title

title
hi

Sunday, November 17, 2013

Invitation for Consultation Meeting on township selection for the CDD project in Ayeyarwaddy Region :: ဧရာဝတီတိုင်းဒေသကြီးအတွင်း စီမံကိန်းမြို့နယ် ရွေးချယ်ရန်အတွက် အကြံဉာဏ် ရယူခြင်း အစည်းအဝေး ဖိတ်ကြားစာ


Dear Colleagues:

It is my pleasure to inform you that the Government of Myanmar is organizing consultation meetings in Sagaing Region, Magway Region, Ayeyarwaddy Region, Karen State and Rakhine State to assist in identifying the townships that will benefit from the National Community Driven Development Project (Ludu Bahopyu Project). We are inviting Non-Governmental Organizations, Civil Society Groups, Community Based Organizations and Development Partners with active programs in the respective Region/State to attend the meetings.

The meeting will be held in Pathein (Ayeyarwaddy Region) at Ayar Shwe Wah Hall on 26th November, 2013. You find attached a short note on the township selection process, the agenda for the Pathein meeting and the project information document. Please note that all meetings will be held in Myanmar language without translation.

Non-Governmental Organizations, Civil Society Groups, Community Based Organizations and Development Partners with an active program in Ayeyarwaddy Region and interested in participating in the Ayeyarwaddy meeting should please contact us at cdd.drdmyanmar@gmail.com by 23rd November. The data table for the Pathein meeting as well as further information about the Pha-an and Sittwe meetings will be provided separately.

Sincerely,

Khant Zaw
Deputy Project Director
CDD Project Secretariat
Department of Rural Development




လူထုဗဟိုပြုစီမံကိန်း (လူထုအခြေပြုဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း) ဒုတိယနှစ် အကောင်အထည်ဖေါ် ဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကရင် ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် စီမံကိန်းမြို့နယ်တစ်မြို့နယ်စီ ရွေးချယ်ရန်အတွက် အကြံဉာဏ် ရယူခြင်း အစည်းအဝေးများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များတွင် ကျင်းပ သွားမည် ဖြစ်ပါသည်။ ယင်းအစည်းအဝေးသို့ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့ အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများအား ဖိတ်ကြားသွားမည် ဖြစ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီးအတွက် အစည်းအဝေးကို နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပုသိမ်မြို့၊ ဧရာရွှေဝါ ခန်းမ၌ ကျင်းပမည် ဖြစ်ပါသည်။ စီမံကိန်းမြို့နယ် ရွေးချယ်မှုဆိုင်ရာ သတ်မှတ်ချက်များ၊ အစည်း အဝေးအစီအစဉ်နှင့် စီမံကိန်း အချက်အလက်များကို ဤစာနှင့်အတူ ပူးတွဲပေးပို့အပ်ပါသည်။ အစည်း အဝေးကို မြန်မာဘာသာ တစ်မျိုးတည်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး ဘာသာပြန်ပေးမည့် အစီအစဉ် ပါဝင်ခြင်း မရှိပါ။

အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူထုဗဟိုပြုအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့အစည်းများအနေဖြင့် ပုသိမ်မြို့တွင် ကျင်းပမည့် အစည်းအဝေးကို တက်ရောက်ရန် စိတ်ပါဝင်စားမှု ရှိပါက cdd.drdmyanmar@gmail.com သို့ နိုဝင်ဘာလ ၂၃ ရက်ထက် နောက်မကျစေဘဲ ဆက်သွယ်အကြောင်းကြားပါရန်နှင့် ဘားအံမြို့နှင့် စစ်တွေမြို့တို့၌ ကျင်းပသွားမည့် အစီအစဉ်များကို ဆက်လက် အကြောင်းကြားသွားမည် ဖြစ်ပါကြောင်း လေးစားစွာ အကြောင်းကြားပါသည်။

ခန့်ဇော်
ဒုတိယအင်ဂျင်နီယာချုပ်
ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန






0 comments:

Post a Comment

Video