title

title
hi

Friday, May 3, 2013

လူထု အခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်း စတင်အကောင်အထည်ဖော်မည့် ပထမ မြို့နယ် ၃ မြို့နယ် ရွေးချယ်ပြီးစီး



၃ မေ၊ ၂၀၁၃။ နေပြည်တော်

ကမ္ဘာ့ဘဏ်၏ ထောက်ပံ့မှုဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည့် လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း စတင်အကောင်အထည်ဖော်မည့်  ပထမ ဆုံး မြို့နယ် ၃ မြို့နယ်ကို ကမ္ဘာ့ဘဏ်၏ စည်မျဉ်းစည်းကမ်းချက်များနှင့်အညီ အတည်ပြု ရွေးချယ်ခဲ့ပါသည်။

စီမံကိန်း စတင်အကောင်အထည်ဖော်ရန် ရွေးချယ်ခြင်းခံရသည့် မြို့နယ် ၃ ခုမှာ ချင်းပြည်နယ်ရှိ ကန် ပက်လက် မြို့နယ်၊ ရှမ်းပြည်နယ်၊ ပလောင်အုပ်ချုပ်ခွင့်ရဒေသရှိ နမ့်ဆန်မြို့နယ်နှင့် တနင်္သာရီတိုင်းရှိ ကျွန်းစုမြို့ နယ်တို့ ဖြစ်ပါသည်။

မြို့နယ်များ ရွေးချယ်ရာတွင် ကမ္ဘာ့ဘဏ်နှင့် အစိုးရအဖွဲ့တို့၏ ညှိနှိုင်းချက်များအရ (၁) ဆင်းရဲမွဲတေမှု (၂) အခြားအဖွဲ့အစည်းများ၏ ထောက်ပံ့မှု ရှိမနေခြင်းနှင့် (၃) ဒေသအစိုးရ၏ ဆောင်ရွက်လိုမှု စသည့် အချက်များ အပေါ် အခြေခံ၍ ရွေးချယ်ခြင်းဖြစ်သည်။ 

ပဏမအဆင့်တွင် ထိုအချက်များနှင့် ကိုက်ညီသည့် တိုင်းဒေသကြီး/ပြည်နယ် ၃ ခု ကို ရွေးချယ်ခဲ့ရာ ချင်း ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ကို ရွေးချယ်ခဲ့ပါသည်။ ထို့နောက် ရွေးချယ်ခံရသည့် တိုင်းဒေသကြီး/ပြည်နယ်များ၏ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အချက်အလက်များကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီဌာနမှ ပြုစုပေးခဲ့ပါသည်။ 

ထိုတိုင်းဒေသကြီးများတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်သော အကြံဉာဏ် ရယူခြင်းအစည်းအဝေးများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမကထပြု၍ ကျင်းပခဲ့ပြီး တိုင်း ဒေသကြီး/ပြည်နယ်အတွင်းရှိ ဒေသအာဏာပိုင်များ၊ ကိုယ်စားလှယ်တော်ကြီးများ၊ တိုင်းရင်းသားအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသတွင်းတွင် ဖွံ့ဖြိုးရေးဆောင်ရွက်နေသော မိတ်ဘက် အဖွဲ့အစည်း များနှင့် လူထုအခြေပြု အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။

ထိုအစည်းအဝေးများအရ သတ်မှတ်ချက်နှင့်ကိုက်ညီသော မြို့နယ်သုံးမြို့နယ်ကို ရွေးထုတ်၍ တိုင်းဒေသ ကြီး/ ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြခဲ့ပါသည်။ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်က မြို့နယ်သုံးခုကို ဦးစားပေး အစဉ် ပြုစု၍ မြို့နယ်တစ်မြို့နယ်ချင်းအပေါ် သဘောထားမှတ်ချက်ပြုပြီး အမျိုးသား စီမံကိန်းရေးဆွဲရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနသို့ တင်ပြခဲ့ပါသည်။ ထိုမှ တစ်ဆင့် နိုင်ငံခြား အကူအညီစီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ မြို့နယ် ၁ ခု ရွေးချယ်ပေးရန် ဆက်လက် တင်ပြ ခဲ့ရာ မူလက ရွေးချယ်တင်ပြခဲ့သည့် ဦးစားပေးအစီအစဉ်ထဲမှ ပထမဦးစားပေး မြို့နယ်များကိုသာ အတည်ပြု ရွေး ချယ်ပေးခဲ့ပါသည်။

ရွေးချယ်ထားသည့် မြို့နယ် ၃ ခု စာရင်းကို ကမ္ဘာ့ဘဏ်သို့ ပေးပို့ခဲ့ရာ ကမ္ဘာ့ဘဏ်မှ ကန့်ကွက်ရန် မရှိ  ကြောင်း ထောက်ခံအတည်ပြုပေးခဲ့သည့်အတွက် ထိုမြို့နယ် ၃ ခုတွင် စီမံကိန်းလုပ်ငန်းများ စတင် အကောင် အထည် ဖော်နိုင်ရန် စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 


0 comments:

Post a Comment

Video