နှစ်ပေါင်း (၂ဝ) တာ ကာလ အတွင်း ပထမ ဦှးဆုံး ပြုလုပ် ခဲ့သည့် ရွေးကောက်ပွဲ အပြီး ၂ဝ၁၁ ခုနှစ် တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သမ္မတ တာဝန် စတင် ထမ်းဆောင်ချိန်တွင် မြန်မာနိုင်ငံ သည် အမိန့်ပေး စနစ်ဖြင့် အုပ်ချုပ်သည့် စစ်အုပ်ချုပ်ရေးမှ ဒီမိုကရက်တစ် အစိုးရသို့ ပြောင်းလဲခြင်း၊ ဗဟို ချုပ်ကိုင်သည့် စီးပွားရေး စနစ်မှ ဈေးကွက် ဦးဆောင်သည့် စီးပွားရေး စနစ်သို့ ကူးပြောင်းခြင်း၊ နှစ်ပေါင်း ၆ဝ ကြာ ဖြစ်ပွား နေခဲ့သော နယ်စပ်ဒေသ ပဋိပက္ခများကို ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ခြင်း ဟူသော ၃ မျိုး ဘက်စုံ ပြောင်းလဲခြင်းဖြင့် စတင် ခဲ့သည်။ ဤ ပြုပြင် ပြောင်းလဲမှု များသည် မြန်မာ နိုင်ငံ အတွက် အခွင့် အရေးကြီး ဖြစ်လာမည် ဖြစ်သည်၊ သို့သော် ယင်းဧရိယာ (၃) ခု လုံးတွင် ပြောင်းပြန် အကျိုး သက်ရာက်မှုများ ဖြစ်ပေါ် လာပါက အခြား ဧရိယာများ ကိုလည်း ထိခိုက် စေနိုင်သည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရည်ညွှန်း သကဲ့သို့ (၃) မျိုးစုံ အပြောင်း အလဲ၏ အခြေခံသည် လူထု အခြေပြု စနစ်သို့ ပုံစံ ပြောင်းလဲမှု ဖြစ်သည်။ ဤအချက်တွင် ဝန်ဆောင်မှု လုပ်ငန်းများ ပေးအပ် နိုင် လာခြင်း၊ နိုင်ငံတော် အစိုးရ၏ ဘတ်ဂျက်ကို ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍသို့ ပိုမို အသုံးပြု လာစေခြင်း၊ အထက်မှ အောက်သို့ အမိန့်ပေး စေခိုင်းသော စနစ်မှ အောက်ခြေမှ လိုအပ်ချက် ကို အခြေခံပြီး စီမံကိန်း ချမှတ်ခြင်း များကို အဓိက ဦးစားပေး လုပ်ဆောင် လာစေသည်။ ဤ အပြောင်း အလဲကြောင့် ရာစုဝက်ကြာ တပ်မတော် အစိုးရ၏ အုပ်ချုပ်မှုများ အပြီး နိုင်ငံတော် နှင့် လူ့ အဖွဲ့ အစည်းကြား သိသာ ထင်ရှားသောပြုပြင် ပြောင်းလဲမှု ပြုလုပ်ရန် ကတိကဝတ် တစ်ခု ပေါ်ထွန်း လာစေသည်။ လူဦးရေ၏ ၇ဝ% ကျော် နေထိုင်သော မြန်မာ့ ကျးလက် ဒေသရှိ ကျေးရွာ များကို ဤ အခင်း အကျင်း အပြောင်း အလဲ ကဲ့သို့ ကြီးမားသော ပြုပြင် ပြောင်းလဲမှု ဖြစ်ပေါ် စေနိုင်သော အရာ မရှိပါ။ ဆယ်စုနှစ်ပေါင်း များစွာ လျစ်လျူရှု ထားခဲ့ပြီး ရင်းနှီး မြှုပ်နှံမှု လုံးဝ မပြုလုပ် ခဲ့သည့် အနေ အထား အပြီးတွင် ကျေးလက် ဒေသများ ရှိ ကျေးရွာများ သည် ဆင်းရဲ နွမ်းပါးမှု ဒဏ်ကို ပြင်းထန်စွာ ခံစား ခဲ့ကြရပြီး အရည်အသွေး ပြည့်ဝသော ဝန်ဆောင်မှုများ၊ အခြေခံ အဆောက် အဦ များကို လက်လှမ်း မမှီခဲ့ ကြသည့် အပြင် ဖွံ့ဖြိုးရေး အတွက်လည်း နှုတ်ဆိတ် နေခဲ့ ကြရသည်။
ဤ စီမံကိန်းသည် ထို အခင်း အကျင်း အပြောင်း အလဲကို များစွာ အထောက် အကူ ပြုနိုင်မည် ဖြစ်ပြီး အရည်အသွေး ပြည့်ဝသော ဝန်ဆောင်မှုများ နှင့် အခြေခံ အဆောက်အဦ များကို ရယူ သုံးစွဲ နိုင်ရေး အတွက် လိုအပ်ချက်များ၊ အကောင် အထည် ဖော်ရေး နည်းလမ်းများ ဖော်ထုတ်ရေး တို့အတွက် ကျေးလက် ဒေသနေ ဆင်းရဲ နွမ်းပါးသော လူထုအား စွမ်းအား ဖြည့် ပေးခြင်း ဖြင့် လူထု ဗဟိုပြု ဖွံ့ဖြိုးရေး စနစ်ကို အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။ ဤစီမံကိန်းသည် လူထုအား စွမ်းအား ဖြည့်တင်း ပေး သကဲ့သို့ အစိုးရအားလည်း ပြုပြင် ပြောင်းလဲရေး ရလာဒ် များကို အခြေခံ အဆင့်တွင် ပင် သက်သေ ပြနိုင် စေမည် ဖြစ်သည်။ ထို့ပြင် ဤ စီမံကိန်းသည် လူထုနှင့် အစိုးရ အကြား ကောင်းမွန်သော ဆက်ဆံရေး တစ်ခုကို ဖန်တီး ပေးနိုင်မည် ဖြစ်ပြီး နိုင်ငံတော် အစိုးရ၏ စီးပွားရေး ပြုပြင် ပြောင်းလဲမှု၏ အဓိက ရည်မှန်းချက် ဖြစ်သော ကျေးလက်ဒေသ ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေးကို အထောက်အကူ ပြုမည် ဖြစ်သည်။ အောင်မြင်မှုများ ရရှိ ခဲ့ပါက တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အကောင် အထည် ဖော်နိုင်မည် ဖြစ်သည်။
0 comments:
Post a Comment