title

title
hi

Thursday, May 16, 2013

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့ - စီမံကိန်းအကြောင်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖိတ်ကြားစာ


လူထု အခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ရွေးချယ်ခံရသည့် တနင်္သာ​ရီ​တို​င်း ကျွန်းစုမြို့၌ ၂၀၁၃ မေလ ၂၂ ရက်နေ့တွင် လူထုအခြေပြု ဖွံ့ဖြိုးရေး စီမံကိန်းအကြောင်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ယင်းဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူထုဗဟိုပြု အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့အစည်းများအား ဖိတ်ကြားသွားမည် ဖြစ်ပါသည်။

ဆွေးနွေးပွဲ အစီအစဉ် (မူကြမ်း) အား ဤစာနှင့် အတူ ပူးတွဲ ပေးပို့အပ်ပါသည်။ ဆွေးနွေးပွဲတွင် ကျေးရွာ လူထုအတွက် စီမံကိန်းလုပ်ငန်းခွဲများအကြော်း ရှင်းလင်းပြောကြားခြင်းမှအပ ကျန်အစီအစဉ်များကို မြန်မာ ဘာသာ တစ်မျိုးတည်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး ဘာသာပြန်ပေးမည့် အစီအစဉ် ပါဝင်ခြင်း မရှိပါ။

အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူထုဗဟိုပြု အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေး မိတ်ဘက်အဖွဲ့အစည်းများ အနေဖြင့် ကျွန်းစုမြို့တွင် ကျင်းပမည့် လူထုအခြေပြု ဖွံ့ဖြိုးရေး စီမံကိန်းအကြောင်း မိတ်ဆက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ရန် စိတ်ပါဝင်စားမှုရှိပါက leiyinwin.cdd@gmail.com နှင့် မိတ္တူကို kzaw.dda@gmail.com  သို့ မေလ ၁၈ ရက်ထက် နောက်မကျစေဘဲ ဆက်သွယ် အကြောင်းကြားပါရန် လေးစားစွာ အကြောင်းကြားပါသည်။


လေးစားစွာဖြင့်
လဲ့ယဉ်ဝင်း
Communication Specialist
Community Driven Development Project

0 comments:

Post a Comment

Video