title

title
hi

Tuesday, July 15, 2014

လူထုဗဟိုပြုသော ကျေးလက်ဖွံ့ဖြိုးရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ







ဇူလိုင် ၁၆၊ နေပြည်တော်

 နိုင်ငံတော်သမ္မကြီး၏ လမ်းညွန်ချက်နှင့်အညီ နိုင်ငံတော်၏ တတိယအဆင့် အရှိန်မြှင့်တင်မှု (Third wave) လုပ်ငန်းစဉ်(၃) တွင်အကောင်အထည်ဖော်ဆောင်ရွက်မည့် လူထုဗဟိုပြုသော ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကို ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက်၉နာရီ က မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခမ်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ဒုတိယ၀န်ကြီး ဦးတင်ငွေ၊ ဒေါက်တာအောင်မြတ်ဦးနှင့် ဦးခင်မောင်အေး၊ ဦးစီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အခြားတာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်မှ Country Officer Mr. Nikolus Myint နှင့် အဖွဲ့၊ လူထုဗဟိုပြုစီမံကိန်း နည်းပညာအကူအညီပေးရေးအဖွဲ့မှ အကြံပေးပုဂ္ဂိုလ်များနှင့် ပြည်နယ် နှင့်တိုင်း အသီးသီးမှ သင်တန်းတက်ရောက်လာသူ ၀န်ထမ်း ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်း၏ အဓိကရည်ရွယ်ချက်မှာ လူထုအခြေပြုစနစ်ဖြင့် ပြည်သူလုထု ၀န်ဆောင်မှုလုပ်ငန်းများ မြှင့်တင်ပေးရန်၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသာ ၀န်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန်နှင့် စီမံ ခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းများ တိုးတက်လာစေရန်ဖြစ်ပြီး သင်တန်းတက်ရောက်လာသူများအနေဖြင့် သင်တန်း တွင် ကြိုးကြိုးစားစား လေ့လာသင်ယူ၍ မိမိတို့လေ့လာသင်ယူထားသမျှကို လုပ်ဖော်ကိုင်ဖက်များ၊ စီမံကိန်း ကျေးရွာ များရှိ ကျေးရွာသူ၊ ကျေးရွာသားများအားလည်း ဆင့်ပွားသင်ကြားပေးရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ကမ္ဘာ့ဘဏ်မှ Country Officer Mr. Nikolus Myint က မိတ်ဆက်စကား ပြောကြားရာတွင် ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံတွင် လူထုဗဟိုပြုနည်းလမ်း အသုံးပြုသည့် စီမံကိန်းကို ပထမဆုံး ထောက်ပံ့ပေး သည့် အဖွဲ့အစည်းဖြစ်ပြီး ယင်းစီမံကိန်းကို အစိုးရမှ ပူးပေါင်းပါဝင်လာခြင်းအတွက် ၀မ်းမြောက်မိပါကြောင်း ပြော ကြားခဲ့သည်။ ဆက်လက်၍ အခမ်းအနား တက်ရောက်လာသူများအားလုံး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး နောက် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါသင်တန်းကို ဇူလိုင်လ ၁၆ ရက်မှ ၂၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး လူထုဗဟိုပြု ချဉ်း ကပ်နည်း အကျဉ်းချုပ်၊ လူထုတိုင်းပါဝင်သည့် စီမံကိန်း စီစဉ်ဆောင်ရွက်ခြင်း၊ လူထုစွမ်းဆောင်ရည် မြှင့်တင်ပေး ခြင်း၊ ကျေးလက်စီမံကိန်း လုပ်ငန်းများတွင် ငွေကြေး ခွဲဝေသုံးစွဲခြင်း၊ ပစ္စည်းဝယ်ယူခြင်းအတွက် လုပ်ထုံး လုပ်နည်းများ သင်ကြားပေးခြင်း၊ တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စီမံကိန်းကို ကြီးကြပ် စစ်ဆေးခြင်း၊ လူထုဆန်းစစ်လေ့လာခြင်း၊ ကျားမ တန်းတူအခွင့်အရေး ရရှိစေခြင်း၊ လုပ်ငန်းများနှင့် ပတ်သက်၍ ဝေဖန်အကြံပြုချက်များ လက်ခံဖြေရှင်းခြင်းနည်းလမ်းများအပြင် ဌာနဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူထု၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ပိုမိုကောင်းမွန်တိုးတက်အောင် မည်သို့ဆောင်ရွက်ရမည် စသည့် အချက်များကို သင်ကြားပို့ချသွားမည် ဖြစ်သည်။

0 comments:

Post a Comment

Video