title

title
hi

Monday, March 31, 2014

ကမ္ဘာ့ဘဏ်မှ Country Manager ဖြစ်သူ Mr. Kanthan Shankar အား လက်ခံတွေ့ဆုံ



နေပြည်တော် မတ် ၃၁
မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် ကမ္ဘာ့ဘဏ်မှ Country Manager ဖြစ်သူ Mr. Kanthan Shankar နှင့်အဖွဲ့အား ယနေ့နံနက် (၁၀း၃၀) နာရီအချိန်တွင် ၀န်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူထုအခြေပြု ဖွံ့ဖြိုးရေးအမျိုးသားစီမံကိန်း( CDD Project) ၏ ဒုတိယနှစ်တွင် အကောင်အထည်ဖော်မည့် မြို့နယ်များရွေးချယ်ရေးကိစ္စ၊ ကရင်ပြည်နယ်ရှိ မြို့နယ်များရွေးချယ်ရေး အစီအစဉ်အား စီမံကိန်းအကောင်အထည်ဖော်ရေး စံနှုန်းများနှင့်ကိုက်ညီစေမည့် စီမံကိန်းကာလ၏ တတိယနှစ်တွင် အကောင်အထည်ဖော်ရေးကိစ္စ၊ ယခုလာမည့်စီမံကိန်း ဒုတိယနှစ်တွင် ရန်ကုန်၊နေပြည်တော် နှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ် (၆)မြို့နယ်အား အကောင်အထည်ဖော်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကိုကို နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပါသည်။

လူထုဗဟိုပြုစီမံကိန်းအား ပထမနှစ်(၂၀၁၃-၂၀၁၄) တွင် (၃)မြို့နယ်၊ ဒုတိယနှစ်(၂၀၁၄-၂၀၁၅)တွင် (၆)မြို့နယ်၊ တတိယနှစ်(၂၀၁၅-၂၀၁၆) တွင် (၆)မြို့နယ် ၊ ပြည်နယ်/တိုင်းဒေသကြီး (၁၄)ခုနှင့် နေပြည်တော်
ကောင်စီနယ်မြေအပါအ၀င် စုစုပေါင်း (၁၅)မြို့နယ်တွင် အကောင်အထည်
ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

0 comments:

Post a Comment

Video