆွေးနွေးပွဲ အစီအစဉ် (မူကြမ်း) အား ဤစာနှင့် အတူ ပူးတွဲ ပေးပို့အပ်ပါ သည်။ ဆွေးနွေးပွဲတွင် ကျေးရွာလူထုအတွက် စီမံကိန်းလုပ်ငန်းခွဲများအကြောင်း ရှင်းလင်းပြောကြားခြင်း မှအပ ကျန်အစီအစဉ်များကို မြန်မာဘာသာ တစ်မျိုးတည်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး ဘာသာပြန်ပေးမည့် အစီအစဉ် ပါဝင်ခြင်း မရှိပါ။
အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူထုဗဟိုပြု အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေး မိတ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ကန်ပက်လက်မြို့တွင် ကျင်းပမည့် လူထုအခြေပြု ဖွံ့ဖြိုးရေး စီမံကိန်းအကြောင်း မိတ်ဆက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ရန် စိတ်ပါဝင်စားမှုရှိပါက leiyinwin.cdd@gmail.com နှင့် မိတ္တူကို kzaw.dda@gmail.com သို့ မေလ ၁၆ ရက် ထက် နောက်မကျစေဘဲ ဆက်သွယ် အကြောင်းကြားပါရန် လေးစားစွာ အကြောင်းကြားပါသည်။
လဲ့ယဉ်ဝင်း
Communication Specialist
Community Driven Development Project
0 comments:
Post a Comment