title

title
hi

Sunday, June 15, 2014

Kyunsu diary june 2014 ကျွန်းစုသွားခြင်း ဒိုင်ယာရီ

ကမ္ဘာ့ဘဏ် အကောင်အထည်ဖေါ်ရေး အထောက်အကူပြု မစ်ရှင်အဖွဲ့ ခရီးစဉ်
၂၀၁၄ ဇွန်လ ၇ ရက်
သန်းနိုင်ဝင်း နဲ့ သင်းယုလှိုင် ဦးဆောင်ပြီး ကားနဲ့ မောင်းလှော်သွားကြတယ်
ကိုခိုင် ဖျားနေလို့ မလိုက်နိုင်ပါ
၂၀၁၄ ဇွန်လ ၈ ရက်
၀၈၃၀ ကျွန်းစု သွားဖို့ ဖယ်ရီစီး ၀၉၃၀ ကျွန်းစုဆိပ် ရောက်တယ် ကားငှားခိုင်းထားတာ ကြာနေလို့ သန်းထွန်းဦးကို ဆူရသေးတယ် ကားနဲ့ ကတ္တလူ အုပ်စုက ရွာတွေ သွားတယ်
လိပ်ကြယ်ကို အရင် သွားတယ် ကားမတက်နိုင်ဘူး လမ်းလျှောက်ရတယ် ခန ပါဘဲ ဒါပေမယ့် မိုးစီးဖိနပ် မပါတော့ ကိုခိုင် ခနခန ချော်လဲမလို ဖြစ်တယ်
ရေအားလျှပ်စစ် လုပ်တယ် ငွေ မလောက်ဘူး အကြောင်းရင်းက ရေစုကန် ဆောက်လိုက်ရလို့

ဒူးရင်းသီး တွေကြွေးတယ် သင်းယုလှိုင် နဲ့ ကိုသက်ဆွေအေး တို့က အရင်က ဒူးရင်းသီး မစားဘူး အခုတော့ ကြိုက်သွားပြီ ပြောတယ် အနံ့သိပ် မပြင်းပါ၊ အရသာတော့ ကိုခိုင်က ဘယ်ဒူးရင်းသီးမှ မစားဘူးတော့ မပြောတတ်ပါ ဈေးမေးကြည့်တော့ တစ်လုံး ၃၀၀ တဲ့ ဈေးချိုပါဘိ
မင်းဂွတ်သီးတွေ ကြွေးတယ် အပင်က အခုမှ ခူးလာတာ ဆိုတော့ အတော် ကောင်းပါတယ် အေးသီတာထွန်းက မင်းဂွတ်သီးတွေ အိပ်ထဲ ထည့်ယူလာသေးတယ် ဈေးမေးကြည့်တော့ တစ်လုံး ၁၅ ကျပ်တဲ့ ကိုခိုင်တို့ တစ်ဖွဲ့လုံး စားတာ ၁၀၀၀ ဘိုးလောက်ပဲ ရှိတော့ အားနာစရာလဲ မရှိ
နောက် ထိန်ချောင်း ကူးတယ်၊ သူတို့ လုပ်ငန်းက သုဿာန် အဝင်လမ်း၊ ခန ဝင်ကြည့်တယ်၊ ဝင်းမင်းထွန်းက အုတ်ဂူပေါ်မှာ ဓါတ်ပုံ ရိုက်ခဲ့လိုက်သေးတယ်
ဘုန်းကြီးကျောင်းမှာ တွေ့တယ်၊ အဲဒီမှာပဲ ထမင်းစားတယ်၊
နောက်ဆုံး ကတ္တလူရောက်တယ်
ထုံစံအတိုင်း အုပ်ချုပ်ရေးမှူးရုံးမှာတွေ့ကြတယ် ခနပါဘဲ
သူတို့ လုပ်ငန်းက ဆိပ်ခံတံတားလမ်း၊ လက်ရာ အတော်ကြမ်းတယ်
၂၀၁၄ ဇွန်လ ၉ ရက်
ဒီနေ့ ကျွန်းရွာတွေ သွားမယ်
မစမ်းပါး၊ လင်မလို နဲ့ ဖနပ်ကျွန်း ရွာတွေ ရွေးလိုက်တယ် အဓိက ကတော့ နီးတာတွေ ရွေးတာပါ
မစမ်းပါး လမ်းခင်းတယ် ရွာလယ်လမ်း သူတို့ အရင်က အတော်ခက်ခဲတာကိုး အခု ချောသွားတာပေါ့ မြင်သာတယ် ပေ ၉၀၀ လောက်ဘဲ ခင်းနိုင်သေးတာ နောက်ထပ် ပေ ၁၂၀၀ လောက် လိုနေသေးတယ် အဲဒီနေရာတွေ အတော် ခက်သေးတယ်


လှေပေါ်ရောက်တော့ ရွာက ဝယ်လာတာလား တောင်းလာတာလား မသိဘူး ပိန္နဲသီးခွဲကျွေးတယ် အဲဒီ ပိန္နဲသီးက ထူးဆန်းတယ်၊ ဆူးလုံးဝမပါဘူး၊ အရသာက အငံဓါတ် နဲနဲ ပါတယ်၊ အနံ့လဲ ဖျော့ဖျော့လေးဘဲ ရတယ်၊ အစည်းက ရေနဲ့ဆေးချလို့ ရတယ်။
လင်မလိုက ဆိပ်ခံ၊ ကောင်းပါတယ်၊ သူတို့က ပြီးအောင်လုပ်လို့ မရသေးဘူး၊ ရေကျတဲ့ အခါကျမှ ၁၀ ပေ ဆက်လုပ်ရမယ်၊ ဖွဲ့စည်းမှု၊ နားလည်သဘောပေါက်မှု၊ အလွန်းကောင်းပါ၏။

ဖနပ်ကျွန်းက ကျောင်းပြင်တယ်၊ နဲနဲလွဲနေတယ်၊ မပြီးနိုင်သေးဘူး၊ တည့်ပေးဖို့ လိုတယ်၊

ဖနပ်ကျွန်းက ထွက်တော့ ရေကျသွားလို့ လှေက တင်နေပြီ၊ တွန်းရသေးတယ်
ညနေခင်း ပြန်လာတော့ ထုံးစံအတိုင်း မြစ်ဝမှာ လေမိတယ်၊ ခနပါဘဲ။
သန်းထွန်းဦးကို မနက်ကြိုမယ့်ကား အချိန်မီဘို့၊ အသက်ကယ် အင်္ကျီ၊ မိုးရေထဲ စီးဘို့ ဘိနပ်တွေ၊ နေ့လည်စာ ဘူးတွေ၊ ရေသန့်ဘူးတွေ၊ ကြိုမယ့် လှေတွေ၊ ရွာတွေမှာ စောင့်မယ့် လူတွေ၊ CF တွေ၊ စသဖြင့်တွေ မှာ ရသေးတယ်။
၂၀၁၄ ဇွန်လ ၁၀ ရက်
လေယာဉ်က အချိန်မှန်ပဲ ၈ နာရီ ၅၀ မှာ ဆင်းတယ်၊ 

ခရီးသွားခွင့် ကိစ္စ လဝက နဲ့ ရှင်းပေးတယ်၊ Ruxandra ပါမလာ သေးဘူး၊ ကိစ္စမရှိ၊ လေဆိပ်ကနေ ဟိုတယ် ပို့ခိုင်းလိုက်တယ်၊ Check in ပြီးရင် ၁၀ နာရီ ထွက်ကြမယ်၊
၁၀ နာရီခွဲမှ ထွက်နိုင်တယ်၊ မင်းသန်းကို ၁၁း၅၅ ရောက်တယ်၊ အဖွဲ့နှစ်ဖွဲ့ခွဲသွားဘို့ လှေ တစ်စီးစီ ခွဲတယ်၊ လှေပေါ်မှာ နေ့လည်စာ ဝေပေးခိုင်းလိုက်တယ်၊ တစ်ဖွဲ့က သန္ဒုတ် သွားမယ်၊ တစ်ဖွဲ့က ညောင်ဘီး သွားမယ်၊ မောင်းလှော်မှာ ပြန်ဆုံကြမယ်။

၁ နာရီ သန္ဒုတ် ရောက်တယ်၊ ဓမ္မာရုံမှာတွေ့တယ်၊ 
Pam က အမျိုးသမီးတွေ သီးခြား တွေ့တယ်၊

 ကျောင်းပြင်တယ်၊ ကောင်းပါတယ်၊


 ကျောင်း သွား ကြည့်ပြီးပေမယ့် pam နဲ့အဖွဲ့ ရောက်မလာပါ။
၃ နာရီ ကျော်မှ ထွက်လာတယ်၊ လှေက မြစ်ဝမှာ သောင်တင်နေရော၊ ဆင်းတွန်းကြရတယ်၊ ၄ နာရီခွဲမှ မောင်းလှော် ရောက်တယ်၊ သူတို့တွေ ဆွေးနွေးနှင့်ကြပြီ၊ မောင်းလှော် အထက်က လူတွေပါ ပေါင်းထားတယ်၊ လုပ်ငန်းက တံတား၊ 

ကုန်ကျငွေက သိန်း (၅၀) ကျော်၊ ပေ ၄၀ ရှည်တယ်၊ Ingo က DRD လုပ်ငန်းဆိုရင် ခန့်မှန်းချေ ဘယ်လောက်လဲ မေးတယ်၊ ထုံးစံ အတိုင်းပေါ့၊ DRD ဆိုရင် သိန်း ၄၀၀ နီးပါး ကုန်မှာလေ၊ ဟဲဟဲ၊ အမှန် အတိုင်း ပြောလိုက်တယ်။
၂၀၁၄ ဇွန်လ ၁၁ ရက်
တစ်ဖွဲ့က ကျွန်းစု သွားမယ်၊ တစ်ဖွဲ့က ruxandra ကြိုမယ်၊
လိုင်းဖယ်ရီ စီးတယ်၊ ၉ နာရီခွဲ ကျွန်းစု ရောက်တယ်၊
လိပ်ကြယ်ရွာ ဝင်တော့ မီးထွန်း ထားတာ တွေ့တယ်၊ အောင်မြင်နေပြီပေါ့၊ ကောင်းစွ။

Pam ကို ဒူးရင်းသီးပင် ပြတယ်၊ အပင်အောက်မှာ အသီးကြွေကျ နေတာ တွေ့တော့ ကိုကို ပြေးကောက်တယ်။


၂၀၁၄ ဇွန်လ ၁၂ ရက်
လျှပ်ပြေးငှားပြီး ကျွန်းရွာတွေ သွားတယ်၊
မစမ်းပါးမှာ လမ်း ဆုံးတဲ့နေရာ ရောက်တော့ ingo ကို before and after လို့ ပြောလိုက်တယ်၊



မစမ်းပါးက ထွက်လာတော့ နေ့လည်စာ ဘူးတွေ ဝေပေးလိုက်တယ်၊ နေ့လည်စာ စားကြတယ်၊ ဖနပ်ကျွန်း ရောက်တော့ ingo က နှစ်ဖွဲ့ခွဲပြီး နှစ်ရွာ သွားလိုက်ချင်တယ်၊ လှေကလဲ ကမ်းကပ်ရ တအားခက် နေတယ်၊ လှေငယ် ကလေးနဲ့ လာကြိုရတယ်၊ မိုးက ဗျုံးဆို သည်းလာတယ်၊ ကိုခိုင်လဲ ရွှဲရွှဲစို သွားတော့တာပေါ့၊


အပြန်ခရီးမှာ ကံမကောင်းချင်တော့ လေ နဲ့ လှိုင်း မိလိုက်သေးတယ်

၂၀၁၄ ဇွန်လ ၁၄ ရက်

လေယာဉ်နဲ့ ပြန်လာတယ်

ကိုခိုင်တို့ မြန်မာ့လေကြောင်း လေယာဉ်က အရင် ရောက်ပါ၏။

0 comments:

Post a Comment

Video