ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန
လူထု အခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်း
အကြံပေးခြင်း အစီအစဉ်
၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၈ ရက်
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်အား
လူထု အခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်းကို ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ
သန်း (၈၀) ထောက်ပံ့ခဲ့ပါသည်။ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနသည် စီမံကိန်းကို အကောင်အထည်ဖေါ်
ဆောင်ရွက်လျက် ရှိပါသည်။ ဤ စီမံကိန်း၏ ရည်ရွယ်ချက်သည် ဆင်းရဲ နွမ်းပါးသော ကျေးလက်နေ
ပြည်သူများ အခြေခံ အဆောက်အဦများ နှင့် ဝန်ဆောင်မှုများကို လူထု အခြေပြု နည်းလမ်းဖြင့်
လက်လှမ်း မှီ အသုံးချ နိုင်စေရန်၊ အစိုးရ၏ လူထု အခြေပြု ဖွံ့ဖြိုးရေးသို့ ပြောင်းလဲရာတွင်
အထောက်အကူ ပြုစေရန် နှင့် အစိုးရ၏ သဘာဝ ဘေးအန္တရာယ်နှင့်
အရေးပေါ် အခြေအနေ များတွင် တုန့်ပြန်မှု စွမ်းရည် တိုးတက် လာစေရန် ဖြစ်ပါသည်။ စီမံကိန်း
ပုံစံပြု ရေးဆွဲခြင်း နှင့် အကောင်အထည် ဖေါ်ခြင်း တို့တွင် သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံမှ
အကြံဉာဏ် ရယူခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် ပါရှိပါသည်။ ဤ စာတန်းတွင် လက်ရှိ
အချိန်အထိ သိမြင်သလောက်ကိုသာ ဖေါ်ပြထားခြင်း ဖြစ်ပြီး ပြောင်းလဲမှု ရှိလာပါက ထပ်မံ ပြင်ဆင်
တင်ပြ သွားမည် ဖြစ်ပါသည်။
သက်ဆိုင်သူ ပုဂ္ဂိုလ်များ
တွင် အဓိက အုပ်စု နှစ်ခု ခွဲခြားနိုင်ပါသည်၊ (၁) စီမံကိန်း၏ ကောင်းကျိုး ဆိုးကျိုးကို
ခံစားရမည့် ကျေးလက် ပြည်သူများ၊ (၂) အဓိက အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGOs)၊ လူထု
အခြေပြု အဖွဲ့အစည်းများ (CSOs) နှင့် ဖွံ့ဖြိုးရေး ဆောင်ရွက်နေသူ မိတ်ဘက် အဖွဲ့ အစည်းများ
အစရှိသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်ကြပါသည်။
ဤ သက်ဆိုင်သူ နှစ်မျိုးစလုံးသည်
ရည်မှန်းချက် တစ်ခုတည်း ဆီသို့သာ ဦးတည်သော အကြံပေးမှုကို လုပ်ဆောင်ကြမည် ဖြစ်သည်။ ထို
ရည်မှန်းချက်သည်ကား အစိုးရက အဓိက သက်ဆိုင်သူ များ၏ ကူညီ ထောက်ပံ့မှု အများဆုံး ရရှိသော
အကောင် အထည် ဖေါ်ရေး အစီအစဉ်များ ချမှတ်စေရေး နှင့် ဤ လုပ်ငန်း ဖြင့် အသက်မွေး လုပ်ငန်း
လုပ်ဆောင်နေသူတို့၏ အတွေ့ အကြုံ ဗဟုသုတ တို့ကို အသုံးချ၍ အကောင် အထည်ဖေါ်ရေး လုပ်ငန်းစဉ်များ
ရေးဆွဲရေး တို့ပင် ဖြစ်ပါသည်။ အဆုံးအားဖြင့် အကြံပေးခြင်းမှ စီမံကိန်း အပေါ်တွင် သက်ဆိုင်သူများ
နှင့် ကောင်းကျိုး ခံစားရမည့်သူများ၏ သဘောပေါက် နားလည်မှု ရရှိလာခြင်း၊ အလားတူ လူထု
အခြေပြု စီမံကိန်း ဆောင်ရွက် နေသူတို့ ထံမှ အတွေ့အကြုံ နှင့် ဗဟုသုတများ မျှဝေ ရရှိ
နိုင်ခြင်း၊ စီမံကိန်း ပုံစံပြု ရေးဆွဲရာ နှင့် အကောင် အထည် ဖေါ်ရာတွင် တိုးတက် ကောင်းမွန်
လာစေခြင်း၊ နှင့် စီမံကိန်း လုပ်ငန်းများကို ပိုင်ဆိုင်မှု နှင့် ရေရှည် တည်တံ့မှု ကောင်းမွန်
တိုးတက် စေခြင်း တို့ ဖြစ်ပေါ် လာနိုင်မည် ဖြစ်ပါသည်။
အကြံဉာဏ် ရယူခြင်းကို
စီမံကိန်း တလျှောက်လုံး လုပ်ဆောင် သွားရန် စီစဉ် ထားရှိသည်၊ လူထု ကို အာရုံ ပြုသော
စီမံကိန်း ပုံစံ ဖြစ်ပြီး လေ့လာ မှတ်သားမှု နှင့် ခံယူမှု ကို ထိန်းသိမ်း ထားမည်။
အကြံဉာဏ် ရယူခြင်းကို
ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ စီမံကိန်းရုံးက ဦးဆောင် မည် ဖြစ်သည်။
ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး မြို့နယ်ရုံးသည် ကျေးရွာ နှင့် ကျေးရွာ အုပ်စု များ၏
စီမံကိန်း စက်ဝန်း များတွင် အကြံပေးမှုများကို တာဝန်ယူမည် ဖြစ်သည်၊ ထို မြို့နယ်ရုံးကို
စီမံကိန်း ဆောင်ရွက်ရာတွင် နည်းပညာ အကူအညီ ပေးရန် ငှားရမ်း ထားသော အစိုးရ မဟုတ်သော
အဖွဲ့အစည်း များ နှင့် စည်းရုံးရေးမှူးများ၊ ကျေးရွာ စေတနာ့ ဝန်ထမ်း များက အကူအညီ ပေးကြမည်
ဖြစ်သည်။ ပြည်ထောင်စု အဆင့် ကျေးလက် ဒေသ ဖွံ့ဖြိုး
တိုးတက်ရေး ဦးစီးဌာနသည် အခြား သက်ဆိုင်ရာ ပုဂ္ဂိုလ် အဖွဲ့အစည်းများ၏ အကြံပေးခြင်းကို
တာဝန်ယူ သွားမည် ဖြစ်သည်။
စီမံကိန်း၏ အကျိုး ကျေးဇူး ခံစားရမည်သူများ၊
ကျေးရွာများ
ကိစ္စရပ်။ စီမံကိန်း တွင် အကျိုး ကျေးဇူး ခံစားရမည်သူ
အုပ်စု အားလုံး သာတူ ညီမျှ ခံစားခွင့် ရရှိစေရန်။
တက်ရောက်သူများ။ စီမံကိန်း ဆောင်ရွက်သော ကျေးရွာရှိ
အုပ်စုတိုင်း (အမျိုးသမီးများ၊ တိုင်းရင်းသားများ၊ အပယ်ခံများ) ကို စီမံကိန်း အကောင်
အထည်ဖေါ်သော ကာလ တလျှောက်လုံးတွင် တက်ကြွစွာ ပါဝင် အကြံပေး ကြစေရန် အားပေးသွားရန်။
လှုပ်ရှားမှုများ။
(က) ရွာလုံးကြွတ် အစည်းအဝေးများ ကျင်းပ၍ စီမံကိန်း အကောင် အထည်ဖေါ်သော ကာလ
တလျှောက်လုံး စီမံကိန်း နှင့် စီမံကိန်း လုပ်ငန်းခွဲများကို မိတ်ဆက် တင်ပြရန်၊ လှုပ်ရှားမှုများ
စီမံချက် ချရန်၊ လှုပ်ရှားမှုများ ကို ဆုံးဖြတ်ချက် ချရန်၊ တိုးတက်မှု ပုံမှန် အစီရင်ခံ
တင်ပြရန်
(ခ) စီမံကိန်း ပထမ နှစ်တွင် ကျေးရွာ ပြည်သူများသည် စေတနာ့ ဝန်ထမ်းများ၊
ကျေးရွာ အုပ်စု ဖိုရမ် တက်ရောက်မည့် ကိုယ်စားလှယ် များ၊ ကျေးရွာ အကောင် အထည် ဖေါ်ရေး
ကော်မတီဝင်များ၊ ဝယ်ယူရေး နှင့် စောင့်ကြည့် စစ်ဆေးရေး ဆပ် ကော်မတီဝင်များ ရွေးကောက်
တင်မြှောက်ကြမည် ဖြစ်ပါသည်။ ကျေးရွာတွင် ဖွံ့ဖြိုးရေး ကော်မတီများ ရှိနေပြီး ဖြစ်ပါက
ကျေးရွာသူ ကျေးရွာသားများ၏ ယင်းကော်မတီသည် စီမံကိန်းတွင် အသုံး ချနိုင်မှု အပေါ် အကြံပေးမှုကို
ရယူ ရမည် ဖြစ်ပါသည်။
(ဂ) စိမံကိန်း ပုံစံ၏ မျှော်မျန်းချက် အရ ကျေးရွာသားများသည် (၁) ဦးစားပေး
လိုအပ်ချက် များ နှင့် စီမံကိန်း လုပ်ငန်းခွဲများကို လူထု ပုးပေါင်း ပါဝင်မှု ဖြင့်
ဖေါ်ထုတ် သတ်မှတ် နိုင် (လိုအပ်လျှင် ပြင်ဆင် ဖြည့်စွက်နိုင်) လာမည်၊ (၂) စီမံကိန်း
လုပ်ငန်းခွဲများ ဆောင်ရွက် ပြီးစီးသော အခါ ကျေးလက် လူထုသည် လူထု ပူးပေါင်း ပါဝင်မှု
ဖြင့် ပြုပြင် ထိန်းသိမ်းရေး ကော်မတီများ ဖွဲ့စည်း၍ ဆက်လက် ဆောင်ရွက် နိုင်မည် ဖြစ်သည်။
(ဃ) ကျေးရွာ အဆင့် အကြံပေးခြင်း တွင် စီမံကိန်း လုပ်ငန်းခွဲ တစ်ခုချင်းစီတွင်
နည်းပညာ အကြံပေး ပုံစံ နှင့် အခြား မှတ်တမ်း မှတ်ရာများ ဆိုင်ရာ အကြံပေးခြင်း ဟူ၍ နှစ်ပိုင်း
ပါဝင်မည် ဖြစ်သည်၊ စီမံကိန်း လုပ်ငန်းခွဲ တစ်ခု၏ ပုံစံ ဒီဇိုင်း၏ လုံလောက်မှု အပြင်
ထိခိုက် ခံရနိုင်သော လူထု နှင့် အကျိုး ခံစားရမည့် လူထု တို့အပေါ် သက်ရောက် နိုင်ခြေ
နှင့် ကြိုတင် ပြင်ဆင် ထားရှိမှု တို့ကိုလည်း အကြံပေးရမည် ဖြစ်သည်။
(င) ယခု အချိန်တွင် ချထားပေးသော ရန်ပုံငွေသည် အနည်းငယ်သော
ပမာဏသာ ဖြစ်သဖြင့် သိသာ ထင်ရှားသော ပုံသေပိုင် ပစ္စည်း ဆုံးရှုံးရမှု၊ ရွှေ့ပြောင်း ပေးရမှုတို့
ရှိနိုင်မည် မဟုတ်သေးပါ။ အကယ်၍ ရှိလာပါက သဘာဝ ပတ်ဝန်းကျင် နှင့် လူမှု အကာအကွယ် ပေးရေး
မူဘောင် (ESSAF) ပါ လုပ်ငန်းစဉ်များ အတိုင်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ESSAF တွင် ယင်းသို့သော
ပုံသေပိုင် ပစ္စည်း ဆုံးရှုံးရမှု၊ ရွှေ့ပြောင်း ပေးရမှုတို့ ရှိသော စီမံကိန်း လုပ်ငန်းခွဲကို
အကောင် အထည် ဖေါ်ရာတွင် (၁) ဆိုးကျိုး ထိခိုက် ခံစားရမည့် လူထု နှင့် ကြိုတင် ဆွေးနွေး
အကြံပေးမှု ရယူရမည်၊ (၂) အလျော်ပေးရေး အစီအမံများ နှင့် အခြား ထောက်ပံ့မှု တို့အတွက် ဆွေးနွေး အကြံပေးမှု ရယူရာတွင် စီမံကိန်း လုပ်ငန်းခွဲကြောင့်
ပုံသေပိုင် ပစ္စည်း ဆုံးရှုံးရမှု၊ ရွှေ့ပြောင်း ပေးရမှုတို့ ထိခိုက် ခံစားရသော အိမ်ထောင်စု၏
သဘောထား အကြံပေးမှုကို သီးခြား ရယူရမည် ဖြစ်သည်။
(စ) စီမံကိန်း ပုံစံ ဒီဇိုင်း နှင့် အကောင် အထည် ဖေါ်ရေး
တို့သည် ESSAF တွင် ဖေါ်ပြသည့် အတိုင်း ဒေသခံ တိုင်းရင်းသားတို့ အကျိုး မခံစားရခြင်း
မဖြစ်ရလေအောင် အထူး ရည်ရွယ်သည်။ ဤ ကိစ္စရပ်များတွင် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အကြံပေးမှု
အပြည့် အဝ ရယူခြင်း နှင့် အနီးကပ် ပူးပေါင်း ပါဝင် စေခြင်း တို့ ပါဝင်သည်။ လှုပ်ရှားမှုတိုင်းသည်
ဒေသခံတို့၏ ရိုးရာ ဓလေ့ ထုံးစံ အတိုင်း နှင့် ဒေသသုံး ဘာသာ စကားဖြင့်သာ ဖြစ်စေရမည်
ဖြစ်သည်။
(ဆ) ကျေးရွာ စောင့်ကြည့် လေ့လာရေး ဆပ် ကော်မတီ ဝင်
တို့သည် ကျေးရွာသားများထံ လုပ်ငန်း တိုးတက်မှု အခြေအနေကို တင်ပြရမည်။ စီမံကိန်း ပုံစံ
ဒီဇိုင်း နှင့် အကောင် အထည် ဖေါ်ရေး တို့တွင် ဖေါ်ပြသည့် အတိုင်း စီမံကိန်း လုပ်ငန်းခွဲ
တစ်ခုချင်း၏ အသုံးစရိတ် ကို လူထု မြင်သာသော နေရာတွင် ပြသ ပေးရမည်။
(ဇ) ကျေးရွာသားများသည် မကျေနပ်ချက် တိုင်ကြား ဖြေရှင်းမှု
နည်းစဉ်ကို အသုံးပြု၍ ပြန်လှန် သတင်း ပို့ခြင်း ထောက်ပြ ဝေဘန်ခြင်းများ ပြုလုပ် နိုင်စေရမည်။
တည်နေရာ။ စီမံကိန်း
အကောင် အထည် ဖေါ်သော ကျေးရွာတိုင်းတွင် အကြံပေးမှု ရယူခြင်းများကို ကျေးရွာ အုပ်စု အဆင့်တွင်
လုပ်ဆောင်မည့် လူမှု စစ်ဆေးခြင်း ခံယူရန် ရည်မှန်း၍ ပြင်ဆင် ထားရမည်။
ဘာသာစကား။ အကြံပေးမှု
ရယူခြင်းကို ဒေသတွင် အသုံးများသော (လွှမ်းခြုံမှု ကောင်းသော) ဘာသာ စကား ကို အသုံးပြု
ဆောင်ရွက်မည် ဖြစ်သည်။ စာရွက် စာတန်းများ (ဥပမာ- သင်ကြားရေး လက်စွဲ၊ အကြံပေးမှု မှတ်တမ်းများ၊
စောင့်ကြည့် စစ်ဆေးမှု အစီရင်ခံစာ) တို့ကို မြန်မာ ဘာသာ နှင့် ဒေသသုံး ဘာသာ တို့ဖြင့်
ရေးသား၍ ကျေးရွာများ၊ ကျေးရွာအုပ်စုများတွင် ဖြန့်ဝေ ထားရမည်။ စီမံကိန်း တိုးတက်မှု
အကျဉ်း ကို အင်္ဂလိပ် ဘာသာဖြင့်ပါ ပြုစု၍ တည်ဆောက်ဆဲ ဝက်ဘ်ဆိုက်တွင် ဖေါ်ပြ သွားမည် ဖြစ်သည်။
နည်းလမ်း။ အကြံပေးမှု
ရယူခြင်းကို ပုံစံ မျိုးစုံဖြင့် ရယူ သွားမည် ဖြစ်ပါသည်၊ အများ ပြည်သူ ဆွေးနွေး နိုင်သော
ဖိုရမ်များ (ဥပမာ- ကျေးရွာ ကိုယ်စားလှယ် ရွေးချယ်ခြင်း နှင့် လူမှု စစ်ဆေးမှု ဆောင်ရွက်ရန်
ရွေးချယ်ခြင်း)၊ အုပ်စုဖွဲ့ ဆွေးနွေးခြင်း (ဥပမာ- အမျိုးသမီးများ ဆွေးနွေးပွဲ၊ တိုင်းရင်းသားများ
ဆွေးနွေးပွဲ၊ စီမံကိန်းကြောင့် ထိခိုက် ခံစားရမှု ရှိသူများ ဆွေးနွေးပွဲ)၊ အဓိက အင်တာဗျူးများ
(ဥပမာ- အရည် အသွေး စောင့်ကြည့် စစ်ဆေးမှု ဆိုင်ရာ၊ အကျိုး ဖြစ်ထွန်းမှု စစ်ဆေးခြင်း ဆိုင်ရာ)
အစရှိသဖြင့် ပါဝင်ပါသည်။ ကျေးရွာ စေတနာ့ ဝန်ထမ်း နှင့် စည်းရုံးရေးမှူး များ သည် ကျေးလက်
အကြံပေးမှု ရယူခြင်း အတွက် အဓိက ဇာတ်ကောင်များ ဖြစ်ကြပါသည်။ သုတေသန သမားများသည် အထူး
လေ့လာမှု များ ကို ဦးဆောင် လာနိုင်ပါသည်။
အခြား သက်ဆိုင်သူ ပုဂ္ဂိုလ်များ
ကိစ္စရပ်။ စီမံကိန်း
အကောင် အထည် ဖေါ် ဆောင်ရွက်မှု အခြေအနေ အချက် အလက် မျှဝေရန်၊ လူထု အခြေပြု ဖွံ့ဖြိုးရေး
အတွေ့အကြုံများ ရယူရန်၊ နှင့် စီမံကိန်း ပိုမို ထိရောက်မှု ရှိစေသော အကြံပြုချက်များ
ရယူ သွားရန်
တက်ရောက်သူများ။ အကြံပေးမှု
ရယူသော အစည်းအဝေ အမျိုးမျိုးတွင် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူထု အခြေပြု အဖွဲ့အစည်းများ
နှင့် ဖွံ့ဖြိုးရေး ဆောင်ရွက် နေသော မိတ်ဘက် အဖွဲ့အစည်းများ နှင့် ပညာရေး အသိုင်း အဝိုင်းများ၊
ပုဂ္ဂလိက ကဏ္ဍ၊ တိုင်းရင်းသား ကိုယ်စားလှယ် များ နှင့် ဘာသာရေး ခေါင်းဆောင်များ၊ နှင့်
မီဒီယာများကို ဖိတ်ကြား သွားမည် ဖြစ်ပါသည်။ အချို့ ပွဲ များကို ကျယ်ပြန့်စွာ ကျင်းပမည်
ဖြစ်ပြီး အချို့ အစည်း အဝေးများသည် အကြောင်း အရာ တစ်ခု အပေါ် အာရုံပြုသော ဆွေးနွေးပွဲများ
အဖြစ် တက်ရောက်သူ အနည်းငယ်မျှဖြင့် ကျင်းပမည် ဖြစ်ပါသည်၊ အထူးသဖြင့် လက်တွေ့ အသက်မွေးဝမ်းကြောင်း
အဖြစ် လက်တွေ့ လုပ်ကိုင် နေသူ တို့၏ အတွေ့ အကြုံ နှင့် ဗဟုသုတ များကို ရယူ သွားမည်
ဖြစ်ပါသည်။
လှုပ်ရှားမှုများ။ ကျေးလက်
ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန သည် အောက်ဖေါ်ပြပါ
လှုပ်ရှားမှုများတွင် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ ဖိတ်ကြားရန် စီစဉ် ထားရှိပါသည်-
(က) စီမံကိန်း ဆောင်ရွက်မှု လက်စွဲ မူကြမ်း ဆွေးနွေးခြင်း
(ခ) တိုင်း ဒေသကြီး ပြည်နယ် များတွင် စီမံကိန်း ဆောင်ရွက်မည့်
မြို့နယ် ကို သတ်မှတ်ချက်များ အတိုင်း ရွေးချယ်ခြင်း
(ဂ) စီမံကိန်း စတင်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲများ
တက်ရောက်ခြင်း
(ဃ) မြို့နယ် အတွင်း စီမံကိန်း မဆောင်ရွက်မီ လူထု သိရှိအောင်
ကျင်းပသော ပွဲများ တက်ရောက်ခြင်း
(င) ကျေးရွာများတွင် နှစ်စဉ် ဆောင်ရွက်မည့် လူမှု စစ်ဆေးရေး
များ တွင် လေ့လာသူ အဖြစ် တက်ရောက်ခြင်း
(စ) ခေါင်းစဉ် အခိုက် ဆွေးနွေးရန် နှင့် နှစ်ပတ်လည်
ဖွံ့ဖြိုးရေး ဈေးကွက် နှင့် နှစ်ပတ်လည် သက်ဆိုင်သူ မျိုးစုံ တက်ရောက် သော ပြန်လှန်
သုံးသပ်ခြင်း အစည်းအဝေးများ စုစည်း ကျင်းပပေးခြင်း
(ဆ) နှစ်ပတ်လည် ဖွံ့ဖြိုးရေး ဈေးကွက် နှင့် နှစ်ပတ်လည်
သက်ဆိုင်သူ မျိုးစုံ တက်ရောက် သော ပြန်လှန် သုံးသပ်ခြင်း အစည်းအဝေးများ တက်ရောက်ခြင်း
အခြား အကြံပေးမှု ရယူခြင်း အစည်းအဝေး များကိုလည်း အကြောင်း
အရာ တစ်ခုခြင်း အလိုက် တောင်းဆိုမှု ရှိပါက ကျင်းပ ဆောင်ရွက်မည် ဖြစ်ပါသည်။
နေရာ။ အကြံပေးမှု
ရယူခြင်း အစည်းအဝေး များကို စီမံကိန်း အကောင် အထည် ဖေါ်ရာ တိုင်း ဒေသကြီး ပြည်နယ် မြို့ကြီးများ
နှင့် ရန်ကုန် အပါအဝင် နေရာ မျိုးစုံတွင် ကျင်းပမည် ဖြစ်ပါသည်။
ဘာသာစကား။ အပြည်ပြည်
ဆိုင်ရာ မိတ်ဘက် အဖွဲ့အစည်းများ ပါဝင်သော အကြံပေးမှု ရယူခြင်း အစည်းအဝေး များကို မြန်မာ
ဘာသာ နှင့် အင်္ဂလိပ် ဘာသာ တို့ဖြင့် ဆောင်ရွက်မည် ဖြစ်ပါသည်။ အကောင် အထည် ဖေါ်ရာ တိုင်း
ဒေသကြီး ပြည်နယ် မြို့ကြီးများတွင် ကျင်းပသော အကြံပေးမှု ရယူခြင်း အစည်းအဝေး များကို
မြန်မာ ဘာသာ နှင့် ဒေသတွင် အသုံးများသော ဘာသာ စကားဖြင့် အသုံးပြု ဆောင်ရွက်မည် ဖြစ်ပါသည်။
အဓိက ပုံနှိပ် ထားသော စာရွက် စာတန်းများကို မြန်မာ အင်္ဂလိပ် နှစ်ဘာသာ ဖြင့် ပြုစု ထားမည်
ဖြစ်ပြီး အချို့ စာရွက် စာတန်းများ (ဥပမာ- စီမံကိန်း လုပ်ဆောင်မှု လက်စွဲ အကျဉ်း) တို့ကို
ဒေသသုံး ဘာသာ စကား ဖြင့်ပါ ပြုစု ထားမည် ဖြစ်ပါသည်။
နည်းလမ်း။ အကြံပေးမှု
ရယူခြင်း အစည်းအဝေး အများစုကို တက်ရောက်သူ နည်းများ သာ ကွာခြားမှု ရှိသော လူအများ တက်ရောက်သော
အစည်း အဝေး ပုံစံ ကျင်းပမည် ဖြစ်ပါသည်။ အင်တာနက် အသုံးပြုသော အကြံပေးမှု ရယူခြင်း များ
ကိုလည်း လိုအပ်သလို ကျင်းပ သွားမည် ဖြစ်ပါသည်။ ထို့ပြင် အမြင် များ၊ အကြံပေးမှု များကို
စီမံကိန်း ဝက်ဘ်ဆိုက် တွင် ချက်ချင်း ဖေါ်ပြ သွားမည် ဖြစ်ပါသည်။ အကြံပေးမှု အကျဉ်းချုပ်များ
ကိုလည်း တပါတည်း ဖေါ်ပြ သွားမည် ဖြစ်ပါသည်။
0 comments:
Post a Comment