title

title
hi

Friday, May 16, 2014

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် လူထုဗဟိုပြုစီမံကိန်းအကြောင်းမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖိတ်ကြားခြင်း




ရန်ကုန်တိုင်းဒေသကြီးအတွင်း လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့နယ်ရွေးချယ်ခြင်းဆိုင်ရာ အကြံဉာဏ်ရယူခြင်းအစည်းအဝေးကျင်းပပြီးစီးခြင်း
22 May, 2014
ကမ္ဘာ့ဘဏ်၏ထောက်ပံ့မှုဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်အတွက်  ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းအကျိုးခံစားခွင့် ရမည့် မြို့နယ်တစ်မြို့နယ်ရွေးချယ်ရန် အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ၂ဝ၁၄ မေလ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပခဲ့သည်။
          အစည်းအဝေးသို့ ရန်ကုန်တိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးစိုးမင်း၊  ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် အခြား ဖိတ်ကြားထား သူများ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
          အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက အဖွင့်မိန့်ခွန်းပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးခန့်ဇော်က စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်း တင်ပြသည်။ ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စီမံကိန်း မြို့နယ်ရွေးချယ်ခြင်းနှင့်ပတ်သက်၍ သတ်မှတ်ထားသည့်အချက်များကို ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာသူများက သိလိုသည့် အချက်များကို မေးမြန်းဆွေးနွေးကြသည်။
          အစည်းအဝေးတက်ရောက်လာသူများက အဖွဲ့ငယ်များခွဲ၍ အဖွဲ့လိုက် ဆွေးနွေးခြင်းဖြင့် စီမံကိန်း အတွက် အဆိုပြုမြို့နယ် ရွေးချယ်တင်ပြခြင်း၊ အဖွဲ့အသီးသီးမှ တာဝန်ခံများက အဆိုပြုမြို့နယ် ရွေးချယ်ရခြင်း အကြောင်းကို ပြန်လည်တင်ပြခြင်း၊  အဖွဲ့လိုက် တင်ပြလာသည့် အဆိုပြုမြို့နယ်များအပေါ် အမှတ်ပေးတွက်ချက်၍ ရလဒ်များ တင်ပြခြင်းတို့ ပြုလုပ်ခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်း ခဲ့သည်။
          အစည်းအဝေးတက်ရောက်သူများ၏ ရွေးချယ်မှုအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်း အကျိုးခံစားခွင့်ရ မြို့နယ်အဖြစ် ဦးစားပေးအဆင့်အလိုက် ရွေးချယ်ခံရသည့် မြို့နယ် ၃ ခုမှာ ထန်းတပင် မြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့ ဖြစ်ပါသည်။ အဆိုပါ ဦးစားပေး အဆိုပြုမြို့နယ်များနှင့် ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ သဘောထားမှတ်ချက် ရယူပြီးနောက် နိုင်ငံခြားအကူအညီ စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ပါသည်။ ဗဟိုကော်မတီမှ အတည်ပြုပြီးပါက ကမ္ဘာ့ဘဏ်သို့ ဆက်လက် တင်ပြပြီး ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်ရယူ၍ အဆင့်ဆင့် အတည်ပြုပြီးပါက လူထုဗဟိုပြု စီမံကိန်း အကောင်အထည်ဖော်ရန် ဆက်လက်ဆောင်ရွက်မည် ဖြစ်သည်။
          ဤစီမံကိန်းသည် ဆင်းရဲနွမ်းပါးသော ကျေးလက်နေပြည်သူများအနေဖြင့် အခြေခံ လူမှုစီးပွား အဆောက်အဦများနှင့် ဝန်ဆောင်မှုများကို လူထုအခြေပြုနည်းလမ်းဖြင့် လက်လှမ်းမီ အသုံးချနိုင်စေရန် ရည်ရွယ်ပါသည်။ စီမံကိန်းကို တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုမှ မြို့နယ်တစ်မြို့နယ်စီနှင့် အစိုးရအဖွဲ့ ရုံးစိုက်သည့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် စုစုပေါင်း မြို့နယ် ၁၅ မြို့တွင် အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ၂ဝ၁၃ ခုနှစ်တွင် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်မြို့နယ်နှင့် တနင်္သာရှိတိုင်းဒေသကြီးရှိ ကျွန်းစုမြို့နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိပါသည်။
          စီမံကိန်း ဒုတိယနှစ်ဖြစ်သည့် ၂၀၁၄ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ ပင်လယ်ဘူးမြို့နယ်၊ မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးရှိ လေးမျက်နှာမြို့နယ်နှင့် ရခိုင် ပြည်နယ်ရှိ အမ်းမြို့နယ်တို့အား စီမံကိန်းအကျိုးခံစားခွင့်ရ မြို့နယ်များအဖြစ် ရွေးချယ်ထားပြီး နေပြည်တော် ကောင်စီနယ်မြေတွင်  စီမံကိန်း အကောင်အထည်ဖော်မည့် မြို့နယ်တစ်မြို့နယ် ရွေးချယ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

0 comments:

Post a Comment

Video