title

title
hi

Thursday, October 17, 2013

မုံရွာမြို့တွင် ကျင်းပမည့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း လူထု ဗဟိုပြု စီမံကိန်း ဆောင်ရွက်ရန် မြို့နယ် ရွေးချယ်ခြင်း အစည်းအဝေး ဖိတ်ကြားလွှာ

လူထု အခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်း ဒုတိယနှစ် အကောင် အထည်ဖေါ် ဆောင်ရွက်ရန် စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် တစ်မြို့နယ်စီ ရွေးချယ် ရန်အတွက် အကြံဉာဏ် ရယူခြင်း အစည်း အဝေး များကို သက်ဆိုင်ရာ တိုင်း ဒေသကြီး/ ပြည်နယ် မြို့တော်များတွင် ကျင်းပ သွားမည် ဖြစ်ပါသည်။ ယင်း အစည်း အဝေးသို့ တိုင်း ဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း များ၊ လူမှု အဖွဲ့အစည်းများ၊ လူထု အခြေပြု အဖွဲ့အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်း များ အား ဖိတ်ကြား သွားမည် ဖြစ်ပါသည်။
ပထမဆုံး အစည်းအဝေးကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် မုံရွာမြို့၌ ကျင်းပမည် ဖြစ်ပြီး အောက်တိုဘာလ နောက်ဆုံးပတ် နှင့် နိုဝင်ဘာလ အတွင်းတွင် မကွေး၊ ပုသိမ်၊ ဘားအံ နှင့် စစ်တွေ မြို့တို့၌ ကျင်းပ သွားမည် ဖြစ်ပါသည်။ စီမံကိန်း မြို့နယ် ရွေးချယ်မှု ဆိုင်ရာ သတ်မှတ်ချက်များ၊ အစည်းအဝေး အစီအစဉ် နှင့် စီမံကိန်း အချက်အလက်များကို ဤ စာနှင့် အတူ ပူးတွဲ ပေးပို့ အပ်ပါသည်။ အစည်းအဝေးကို မြန်မာ ဘာသာ တစ်မျိုးတည်းဖြင့်သာ ဆောင်ရွက်မည် ဖြစ်ပြီး ဘာသာပြန် ပေးမည့် အစီအစဉ် ပါဝင်ခြင်း မရှိပါ။
အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူထု ဗဟိုပြု အဖွဲ့အစည်းများ နှင့် ဖွံ့ဖြိုးရေး မိတ်ဘက် အဖွဲ့အစည်းများ အနေဖြင့် မကွေးမြို့ တွင် ကျင်းပမည့် အစည်းအဝေးကို တက်ရောက်ရန် စိတ်ပါ ဝင်စားမှု ရှိပါက cdd.drdmyanmar@gmail.com သို့ အောက်တိုဘာလ ၂၃ ရက်ထက် နောက်မကျစေဘဲ ဆက်သွယ် အကြောင်း ကြားပါရန် နှင့် မုံရွာမြို့ တွင် အစည်းအဝေး ကျင်းပမည့် နေရာ နှင့် မကွေး၊ ပုသိမ်၊ ဘားအံ နှင့် စစ်တွေ မြို့တို့၌ ကျင်းပ သွားမည့် အစီအစဉ်များကို ဆက်လက် အကြောင်းကြား သွားမည် ဖြစ်ပါကြောင်း လေးစားစွာ အကြောင်း ကြားပါသည်။
ခန့်ဇော်
ဒုတိယအင်ဂျင်နီယာချုပ်
ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန

0 comments:

Post a Comment

Video