title

title
hi

Friday, September 5, 2014

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ဆွေးနွေးပွဲ ကျင်းပ














ကမ္ဘာ့ဘဏ်၏ ထောက်ပံ့မှုဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက် ဆွေးနွေးပွဲအား ၂၀၁၄ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော် ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲသို့ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ငွေ၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးမှ Country Officer Mr. Nicholus Myint၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကိုကိုနှင့် တာဝန်ရှိသူများ၊ အခြားဌာန ဆိုင်ရာဝန်ထမ်းများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  အစိုးရအဖွဲ့မဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီဝင်များ၊ သတင်းမီဒီယာများ၊ ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် အခြားဖိတ်ကြားထားသူများ စုစုပေါင်း ၄၀၀ ကျော် တက်ရောက် ခဲ့ကြသည်။
ဆွေးနွေးပွဲတွင်  ဒုတိယ၀န်ကြီး ဦးတင်ငွေက စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပုံ အဆင့်ဆင့်နှင့် စီမံကိန်းနှစ်ပတ်လည်တွင် ဆောင်ရွက်ရမည့် လူထုစစ်ဆေးပွဲများ၊ အဖွဲ့အစည်းပေါင်း စုံပါဝင်သည့် သုံးသပ်ဆွေးနွေးပွဲ များအကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော် ကောင်စီဝင် ဦးမြင့်ဆွေက မြန်မာနိုင်ငံအတွင်း နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ထောက်ပံ့ပေးသည့် စီမံကိန်းများ၊ နိုင်ငံခြားအကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နေသည့် စီမံကိန်းများစွာရှိပြီး ယခုကဲ့သို့ လူထုဗဟိုပြု စီမံကိန်းကို တပ်ကုန်းမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရသည့်အချိန်တွင် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် မိမိတို့ကျေးရွာ ပိုမိုဖွံ့ဖြိုးလာအောင် ဆောင် ရွက်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကမ္ဘာ့ဘဏ်ရုံးမှ Country Officer Mr. Nicholus Myint က လူထုဗဟိုပြုစီမံကိန်းကို လူထု ကိုယ်တိုင် စီမံခန့်ခွဲသည့်နည်းလမ်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး ထိုသို့အကောင်အထည်ဖော်ရာ တွင် ကမ္ဘာ့ဘဏ်အနေဖြင့် ကူညီထောက်ပံ့ခွင့်ရရှိသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ယနေ့ မိတ်ဆက်ခြင်းအခမ်းအနားတွင် ပါဝင်ဆွေးနွေးခြင်းဖြင့် စီမံကိန်း စတင်အကောင်အထည်ဖော်သည့်အချိန်တွင် နည်း လမ်းတကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေး ဒုတိယပိုင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာအောင်က စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အဆင့်ဆင့် ရှင်းလင်းတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေးက စီမံကိန်းလက်စွဲတွင် ပါဝင်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့သည်။ တစ်ဆက်တည်းမှာပင် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလိုသည့်အချက်များကို မေးမြန်းကြ ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက မေးမြန်းချက်အားလုံးကို ပြန်လည်ဖြေကြားခဲ့ သည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်က ကျေးဇူးတင် စကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

0 comments:

Post a Comment

Video