title

title
hi

Tuesday, March 18, 2014

မြို့ ပြအင်ဂျင်နီယာများငှားရမ်းရန် အတွက် ကြော်ငြာခြင်း


မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန
(ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)
လူထုဗဟိုပြုစီမံကိန်း
IDA Grant H814-MM
မြို့ ပြအင်ဂျင်နီယာများငှားရမ်းရန် အတွက် ကြော်ငြာခြင်း
Reference No: C-13/ 2014
၁။ ကမ္ဘာ့ဘဏ်၏ ထောက်ပံ့ငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူလျှက် လူထုဗဟိုပြု စီမံကိန်း (National Community Driven Development Project- CDD) ပထမနှစ်အတွင်းကန်ပက်လက်မြို့နယ် (ချင်းပြည်နယ်)၊နမ့်ဆမ်မြို့နယ် (ရှမ်း/မြောက်)နှင့် ကျွန်းစုမြို့နယ် (တနင်္သာရီတိုင်းဒေသကြီး) တို့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသောလူထုအခြေပြု စီမံကိန်းလုပ်ငန်းခွဲများအတွက် ကျေးလက် အခြေံခံအဆောက်အအုံဆိုင်ရာဒီဇိုင်းနှင့် ခန့်မှန်းခြေရေးဆွဲ၊ တွက်ချက်မှုများ၊ ကြီးကြပ် ဆောက်လုပ်ခြင်းများကိုအချိန်နှင့် တပြေးညီကွက်ပြည့်နင်းဆောင်ရွက် ပြီးစီးနိုင်ရန် ရည်ရွယ်လျှက် အောက်ပါ အရည်အချင်းနှင့် ပြည့်စုံသော မြို့ပြအင်ဂျင်နီယာများအလိုရှိသည်-
(က) အနိမ့်ဆုံးB. Tech (Civil)ဘွဲ့ရရှိသူ (သို့) ဖော်ပြပါ လုပ်ငန်းနှင့် ဆက်စပ်သောဘွဲ့နှင့် အတွေ့အကြုံရှိသူ ဖြစ်ရမည်။
(ခ ) ကွန်ပျူတာအခြေခံရှိပြီး၊ AutoCAD အသုံးပြုတတ်ရမည်။
(ဂ ) ကျေးလက် အခြေခံအဆောက်အအုံဆိုင်ရာဒီဇိုင်းရေးဆွဲ၊ တွက်ချက်ခြင်းနှင့် ကြီးကြပ် ဆောက်လုပ်ခြင်းအတွေ့အကြုံ အနည်းဆုံး (၃)နှစ်ရှိရမည်။
(ဃ) ဒေသခံဘာသာစကားကျွမ်းကျင်သူကိုဦးစားပေးမည်။
၂။ လုပ်ငန်းကာလမှာ ၂၀၁၄-ခုနှစ်၊ မေလမှစ၍ (၃) လဖြစ်ပြီး၊ လျှောက်ထားသူ၏ အရည်အချင်းနှင့် စီမံကိန်းခွင့်ပြုငွေ အပေါ် မူတည်၍ သက်တမ်းတိုးစာချုပ်ချုပ်ဆိုသွားမည် ဖြစ်သည်။ လျှောက်ထားလိုသူများအနေဖြင့် ကိုယ်ရေးအကျဉ်း၊ ပညာအရည်အချင်းထောက်ခံချက်၊ လုပ်ငန်းအတွေ့အကြုံ၊ အခြားလိုအပ်သောအထောက်အထားများဖြင့် အောက်ဖော်ပြပါ အတိုင်းလိပ်မှု၍ ၂၀၁၄-ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့ထက် နောက်မကျစေပဲစာတိုက်မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ အီးမေးလ်ဖြင့် ဖြစ်စေပေးပို့ လျှောက်ထားနိုင်ပါသည်။ ဖော်ပြပါ စီမံကိန်းမြို့နယ်(၃) မြို့နယ်ထဲမှ မည့်သည့်ဒေသတွင် တာဝန် ထမ်းဆောင်လိုကြောင်း (သို့မဟုတ်) မည်သည့်ဒေသတွင်မဆို တာဝန်ထမ်းဆောင်နိုင်ကြောင်းကိုလျှောက်လွှာတွင် ထင်ရှားစွာရေးသားဖော်ပြထားရမည်။
၃။ လုပ်ငန်းအကြောင်းနှင့် ထမ်းဆောင်ရမည့် တာဝန်များ၊ အသေးစိတ်အချက်အလက်များကိုစီမံကိန်း၏ ၀က်ဆိုဒ်ဖြစ်သော (http://www.cdd.drdmyanmar.org)၏ကြော်ငြာကဏ္ဍတွင် ရယူနိုင်ပြီး၊ သက်ဆိုင်ရာ မြို့နယ်များရှိ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးများတွင်လည်းကောင်း၊ အောက်ပါ ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာသို့ ဆက်သွယ်၍ လည်းကောင်းမေးမြန်းစုံစမ်း နိုင်ပါသည်။
လိပ်မှုရန်-
ဦးမြင့်ဦး (ဒုတိယညွှန်ကြားရေးမှူးချုပ်)
လူထုဗဟိုပြု စီမံကိန်းရုံးခန်း၊
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊
ရုံးအမှတ် (၁၄)၊နေပြည်တော်။
ဖုန်း/ ဖက်(စ်)၊ ၀၆၇- ၄၀၉ ၄၁၃
Email:drdmyanmar@gmail.com

0 comments:

Post a Comment

Video