title

title
hi

Monday, October 14, 2013

Invitation letter for consultation meetings in Sagaing Region :: စစ်ကိုင်းတိုင်း ဒေသကြီး အကြံဉာဏ် ရယူခြင်း အစည်းအဝေး ဖိတ်ကြားစာ



Dear Colleagues:

It is my pleasure to inform you that the Government of Myanmar is organizing consultation meetings in Sagaing Region, Magway Region, Ayeyarwaddy Region, Karen State and Rakhine State to assist in identifying the townships that will benefit from the National Community Driven Development Project (Ludu Bahopyu Project). We are inviting Non-Governmental Organizations, Civil Society Groups, Community Based Organizations and Development Partners with active programs in the respective Region/State to attend the meetings.

The first meeting will be held in Monywa on 25th October 2013. The meetings in Magway, Pathein, Pha-an and Sittwe will be held during October last week and November. You find attached a short note on the township selection process, the agenda for the Sagaing meeting and the project information document. Please note that all meetings will be held in Myanmar language without translation.

Non-Governmental Organizations, Civil Society Groups, Community Based Organizations and Development Partners with an active program in Sagaing Region and interested in participating in the Sagaing meeting should please contact us at cdd.drdmyanmar@gmail.com by 23rd October. The venue details and data table for the Sagaing meeting as well as further information about the Magway, Pathein, Pha-an and Sittwe meetings will be provided separately.

Sincerely,

Khant Zaw
Deputy Project Director
CDD Project Secretariat
Department of Rural Development



လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း ဒုတိယနှစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တစ်မြို့နယ်စီ ရွေးချယ်ရန်အတွက် အကြံဉာဏ် ရယူခြင်း အစည်းအဝေးများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များတွင် ကျင်းပသွားမည် ဖြစ်ပါသည်။ ယင်း အစည်းအဝေးသို့ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများအား ဖိတ်ကြားသွားမည် ဖြစ်ပါသည်။

ပထမဆုံး အစည်းအဝေးကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် မုံရွာမြို့၌ ကျင်းပမည် ဖြစ်ပြီး အောက်တိုဘာလ နောက်ဆုံးပတ်နှင့် နိုဝင်ဘာလ အတွင်းတွင် မကွေး၊ ပုသိမ်၊ ဘားအံနှင့် စစ်တွေ မြို့တို့၌ ကျင်းပသွားမည် ဖြစ်ပါသည်။ စီမံကိန်းမြို့နယ် ရွေးချယ်မှုဆိုင်ရာ သတ်မှတ်ချက်များ၊ အစည်းအဝေး အစီအစဉ်နှင့် စီမံကိန်း အချက်အလက်များကို ဤစာနှင့်အတူ ပူးတွဲပေးပို့ အပ်ပါသည်။ အစည်းအဝေးကို မြန်မာဘာသာ တစ်မျိုးတည်းဖြင့်သာ ဆောင်ရွက်မည် ဖြစ်ပြီး ဘာသာပြန်ပေးမည့် အစီအစဉ် ပါဝင်ခြင်း မရှိပါ။

အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူထုဗဟိုပြု အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေး မိတ်ဘက် အဖွဲ့အစည်းများအနေဖြင့် မုံရွာမြို့တွင် ကျင်းပမည့် အစည်းအဝေးကို တက်ရောက်ရန် စိတ်ပါ ဝင်စားမှု ရှိပါက cdd.drdmyanmar@gmail.com သို့ အောက်တိုဘာလ ၂၃ ရက်ထက် နောက်မကျစေဘဲ ဆက်သွယ် အကြောင်းကြားပါရန် နှင့် မုံရွာမြို့တွင် အစည်းအဝေး ကျင်းပမည့် နေရာနှင့် မကွေး၊ ပုသိမ်၊ ဘားအံနှင့် စစ်တွေ မြို့တို့၌ ကျင်းပသွားမည့် အစီအစဉ်များကို ဆက်လက် အကြောင်းကြားသွားမည် ဖြစ်ပါကြောင်း လေးစားစွာ အကြောင်းကြားပါသည်။
ခန့်ဇော်
ဒုတိယအင်ဂျင်နီယာချုပ်
ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန



To Download All Documents
Invitation Letter for Sagain Consultation Meeting - Eng, MM
Township Selection Outline


0 comments:

Post a Comment

Video