title

title
hi

Monday, September 16, 2013

ကမ္ဘာ့ဘဏ်အဖွဲ့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ CDD စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းလေ့လာ : World Bank Group and responsible people of Department of Rural Development inspect the villages in Kanpetlet Township, Chin State in which CDD Project is going to be implemented

လူထုအခြေပြုဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်နှင့် ဦးကျော်စွာအောင်တို့ ဦးဆောင်သောအဖွဲ့နှင့် ကမ္ဘာ့ဘဏ်မှ Task Team Leader Mr. Markus Kostner ဦးဆောင်သော အဖွဲ့ဝင်များသည် စက်တင်ဘာ ၈ ရက်နေ့မှ စက်တင်ဘာ ၁၂ ရက်နေ့အထိ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း လေ့လာခဲ့သည်။ 

အဖွဲ့ဝင်များသည် ကန့်သာရုံရွာ၊ ပါကွန်းရွာ၊ လွန်မောင်းရွာ၊ ဆောလောင်းရွာနှင့် မကျောက်အားရွာများသို့ သွားရောက် ကွင်းဆင်းလေ့လာခြင်း၊ ကန်ပက်လက်မြို့နယ် CDD စီမံကိန်းရုံးသို့ သွားရောက်လေ့လာခြင်း၊  မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကန်ပက်လက် မြန်မာ့စီပွားရေး ဘဏ်ခွဲသို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့သည်။

ကျေးရွာများသို့ ကွင်းဆင်း၍ လေ့လာရာတွင် ရွာသူရွာသားများအား စီမံကိန်းအကောင်အထည်ဖော်မည့် ပုံစံနှင့် စီမံကိန်းအတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ ရှင်းပြခြင်း၊ စီမံကိန်းအတွက် ရည်ရွယ်ရိုက်ကူးထားသည့် စီမံကိန်းဗီဒီယို ပြသခြင်း၊ ကျေးရွာလူထုအနေဖြင့် ဗီဒီယိုဇာတ်လမ်းတွင် ပါဝင်သည့် စီမံကိန်း စည်းမျဉ်းစည်းကမ်းများ အပေါ် နားလည်မှု ရှိမရှိ မေးမြန်းခြင်း၊ ကျေးရွာအခြေအနေနှင့် ပတ်သက်၍ သိလိုသည်များကို ရွာသားများအား ပြန်လည်မေးမြန်းခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ကျေးရွာတွင်းအစည်းအဝေး ကျင်းပပြီးသည့်အခါ ရွာအတွင်း လှည့်လှည် ကြည့်ရှု၍ ရွာသူရွာသားများ၏ အခြေအနေနှင့် ကျေးရွာ၏ လိုအပ်ချက်များကိုလည်း ကြည့်ရှုလေ့လာခဲ့သည်။
ကျေးရွာ ဆွေးနွေးပွဲများအနက် မကျောက်အား ကျေးရွာမှ ရွာခံတစ်ဦးက စီမံကိန်း၏ ဒဏ်ခတ်အရေးယူမှုအပိုင်းတွင် ကျေးရွာတစ်ရွာက မလျှော်မကန် ဆောင်ရွက်လျှင် အုပ်စုတစ်ခုလုံး ဒဏ်ခတ် အရေးယူခံရပါက မျှတမှု မရှိပါကြောင်း ဆွေးနွေးရာ ကမ္ဘာ့ဘဏ်မှ Mr. Nikolas Myint က ဒဏ်ခတ်အရေးယူရာတွင် ပြဿနာအတိမ်အနက်အပေါ် မူတည်၍ အဖွဲ့အလိုက်၊ ရွာအလိုက်၊ အုပ်စုအလိုက်၊ မြို့နယ်အလိုက်ဟူ၍ အဆင့်ဆင့်အရေးယူပါကြောင်း ပြန်လည် ရှင်းလင်းပြောကြားခဲ့ပါသည်။

မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင်များနှင့် တွေ့ဆုံရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာစာရင်းသည် ၁၉၈၆ ခုနှစ်က စာရင်းသာ ဖြစ်သဖြင့် ယခုအခါ ပြောင်းလဲမှုရှိနေကြောင်း တင်ပြဆွေးနွေးရာ ကမ္ဘာ့ဘဏ်မှ Mr. Markus Kostner နှင့် ဦးလှခိုင်တို့က ကျေးရွာအုပ်စုစာရင်း ပြောင်းလဲမှုမရှိပါက ဤစီမံကိန်းတွင် သက်ရောက်မှု မရှိပါကြောင်း ပြောကြားခဲ့ပြီး စီမံကိန်း ဗီဒီယိုနှင့် ပတ်သက်၍ မြို့နယ်ကော်မတီများ၏ သဘောထားကို မေးမြန်းရာ သီးခြားအကြံပြုစရာ မရှိပါကြောင်း ပြန်လည် ဖြေကြားကြပါသည်။
ကမ္ဘာ့ဘဏ်အဖွဲ့မှ တာဝန်ရှိသူအချို့က ကန်ပက်လက်မြို့နယ် မြန်မာ့စီပွားရေးဘဏ်ခွဲသို့ သွားရောက်၍ သိလိုသည့် အချက်များကို မေးမြန်းခဲ့ရာတွင် ဘဏ်မန်နေဂျာက သိလိုသည့်အချက်အားလုံးကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။




In order to implement National Community Driven Development Project, Deputy Director of Department of Rural Development U Hla Khaing and U Kyaw Swar Aung, and Party and Mr. Markus Kostner, Task Team Leader and Party inspected the villages in Kanpetlet Township from 8 Dec to 12 Dec.

Then the party members inspected Kanttharyone Village, Par Kun Village, Lun Maung Village, Saw Laung Village and Ma Kyaut Arr village, observed CDD project office, discussed with members of Township Planning and Implementation committee and Township Development Committee and observed Myanma Economic Bank (Kanpatlet Branch). 

During inspection trip, party members explained about Project Implementation Plan and specified Rules and Regulations for the Project, showed Project Video, shoot questions to check whether villagers understand rules and regulations explained in the video, asked villagers about the village condition. Then the party members explored around the village to check the villagers' condition and checked the requirements.
At the socialization workshop, one of the villagers from Ma Kyaut Arr Village raised the discussion that it is unfair to inflict punishment and take action on the whole village tract if only one of them behave improperly. Mr. Nikolas Myint explained that the punishment will be inflicted on the group stage, the village stage, the village tract stage and township stage according to problem emphasis.

At the meeting with the members of Township Development Committee and Planning and Implementation Committee, Township Administration Officer discussed that the numbers of the villages is listed according to 1986 list and there are some changes now. Mr. Markus Kostner and U Hla Khaing said that if the village tract did not change, there would be no effect on the project. Then the member asked the attitude of the township committees regarding the project video, the members confirmed that there was no other comments on it.

Responsible people from World Bank Group visited Myanma Economic Bank (Kanpetlet Branch) and raised the questions they have. Bank Manager responded all the questions thoroughly.

0 comments:

Post a Comment

Video