title

title
hi

Monday, September 16, 2013

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကိုကို ကမ္ဘာ့ဘဏ်အဖွဲ့အား လက်ခံတွေ့ဆုံ - U Soe Ko Ko, Director General of Department of Rural Development, meet with World Bank Group

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကိုကိုနှင့် အဖွဲ့သည် ကမ္ဘာ့ဘဏ်မှ Task Team Leader Mr. Markus Koster ဦးဆောင်သည့် အဖွဲ့အား လက်ခံတွေ့ဆုံခဲ့သည်။ 
အစည်းအဝေးတွင် Mr. Markus က မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုအခြေပြု ဖွံ့ဖြိုးရေးအမျိုးသားစီမံကိန်း၏ Task Team Leader အဖြစ် Mr. Ingo က လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ 

ကမ္ဘာ့ဘဏ်အဖွဲ့ လာရောက်တွေ့ဆုံသည့် အကြောင်းအရင်းမှာ စီမံကိန်းနှင့် ပတ်သက်၍ DRD ၏ ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို လာရောက် လေ့လာ စစ်ဆေး၍ လိုအပ်သည့် အချက်များကို ကူညီပေးခြင်း ဖြစ်ပါကြောင်း၊ DRD အဖွဲ့သားများအနေဖြင့် ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများနှင့် တတ်နိုင်သမျှ ကိုက်ညီအောင် ဆောင်ရွက်ထားသည်ကို တွေ့ရပါကြောင်း၊ အနည်းငယ် လွဲမှားနေသည့် အချို့ဆောင်ရွက်များမှာလည်း လုပ်ကိုင်ရသည့် အဆင့် များပြားခြင်းနှင့် လုပ်ထုံးလုပ်နည်းများကို ရင်းနှီးကျွမ်းဝင်မှု မရှိသေးသောကြောင့်သာ ဖြစ်ကြောင်းပြောကြားပါသည်။ 

ကမ္ဘာဘဏ်အနေဖြင့် အခြားနိုင်ငံများတွင်လည်း CDD project များ ဆောင်ရွက်လျက်ရှိသည့်အတွက် ထိုနိုင်ငံများသို့ သွားရောက် လေ့လာနိုင်ရန် စီစဉ်ထားပါကြောင်း၊ ထိုကဲ့သို့ သွားရောက်လေ့လာခြင်းဖြင့် ထိုနိုင်ငံများတွင် မည်ကဲ့သို့ ဆောင်ရွက်နေသည်၊ ဘာကြောင့် ဤကဲ့သို့ ဆောင်ရွက်ရသည်ဆိုသည့် အချက်များကို သိရှိခွင့်ရမည်ဖြစ် ကြောင်း၊ ထို့အပြင် လက်ရှိဆောင်ရွက်လျက်ရှိသည့် စီမံကိန်း အခြေအနေများနှင့် ပတ်သက်၍ အခြားဝန်ကြီး ဌာနများထံ အသိပေး ဆွေးနွေးဖလှယ်မှုများ ပြုလုပ်ပါက ပိုမိုအကျိုးများမည်ဟု ယူဆပါကြောင်း  ပြောကြားပါသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးကိုကိုကလည်း ဦးစီးဌာနအနေဖြင့် CDD project ကို အောင်အောင်မြင်မြင်၊ အချိန်မီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကြိုးစား နေပါကြောင်း၊ မိမိတို့ဦးစီးဌာနသည် မကြာသေးမီအချိန်က  မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် စီမံကိန်းအတွေ့အကြုံများကို အခြားဝန်ကြီးဌာနများသို့ မျှဝေပေးရန် စီစဉ်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ Mr. Markus အနေဖြင့် CDD စီမံကိန်း၏ Task Team Leader အဖြစ် ဆောင်ရွက်ခဲ့သည့်အချိန် တွင် ဦးစီးဌာနသို့ များစွာ အကူအညီပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

Mr. Markus က စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲမရှိ ဆောင်ရွက်နိုင်ခြင်းမှာ ကမ္ဘာ့ဘဏ်၏ လုပ်ဆောင်ချက်ကြောင့်သာမဟုတ်ဘဲ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏  ကြိုးစား အားထုတ်မှုသည်သာ အဓိကဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


U Soe Ko Ko, Director General of Department of Rural Development and party accepted the appointment with Mr. Markus Kostner Task Team Leader and party from World Bank. 

In the meeting, Mr. Markus announced that Mr. Ingo will be assigned as Task Team Leader of National Community Driven Development Project on behalf of him. 

The reason of meeting by the World Bank Group is to inspect the accomplishments of DRD and to fulfill the requirements if necessary. It is found out that DRD has tried all out effort to meet with the policies of World Bank and despite few mistakes, it is because of unfamiliarity with the policies and various steps to implement the tasks.

World Bank has plan to go and check other ongoing CDD projects in the other countries to find out how the concerned countries implement the projects and the reason they do that. Furthermore, it will be beneficial for the project if the current project measures are informed to the other Ministries and if they get participate in the discussion. 

U Soe Ko Ko, Director General of Department of Rural Development also said that the Department was trying hard to implement CDD project in time successfully, this department had been organized under the management of Ministry of Livestock, Fisheries and Rural Development recently, this department would conduct the workshops so that project experiences could be shared among other Ministries, and the department appreciated Mr. Markus who supported the department a lot as a Task Team Leader of CDD. 

Mr. Markus said that the accomplishments without any difficulties was because of not only the world bank's assistance but also the main effort by the Department of Rural Development.

0 comments:

Post a Comment

Video