title

title
hi

Tuesday, January 22, 2013

information release 23 jan 2013


2013 jan 23, office 14, nay pyi taw.

the community driven development (cdd) project secretariat is trying her best for the project.

the secretariat writes the articles about the project and publishes in the news papers.

the Sunday Talk of MRTV-4, 40 minute technical and social talk program, was broadcasted in 2013 jan 13, by the programmer myo myat thu, u hla khaing and dr zarnimin. the programmer and officials explained about the project, overview, the village development committees, project selection and planning by community, the implementation committee, monitoring and evaluation committee, environmental and social safeguard mechanism, grievance redress mechanism and consultation plan.

the officials of the secretariat will visit the region and state chief ministers in feburary for advocacy of the project and selection of the target township where the project will be implemented. the scheduled advocacy tours are:- 1) the third week of feburary to taunggyi, shan state, by u myint oo, u khant zaw, u ko ko naing, u hla khaing, u kyaw swa aung and dr zarnimin, 2) end of feburary to hakha, chin state, by u myint oo, u ko ko naing and u kyaw swa aung and 3) end of feburary to myeik, taninthari region, by u khant zaw, u hla khaing and u zaw min thike.


၂၀၁၃ ခုနှစ် ဇန္နဝါရီလ ၂၃ ရက်၊ ရုံး အမှတ် ၁၄၊ နေပြည်တော်။

လူထု အခြေပြု ဖွံ့ဖြိုးရေး စီမံကိန်း အဖွဲ့သည် စီမံကိန်း လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။

စီမံကိန်း နှင့် ပတ်သက်၍ ဗဟုသုတ ဖြစ်ဖွယ် ဆောင်းပါများကို ဖတ်ရှုရာတွင် မပျင်းရိစေအောင် ရေးသား၍ သတင်းစာ များတွင် မကြာခန ဖေါ်ပြ ပေးလျက် ရှိပါသည်။

MRTV-4 ရုပ်မြင် သံကြား အစီအစဉ်တွင် မိနစ် ၄၀ ကြာ ထုတ်လွှင့်သော Sunday Talk အစီအစဉ်တွင် အစီအစဉ်မှူး ဦးမျိုးမြတ်သူ နှင့် အတူ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ ဦးလှခိုင် နှင့် ဒေါက်တာ ဇာနည်မင်း တို့ ဆွေးနွေး တင်ပြခဲ့ပါသည်။ အစီအစဉ်တွင် စီမံကိန်း အကျဉ်း၊ ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီများ ဖွဲ့စည်းမည့် အစီအစဉ်၊ ကျေးရွာ လူထု၏ စီမံကိန်း လုပ်ငန်း ရွေးချယ် စီမံချက်ရေးဆွဲ မည့် အစီအစဉ်၊ အကောင် အထည် ဖေါ်ရေး ကော်မတီများ၊ စောင့်ကြည့် စစ်ဆေးမည့် ကော်မတီများ၊ သဘာဝ ပတ်ဝန်းကျင် နှင့် လူမှု အကာအကွယ်များ၊ မကျေနပ်ချက် တိုင်ကြား ဖြေရှင်းမည့် စနစ် နှင့် အကြံပေး အစီအစဉ် များကို တင်ပြ ခဲ့ကြပါသည်။

စီမံကိန်းရုံးမှ တာဝန်ရှိသော အရာရှိများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ် ဝန်ကြီးချုပ်များ ထံသို့ သွားရောက်ကာ စီမံကိန်း အကြောင်း ရှင်းလင်း တင်ပြခြင်း နှင့် အကောင်အထည်ဖေါ် ဆောင်ရွက်မည့် မြို့နယ် ရွေးချယ်ခြင်း တို့ အတွက် တင်ပြ ဆွေးနွေးမည် ဖြစ်ပါသည်။ ဤ ရှင်းလင်းပွဲများကို ဆောင်ရွက်ရာတွင် (၁) ဖေဖေါ်ဝါရီ လ တတိယပတ်တွင် တောင်ကြီးမြို့သို့ ဦးမြင့်ဦး၊ ဦးခန့်ဇော်၊ ဦးကိုကိုနိုင်၊ ဦးလှခိုင်၊ ဦးကျော်စွာအောင် နှင့် ဒေါက်တာဇာနည်မင်း တို့က လည်းကောင်း၊ (၂) ဖေဖေါ်ဝါရီ လ နောက်ဆုံးပတ်တွင် ဟားခါးမြို့သို့  ဦးမြင့်ဦး၊ ဦးကိုကိုနိုင်  နှင့် ဦးကျော်စွာအောင် တို့က လည်းကောင်း၊ (၃) ဖေဖေါ်ဝါရီ လ နောက်ဆုံးပတ်တွင် မြိတ်မြို့သို့  ဦးခန့်ဇော်၊ ဦးလှခိုင် နှင့် ဦးဇော်မင်းသိုက် တို့က လည်းကောင်း၊ အသီးသီး သွားရောက် ဆောင်ရွက်ကြမည် ဖြစ်ပါသည်။

0 comments:

Post a Comment

Video