၂၈-၇-၂၀၁၃
ရက်နေ့ ၀၄၀၀ နာရီ မှာ ကိုခိုင် ခရီးထွက်ပါမယ်၊ နမ့်ဆန် သွား မလို့ပါ၊ ကိုကျော်စွာနဲ့
အတူ သွားမှာပါ၊ သူက မန္တလေး သွားနှင့်ပါပြီ။ ၀၄၀၀ နာရီ နေပြည်တော်မှာ မိုးဖွဲဖွဲ ရွာနေတော့
အရှေ့မှာ ရောင်နီတောင် မပျို့သေးပါ။ ကိုခိုင် တောင်ညိုလမ်းကနေ ထွက်ဖို့ ဆုံးဖြတ် လိုက်တယ်၊
နေပြည်တော် - မန္တလေး အမြန်လမ်းကို မိုင်တိုင် ၂၂၀ မှာ ရှိတဲ့ တောင်ညို ခုံးကျော် ကနေ
တက်ခဲ့ တယ်၊ မိတ္ထီလာ ရောက်တော့ ၀၅၄၀ နာရီ ဆိုတော့ ကိုခိုင် တော်တော် နှေးနှေး မောင်းခဲ့မိတာ
သတိ ထားမိ ပါတယ်၊ အိမ်ကနေ ၇၅ မိုင်ပဲ ရှိတဲ့ ခရီးကို မိနစ် ၁ဝ၀ တောင် မောင်းခဲ့ရ ပါတယ်၊
နဲနဲတော့ မှောင် နေသေးတာကိုး၊ မန္တလေး ဘက်တော့ နဲနဲ မြန်မြန် မောင်းမှ အချိန်မီတော့မယ်
လို့ တေး ထား လိုက်တယ်၊ လင်းပြီဘဲလေ။ မိတ္ထီလာ feel express ကို ဝင်တော့ အရင် နမ့်ဆန်
ခရီးစဉ် တုန်းက ၀၆၀၀ နာရီ မှ အိမ်က ထွက် လာမိတော့ မထက် ကို မန္တလေး လေဆိပ် ကြိုရမယ့်
အချိန် ကပ်နေလို့ ဆာ နေပြီ ဖြစ်ပေမယ့် မဝင်တော့ဘဲ ဆက်မောင်း ခဲ့ရတာ သတိ ရမိ သေးတယ်။
မိတ္ထီလာ feel မှာ ထမင်း ဆီဆမ်း နဲ့ ကြက်သားကျော်၊ ကော်ဖီ မှာ လိုက်တယ်၊ facebook
status မှာ feelexpress meiktila တင်ဖို့ GPS ဖွင့်ပြီး စောင့်နေတုန်း ကိုကျော်စွာ
ဆီက ဖုန်း ဝင်လာပါတယ်၊ မိတ္ထီလာဘဲ ရောက် သေးတယ်၊ ပြန် အိပ်ချင် အိပ်ပါဦး ဆိုတော့ သူက
လဘက်ရည်ဆိုင် ရောက်တော့မှာ လို့ ပြောတယ်။ ၆ နာရီ အတိ မှာ မိတ္ထီလာက ထွက်တယ်၊ မိုင်တိုင်
၃၀၀ ရောက်တော့ ကိုကျော်စွာ ဆီက ဖုန်း ဝင်လာတယ်၊ ရွှောရံ တံတား ကနေ စောင့်မယ် ပြောပါတယ်၊
၀၇၁၅ နာရီ မှာ မန္တလေး တိုးဂိတ် ရောက်တယ်၊ မိုင် ၇၀ ခရီးကို ၇၅ မိနစ် ဆိုတော့ တစ်နာရီ
ကီလို ၁၀၀ နှုန်း နဲ့ မောင်းခဲ့တယ် ဆိုပါစို့။ ၀၇၄၀ နာရီမှာ ကိုကျော်စွာနဲ့ ဆုံပါတယ်၊
သူတော့ အချိန် အတော်ကြာ စောင့်လိုက် ရဟန် တူပါ၏။ ၀၉၀၀ နာရီ မှာ ပြင်ဦးလွင် ရောက်ပါတယ်၊
အမှုဆောင်အရာရှိ ဗိုလ်မှူးခင်မောင်တင် နဲ့ ကိုမျိုးတင့် တို့ စောင့်နေကြပါတယ်၊ ခန နေတော့
နောင်နောင်လတ် လဲ ရောက်လာတယ်။ ပြင်ဦးလွင် feel မှာ သူတို့ ကြွေးတာ ဒါန မြောက်ရ လေအောင်
နဲနဲ စားလိုက်ပါတယ်။ နောင်ချို နဲ့ ကျောက်မဲ အမှုဆောင်အရာရှိ တွေ ကိုလဲ ဖုန်းဆက် လိုက်တယ်၊
မေမြို့မှာ လေပန်းတာ နဲနဲ များ သွားတော့ ၀၉၄၀ လောက် မှ ဆိုင်က ထ ပါတယ်၊ ကိုကျော်စွာ
ကားကို စည်ပင် ရုံး ဝင်း ထဲ သွား ထားခဲ့ ပါတယ်၊ ၁၀၅၀ နာရီမှာ နောင်ချို ရောက်ပါတယ်၊
အမှုဆောင် အရာရှိ ဦးမျိုးမြင့်အောင် အိမ်မှာ မုန့်ဟင်းခါး ချက် ထားတာနဲ့ ကြုံလို့ အားနာ
ပါးနာ နှစ် ပန်းကန် လောက် ဝင်စား လိုက်ကြ ပါတယ်၊ ကျောက်မဲ က အမှုဆောင် အရာရှိ နဲ့
EE တို့ကို ဖုန်းဆက် ပါတယ်၊ ထမင်း ကြွေးမယ် ဆိုတော့ အားနာတာနဲ့ ကိုခိုင် ခေါင်း ငြိမ့်
လိုက်ပါတယ်။ ကျောက်မဲ မဝင်လို့ မဖြစ်ပါ၊ ခရိုင် အုပ်ချုပ်ရေးမှူး နဲ့ တပ်နယ်မှူး ကို
ကိုခိုင် တွေ့ချင်ပါတယ်၊ အင်တာနက် ပေါ်က ရတဲ့ သတင်း တွေ အရ ဆိုရင် ကိုခိုင် သူတို့နဲ့
တွေ့ပြီး အကြံဉာဏ် ယူပြီးမှ စိတ်ချ လက်ချ ခရီး ဆက်နိုင် မှာပါ။ ကျောက်မဲ မြို့ကို ၁၂၀၀
နာရီမှာ ရောက် ပါတယ်။ ကျောက်မဲ စည်ပင်က EE ဦးမောင်သွင် လာကြိုတယ်၊ အမှုဆောင် အရာရှိ
ကို ဖုန်းဆက် ပြောတော့ သူက သစ်တော ရိပ်ကာယမှာ ခရိုင် အုပ်ချုပ်ရေးမှူး ရယ် ဗျူဟာမှူးရယ်
အတူတူ ရှိနေကြောင်း ပြောတယ်၊ ဝါဆို သင်္ကန်း ကပ် နေကြတာ၊ သူ တို့ဆီကို သွားတွေ့ပြီး လမ်းကြောင်း
သတင်းလေး ပလင်းလေး မေးတယ်၊ သွားမယ့် ကိစ္စ informal ပြောတယ်၊ သူတို့ကလည်း လမ်းကြောင်း
ကိစ္စ သတင်းလေးတွေ ပြောတယ်၊ လုံခြုံရေး အတွက် လုပ်သွားသင့်တာ ပြင်ဆင်သင့်တာတွေ အကြံပြု
ကြ တယ်၊ ဗျူဟာမှူးကို ကိုခိုင်က ကျောက်မဲမှာ ၁၉၉၇ ကနေ ၉၉ အထိ တာဝန် ကျဘူးကြောင်း ပြောတော့
အဲသည် အချိန် တုန်းက သူ စစ် သင်တန်းကျောင်း တောင် မရောက်သေးဘူး လို့ ဆိုပါတယ်၊ ဒီလိုနဲ့
ပြောရင်း ဆိုရင်း ရင်းနှီးမှု ရ လာတော့ ဗျူဟာမှူးက ရှမ်းစကား ပြောတတ်သလား မေးတယ်၊ ကိုခိုင်က
မပြောတတ်ဘူး ဆိုတော့ သူက ပြောတတ်သူ တစ်ယောက် ခေါ် သွား သင့်တဲ့ အကြောင်း ပြောတယ်၊ ကျောက်မဲမှာ
ထမင်းစားပြီး သီပေါမြို့သို့ ဆက် သွား တော့ ၁၅၀၀ နာရီ မှာ ရောက်တယ်၊ ဖုန်း တွေ ဆက်
မရ ပါ၊ မြန်မာ့ ဆက်သွယ်ရေးရဲ့ တယ်လီဖုန်းများ ထုံးစံ အတိုင်း မအားပါ ပြောလိုက် ဧရိယာ
ပြင်ပ ပြောလိုက်နဲ့ပေါ့၊ သေချာတာကတော့ ကိုခိုင် တို့ အဆင် မပြေပါ၊ နောက်ဆုံး စည်ပင်
ရုံးထဲကို ဝင်သွားတယ်၊ တစ်ယောက်မှ မတွေ့ပါ၊ ခန နေတော့ ဧရိယာ ပြင်ပ ကနေ ပြန်ဝင် လာတဲ့
အမှုဆောင်အရာရှိ ဦးသိန်းထိုက်ဦး ဖုန်း ဝင်သွားတယ်၊ အကိုတို့ လာမှာ ကြို မသိလိုက် လို့ပါလို့
ပြောတယ်၊ ဟုတ်မှာပါ၊ မနေ့က သူမရှိဘူး၊ ခရီးသွားနေတယ် ဆိုတာနဲ့ AE ဦးတင်မောင်ကျော်ကို
မှာ ထားတာ၊ ကိုတင်မောင်ကျော်က ထုံးစံ အတိုင်း သိပ် စေ့စေ့ စပ်စပ် မရှိပါ။ ဦးသိန်းထိုက်ဦးကို
ရှမ်းစကား ပြောသူ တစ်ယောက် ရှာပေးဖို့ ပြောတော့ မိန်းကလေးဘဲ စိတ်ချရတာ ရှိနေတယ်၊ ကိုခိုင်က
မိန်းကလေးကို ညဥ့်အိပ် ညဥ့်နေ ခေါ် မသွားလိုပါ၊ ဒါနဲ့ ကိုသိန်းထိုက်ဦးက ပန်ဝိုင်း ရဲ့
ဟိုဘက်က ပြဿနာ မရှိတဲ့ အတွက် ပန်ဝိုင်း အထိ သူ လိုက်ပို့မယ့် အကြောင်း ပြောတယ်၊ OK
ပေါ့။ နမ့်ဆန်ရဲ့ လုံခြုံရေး အနေအထား ကလည်း နယ်နိမိတ် မျဉ်း ပြင်ပ တိုင်းမှာ ပြဿနာ
ရှိနေသလိုဘဲ၊ ထူးပေစွ။ သီပေါမှာ အရင် တခေါက်က ညအိပ် ခဲ့တဲ့ MrCharles ဟိုတယ်မှာဘဲ တည်းခဲ့ပါတယ်။
ညစာ ကိုသိန်းထိုက်ဦး ကြွေးမယ် ဆိုတော့ ဒုဋ္ဌဝတီ မြစ်ကမ်းဘေးက ဆိုင်ကို ချီတက် ကြ ပါတယ်၊
ခန နေတော့ ဟိုပန်မှာ ပဆင EE အဖြစ် တာဝန်ကျ နေတဲ့ ကိုကျော်စိုးသိန်း တောင်ကြီးက အပြန်
သီပေါ ရောက်နေပြီ လို့ ဖုန်း ရ တယ်၊ ၁၀ မိနစ်လောက် ရှိတော့ ညစာ စားပွဲ ဝိုင်းကလေးက
အတော် စိုပြေ နေပါပြီ၊ လူစုံ တက်စုံ ကိုး၊ ကိုခိုင် မှတ်မှတ် ရရ စိတ် ချမ်းသာ ရ တဲ့
ထမင်း ဝိုင်း လေး တစ်ခု ပေါ့။
၂၉-၇-၂၀၁၃
ရက်နေ့ ၀၆၀၀ နာရီမှာ စီစဉ် ထားတဲ့ အတိုင်း ဟိုတယ် ကနေ ထွက်ခဲ့ ပါတယ်၊ သီပေါမြို့ လမ်းမ
နံဘေးက ဆိုင်ကလေးမှာ မနက်စာ စားပါတယ်၊ ကိုသိန်းထိုက်ဦး နဲ့ ကိုတင်မောင်ကျော် တို့နဲ့
အတူတူပေါ့။ စားပြီးတော့ ရှမ်းစကား ပြောတဲ့ ကလေးမ နဲ့ ပလောင် စကားပြောတဲ့ ကလေးမတွေကို
ကိုသိန်းထိုက်ဦးက သွားခေါ်ပြီး နမ့်ဆန် မြို့ဘက်သို့ ထွက်ခွာခဲ့ပါတယ်။ လမ်းကြောင်းပေါ်
နမ္မတူ မြို့နယ်ထဲမှာ ပန်ဝိုင်း ဆိုတဲ့ ရွာ ရှိပါတယ်၊ အဲသည် ရွာ ကနေ လမ်းခွဲသွားရင် နမ့်ဆန် ရောက်ပါတယ်၊
သူတို့တွေ ဒီ ပန်ဝိုင်း အထိ လိုက် ပို့ ခဲ့ကြ ပါတယ်။ ဆက် ထွက် လာတော့ ၀၉၃၀ နာရီ နမ့်ဆန်
မြို့သို့ ရောက်ပါတယ်၊ လမ်းမှာ မိုးရွာ ထားလို့ ကျောက်လမ်း နဲနဲ ပျက် နေတာက လွဲရင်
ဘာမှ ထွေထွေ ထူးထူး မရှိပါ။ ပလောင် ဒေသ ဦးစီးအဖွဲ့ရုံး ဆီ တန်း သွား တော့ အတွင်း ရေးမှူး
ရော ဦးစီး ကော်မတီဝင် ဦးအောင်ထွဏ်း ရော တွေ့ပါတယ်။ စီမံကိန်း ရုံး အတွက် နေရာ ချထား
ပေးပြီး ပါပြီ။ ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီး ကော်မတီ ရုံး အဆွယ် တစ်ခုမှာ
ချထား ပေးထားတယ်။ ပေ ၂၀ ပတ်လည်လောက် ကျယ် တယ်။ အခန်းကို သန့်ရှင်းရေး လုပ်ဖို့၊ စားပွဲ
ကုလားထိုင် တွေ ခေတ္တ ငှားဖို့ စတာတွေ လုပ်ပြီး အစည်း အဝေး ကလေး တစ်ခု လုပ်ဖို့ သက်ဆိုင်ရာ
အဖွဲ့တွေ ဖိတ်ခိုင်း လိုက်ပါတယ်။ နောက်တော့ နမ့်ဆန် မှာ စခန်းချနေတဲ့ တပ်မမှူး ကို
သွားပြီး တွေ့တယ်၊ စီမံကိန်း အခြေအနေ ပြောပြရင်း လိုအပ်လာနိုင်တဲ့ အကူအညီ ကလေးတွေ တန်းစီ
ပြောရင်း တပ်မမှူးနဲ့ ရင်းနှီးမှု ရယူ ဖို့ ကြိုးစားတယ်။ သူကလည်း ကူညီမယ် ပြောပါတယ်။
၃၀-၇-၂၀၁၃
နေ့ မှာတော့ အစည်းအဝေးကို နမ့်ဆန်မြို့နယ်၊ လူထု အခြေပြု ဖွံ့ဖြိုးရေး စီမံကိန်းရုံး
(သစ်) မှာ လုပ် ပါတယ်။ Draft Operation Manual ကို copy ကူးပြီး ချပြ တာပါဘဲ။ ထူးဆန်းတာက
မြို့နယ် အုပ်ချုပ်ရေးမှူးက လွန်ခဲ့သော ရက်ပိုင်း အတွင်းက CDD အင်တာနက် စာမျက်နှာကနေ
ဒီ DraftOM ကို download ယူ ဖတ်ရှု ခဲ့ပြီးကြောင်း၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး
အချို့လဲ လေ့လာ ခဲ့ဟန် တူကြောင်း၊ လူဦးရေ ၃၀၀၀ ပြည့်အောင် ကျေးရွာ အုပ်စု လူဦးရေ
စာရင်းကို ပြင်ဆင် တင်ပြ နေကြကြောင်း၊ သူက ဒီ revised population data က စီမံကိန်း
ရန်ပုံငွေ အပေါ် ဘယ်လို သက်ရောက်မည် သေသေချာချာ မသိသေး လို့ ဘယ်လို ဆက်လုပ်ရမလဲ မေးတယ်။
ကိုခိုင် က လောလောဆယ် ကျေးရွာ အုပ်စု blog grant မူကြမ်း ဆွဲနေတယ်၊ အထက် နဲ့ ကမ္ဘာ့ဘဏ်ဆီ
မေးပေးမယ် ပြောခဲ့ရပါတယ်၊ ထူးပေ ဆန်းပေစွ၊ CDD ရုံးခန်းထဲ နေတဲ့ လူတွေတောင် လူစေ့ တက်စေ့
မဖတ်တဲ့ ဒီ စာအုပ်ကို ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ စိတ်ဝင်စားသတဲ့။ နောက်တော့ သီပေါကနေ
တဆင့် ပြန်လာခဲ့ပါတယ်။ အပြန် ခရီးက ထူးခြားမှု မရှိပါ။ လမ်းမှာ ကျောက်မဲနား ရောက်တော့
မိုးကြီး နေတာရယ်၊ ကား ၃ စီး လမ်းဘေး ထိုးကျ နေတာရယ် တွေ့ခဲ့ရတာရယ် က လွဲရင် ဘာဆို
ဘာမှ မထူးခြားပါ။
ကန်ပက်လက်
နဲ့ ကျွန်းစု ခရီးစဉ်တွေ အကြောင်း ရေးပါဦးမယ်။
ကိုခိုင်
0 comments:
Post a Comment