title

title
hi

Wednesday, November 6, 2013

မကွေးတိုင်းဒေသကြီးအတွင်း လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့နယ်ရွေးချယ်ခြင်းဆိုင်ရာ အကြံဉာဏ်ရယူခြင်းအစည်းအဝေးကျင်းပ :: Consultation Meeting on township selection for the CDD project in Magway Region



ကမ္ဘာ့ဘဏ်၏ထောက်ပံ့မှုဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ်အတွက် မကွေးဒေသကြီးအတွင်း စီမံကိန်းအကျိုးခံစားခွင့်ရမည့် မြို့နယ်တစ်မြို့နယ်ရွေးချယ်ရန် အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ၂ဝ၁၃ နိုဝင်ဘာလ ၆ ရက်နေ့က မကွေးမြို့၊ မြိုတော်ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကမ္ဘာ့ဘဏ်မှကိုယ်စားလှယ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာအဖွဲ့များနှင့် အခြားဖိတ် ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက စီမံကိန်းအကြောင်း အကျဉ်းချုပ်နှင့် မြို့နယ်ရွေးချယ် ရန်အတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် အစည်းအဝေး အစီအစဉ်အတိုင်း တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခြင်း၊ တက်ရောက်လာသူများက အဖွဲ့ အလိုက် ဆွေးနွေးခြင်းဖြင့် စီမံကိန်းအတွက် အဆိုပြုမြို့နယ် ရွေးချယ် တင်ပြခြင်း၊ အဖွဲ့အသီးသီးမှ တာဝန်ခံ များက အဆိုပြုမြို့နယ် ရွေးချယ်ရခြင်းအကြောင်းကို ပြန်လည်တင်ပြခြင်း၊  အဖွဲ့လိုက်တင်ပြလာသည့် အဆိုပြု မြို့နယ်များအပေါ် အမှတ်ပေးတွက်ချက်၍ ရလဒ်များ တင်ပြခြင်းတို့ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတက်ရောက်သူများ၏ ရွေးချယ်မှုအရ မကွေးတိုင်းဒေသကြီးအတွင်း စီမံကိန်းခံစား ခွင့်ရ မြို့နယ်အဖြစ် ဦးစားပေးအဆင့်အလိုက် ရွေးချယ်ခံရသည့် မြို့နယ် ၃ ခုမှာ မင်းတုန်းမြို့၊ စေတုတ္တရာမြို့နှင့် ဆောမြို့တို့ ဖြစ်ပါသည်။ ထိုမြို့နယ်များအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ သဘောထားမှတ်ချက် ရယူပြီးနောက် နိုင်ငံခြားအကူအညီ စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ပါသည်။ ဗဟိုကော်မတီမှ အတည်ပြုပြီးပါက ကမ္ဘာ့ဘဏ်သို့ ဆက်လက်တင်ပြပြီး ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံ ချက် ရယူမည် ဖြစ်ပါသည်။ အဆင့်ဆင့်အတည်ပြုပြီးပါက လူထုဗဟိုပြုစီမံကိန်း၏ အကောင်အထည်ဖော်ရန် ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါသည်။

ဤစီမံကိန်းသည် ဆင်းရဲနွမ်းပါးသော ကျေးလက်နေပြည်သူများအနေဖြင့် အခြေခံ လူမှုစီးပွား အဆောက်အဦများနှင့် ဝန်ဆောင်မှုများကို လူထုအခြေပြုနည်းလမ်းဖြင့် လက်လှမ်းမီ အသုံးချနိုင်စေရန် ရည်ရွယ်ပါသည်။ 

စီမံကိန်းကို တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုမှ မြို့နယ်တစ်မြို့နယ်စီနှင့် အစိုးရအဖွဲ့ ရုံးစိုက်သည့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် စုစုပေါင်း မြို့နယ် ၁၅ မြို့တွင် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။ 

စီမံကိန်း စတင်အကောင်အထည်ဖော်သည့် ပထမနှစ် (၂၀၁၃-၂၀၁၄) တွင် ရှမ်းပြည်နယ် (မြောက်) ရှိ နမ့်ဆန်မြို့နယ်၊ ချင်းပြည်နယ်ရှိ ကန်ပက်လက်မြို့နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းစုမြို့နယ်တို့တွင် စီမံကိန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ဒုတိယနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်  ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။



For the Second Year of Community Driven Development Project which is being managed and implemented by the Department of Rural Development, the Ministry of Livestock, Fisheries and Rural Development with supports from World Bank, meeting for "Consultation Meeting on township selection For the CDD project" was celebrated at City Hall, Magway on 6 November 2013. Prime Minister of the Magway Division, responsible person from World Bank and the Department of Rural Department (Head office), responsible people from concerned department in Magway Division, responsible people from NGOs and political parties, media and other invited parties attended the meeting.
Prime Minister of Magway Division delivered the speech at first and responsible person of the Department of Rural Development explained about the project briefly and township selection criteria. Then the other activities were conducted viz. attendees asked their desired questions; attendees conducted group discussion and submitted proposed township; officer in charge made group discussion; and the results were presented based on discussed facts.
The three most priority townships to have the project implemented in Magway Division  are Min Tone  Township, Saytotetayar Township and Saw Township according to the choice of the attendees. The townships lists would be submitted to Foreign Aids Management Central Committee after getting comments from the Prime Minister of Magway Division. If the Central Committee has confirmed, it will be submitted to World Bank to get recommendation for no objection with the list. If the list was confirmed step by step, Community Driven Development Project would be implemented.
This project is to enable poor rural communities in Myanmar to benefit from improved access and use of basic infrastructure and services through a people-centered approach.
Project will be implemented in total 15 towns including each township of 7 States and 7 Divisions and Nay Pyi Taw Council Area in which the Government Offices are settled.
For the first year of the project (2013-2014), the projects are being implemented in Nansam Township (Shan State (North)), Kanpatlet Township (Chin State) and Kyun Su Township in Tanintharyee Division. For the second year, the project will be implemented in Sagaing Division, Magway Division, Ayeyarwaddy Division, Kayin State and Rakhine State.


0 comments:

Post a Comment

Video