title

title
hi

Tuesday, February 19, 2013

ဟားခါး နှင့် ထားဝယ် မြို့တို့တွင် ကျင်းပမည့် အကြံပေး အစည်းအဝေး ဖိတ်ကြားစာ

လူထု အခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်း အကောင် အထည်ဖေါ် ဆောင်ရွက်ရန် ချင်းပြည်နယ်၊ ရှမ်းပြည်နယ် နှင့် တနင်္သာရီတိုင်း ဒေသကြီး တို့တွင် တစ်မြို့နယ်စီ ရွေးချယ် ရန်အတွက် အကြံဉာဏ် ရယူခြင်း အစည်း အဝေးများကို သက်ဆိုင်ရာ တိုင်း ဒေသကြီး/ ပြည်နယ် မြို့တော်များတွင် ကျင်းပ သွားမည် ဖြစ်ပါသည်။ ယင်း အစည်းအဝေးများ သို့ သက်ဆိုင်ရာ ဒေသရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူထု ဗဟိုပြု အဖွဲ့အစည်းများ နှင့် ဖွံ့ဖြိုးရေး မိတ်ဘက် အဖွဲ့အစည်းများ အား ဖိတ်ကြား သွားမည် ဖြစ်ပါသည်။ အစည်းအဝေးကို ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက် နေ့တွင် ဟားခါးမြို့တွင် လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၇ ရက် နေ့တွင် ထားဝယ်မြို့ တွင် လည်းကောင်း အသီးသီး ကျင်းပ သွားမည် ဖြစ်ပါသည်။ စီမံကိန်း မြို့နယ် ရွေးချယ်မှု ဆိုင်ရာ သတ်မှတ်ချက်များ၊ အစည်းအဝေး အစီအစဉ် နှင့် စီမံကိန်း အချက်အလက်များကို ဤ စာနှင့် အတူ ပူးတွဲ ပေးပို့ အပ်ပါသည်။ အစည်းအဝေးကို မြန်မာ ဘာသာ တစ်မျိုးတည်းဖြင့်သာ ဆောင်ရွက်မည် ဖြစ်ပြီး ဘာသာပြန်ပေးမည့် အစီအစဉ် ပါဝင်ခြင်း မရှိပါ။ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူထု ဗဟိုပြု အဖွဲ့အစည်းများ နှင့် ဖွံ့ဖြိုးရေး မိတ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ဟားခါးမြို့ နှင့် ထားဝယ် မြို့တို့တွင် ကျင်းပမည့် အစည်းအဝေးကို တက်ရောက်ရန် စိတ်ပါ ဝင်စားမှု ရှိပါက kzaw.dda@gmail.com နှင့် kokhy.drd@gmail.com သို့ ဖေဖေါ်ဝါရီလ ၂၂ ရက်ထက် နောက်မကျစေဘဲ ဆက်သွယ် အကြောင်းကြားပါရန် နှင့် ဟားခါးမြို့ နှင့် ထားဝယ် မြို့တို့ တွင် အစည်းအဝေး ကျင်းပမည့် နေရာ နှင့် ကျင်းပမည့် အစီအစဉ်များကို ဆက်လက် အကြောင်းကြားသွားမည် ဖြစ်ပါကြောင်း လေးစားစွာ အကြောင်းကြားပါသည်။ ခန့်ဇော် ညွှန်ကြားရေးမှူး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန

0 comments:

Post a Comment

Video