title

title
hi

Tuesday, December 24, 2013

ရခိုင်ပြည်နယ်အတွင်း လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့နယ်ရွေးချယ်ခြင်းဆိုင်ရာ အကြံဉာဏ်ရယူခြင်းအစည်းအဝေးကျင်းပ



ကမ္ဘာ့ဘဏ်၏ထောက်ပံ့မှုဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ်အတွက်  ရခိုင်ပြည်နယ်အတွင်း စီမံကိန်းအကျိုးခံစားခွင့်ရမည့် မြို့နယ်တစ်မြို့နယ်ရွေးချယ်ရန် အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ၂ဝ၁၃ ဒီဇင်ဘာလ ၂၄ ရက်နေ့က စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တက်ရောက်လာသူများက အဖွဲ့အလိုက် ဆွေးနွေးခြင်းဖြင့် စီမံကိန်းအတွက် အဆိုပြုမြို့နယ် ရွေးချယ်တင်ပြခြင်း၊ အဖွဲ့ အသီးသီးမှ တာဝန်ခံများက အဆိုပြုမြို့နယ် ရွေးချယ်ရခြင်းအကြောင်းကို ပြန်လည်တင်ပြခြင်း၊  အုဖွဲ့လိုက် တင်ပြလာသည့် အဆိုပြု မြို့နယ်များအပေါ် အမှတ်ပေးတွက်ချက်၍ ရလဒ်များ တင်ပြခြင်းတို့ ပြုလုပ်ခဲ့သည်။ 

အစည်းအဝေးတက်ရောက်သူများ၏ ရွေးချယ်မှုအရ ရခိုင်ပြည်နယ်အတွင်း စီမံကိန်းအကျိုးခံစားခွင့်ရ မြို့နယ်အဖြစ် ဦးစားပေးအဆင့်အလိုက် ရွေးချယ်ခံရသည့် မြို့နယ် ၃ ခုမှာ အမ်းမြို့၊ ပုဏ္ဏားကျွန်းနှင့် ဂွမြို့တို့ ဖြစ်ပါသည်။ ထိုမြို့နယ်များအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ သဘောထားမှတ်ချက် ရယူပြီးနောက် နိုင်ငံခြားအကူအညီ စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ပါသည်။ ဗဟိုကော်မတီမှ အတည်ပြုပြီးပါက ကမ္ဘာ့ဘဏ်သို့ ဆက်လက်တင်ပြပြီး ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက် ရယူမည် ဖြစ်ပါသည်။ အဆင့်ဆင့်အတည်ပြုပြီးပါက လူထုဗဟိုပြုစီမံကိန်း၏ အကောင်အထည်ဖော်ရန် ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါသည်။

ဤစီမံကိန်းသည် ဆင်းရဲနွမ်းပါးသော ကျေးလက်နေပြည်သူများအနေဖြင့် အခြေခံ လူမှုစီးပွား အဆောက်အဦများနှင့် ဝန်ဆောင်မှုများကို လူထုအခြေပြုနည်းလမ်းဖြင့် လက်လှမ်းမီ အသုံးချနိုင်စေရန် ရည်ရွယ်ပါသည်။ 

စီမံကိန်းကို တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုမှ မြို့နယ်တစ်မြို့နယ်စီနှင့် အစိုးရအဖွဲ့ ရုံးစိုက်သည့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် စုစုပေါင်း မြို့နယ် ၁၅ မြို့တွင် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။ 


0 comments:

Post a Comment

Video