title

title
hi

Monday, January 21, 2013

ကြုံရ တွေ့ရပုံများ ပြောပါသယ်..001


ကြုံရ တွေ့ရပုံများ ပြောပါသယ်..

အဲသနေ့ကဗျ.. ကျနော်နဲ့ ဦးစိုးမောင်နဲ့ ရှော့ပင်း လုပ်ကြတယ်..

ရှော့ပင်း ဆိုတာက ကမ္ဘာ့ဘဏ် ပရောဂျက် တွေမှာ ပစ္စည်း ဝယ်နည်း တစ်မျိုးရဲ့ အခေါ် ပါဘဲ..

ရှော့ပင်း အတွက် စာမျက်နှာ ရှစ်မျက်နှာ ရှိတဲ့ ဖေါင် တစ်ခု ဆွဲရတယ်..
ဝယ်တဲ့ အမယ် များရင် စာမျက်နှာ ပိုများမှာပေါ့..
ဖေါင် စာရွက်ကို ဆိုင်ရှင် ဆီ ပေးတဲ့အခါ ရရှိကြောင်း လက်မှတ် ယူရတယ်..

ဆိုင်ရှင်က စာမှာပါတဲ့ ပစ္စည်း ရောင်းချင်ရင် စာကို ကျနော်တို့ ရုံးကို ပြန်ပို့ ပေးရမယ်..

အဲသတော့ဗျာ.. စာရွက်ထုတ်ကြီး တကိုင်ကိုင်နဲ့ ဈေးဝယ် ထွက်ကြရော ဆိုပါ့..

အဲသမှာ ဒုက္ခ နဲ့ လှလှ နဲ့ တွေ့ရော..
ဖေါင် မှာ စာတွေက အင်္ဂလိပ် လို ..
ဆိုင်ရှင်တွေက ကိုယ့်ဆိုင် ရောင်းနေတဲ့ ပစ္စည်း တောင်မှ အေ ဘီ စီ ဒီ အစုံ အလင် မဖတ်ချင် ..

ပီးတော့ ဒီလို ပစ္စည်းလေး တစ်ခု နှစ်ခု ဝယ်တာကို ဒီလောက် များတဲ့ စာရွက် တွေ လိုက်ဝေတာလဲ မကြုံဘူး ..

ရရှိကြောင်း လက်မှတ် ထိုးပါ ဆိုတာကိုလဲ သရဲ နဲ့ တွေ့ရ မလောက် ကြောက်နေပြန် ပေါ့ဗျာ..
သိသမို့လား .. ကျနော်တို့ ဗမာ့သတ္တိ ..

သာဗေမဲ့ ကျနော်တို့ကလဲ ကမ္ဘာ့ဘဏ်ရဲ့ လုပ်ထုံး လုပ်နည်း ဆိုသဟာကြီးကလဲ ရှိသယ် ဆိုတော့ကာ..

တာဝန်ယူပါသယ် .. ဘာမှ မဖြစ်စေရဘူး .. ဘာညာ ပေါ့ဗျာ.. ချော့ရသယ် .. ချော့ ပြောရသယ် ..
ဈေးသယ်ကို ဈေးဝယ်က ချော့ ပြောရသာ ..

အဲ့သလိုနဲ့ ပေါ့ဗျာ .. ကျနော်တို့ မြို့မှာ ရှိရှိ သမျှ ဆိုင်ပေါက်စေ့ ရှောက် လိုက်သာ ..
ခြောက် ဆိုင်က လက်မှတ် ထိုး ပေး လိုက်သယ် ..
သွားသာ ကတော့ဗျို့ .. ဆိုင် နှစ်ဆယ်လောက် ..
တစ်နေကို ကုန်ရော..

ရှင်း ပြ လိုက် .. အာမခံလိုက် နဲ့ .. အာကိုပေါက် ကရော..

အဲသာနဲ့ ကျနော်တို့လဲ ကမ္ဘာ့ဘဏ် လုပ်ထုံး လုပ်နည်း ဆိုသာကြီးနဲ့ ပထမဆုံး အောင်မြင်စွာ ဈေးဝယ် ဘူးတဲ့ လူတွေ ဖြစ် ကရော ပေါ့လေ..

ကိုယ်က ဈေးဝယ်သာ .. သူတို့ ပြောတဲ့ ဈေးကို မဆစ်ဘဲ ဝယ်သာ..
အဲ့သဟာကို အောက်ကြို့ ပြောလာရသာတော့ မနိပ်ဘူးဗျို့..

အဲသာက ဈေးမေးသာဘဲ ရှိသေးသယ်..
နောက်မှ ပစ္စည်း လာပို့ရမှာ..
နောက် ပစ္စည်း လာပို့ရင်လဲ ..
အတိအကျ စစ်ဆေးပြီးမှ လက်ခံ ရရှိ စစ်ဆေးပြီး လက်မှတ် ထုတ်ပေးမှာ ..
ငွေက နောက် တစ်ပတ် မှ ရှင်းမှာ .. ဆိုသော့ကာ ..
သူရို့ မရောင်းချင်သာလဲ .. ရှိမှာ ဘဲလေ..

အဲ.. စည်းမျဉ်း စည်းကမ်း တကျ လုပ်ရသယ့် ဒုက္ခ ပြောပါသယ်..

ကြုံရ တွေ့ရပုံများ ပြောပါသယ်..
ကိုခိုင် နောက်တွေ့ကြုံလာသာ ရှိလာရင်လဲ ပြောပါဦး မဗျား..

0 comments:

Post a Comment

Video