title

title
hi

Wednesday, June 12, 2013

Namhsan township socializing workshop

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း မိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီးစီးခြင်း
ကမ္ဘာ့ဘဏ်၏ ထောက်ပံ့မှုဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် လူထု အခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်း မိတ်ဆက် အလုပ်ရုံ ဆွေးနွေးပွဲ ကို ၂၀၁၃ ဇွန်လ ၁၁ ရက်နေ့ နံနက် ၉း၃၀ နာရီက ရှမ်းပြည်နယ် နမ့်ဆန်မြို့၊ ပလောင်ဒေသ ဦးစီးအဖွဲ့ ခန်းမ၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်နယ် ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ် ဒေါ်ထက်မိုးနွယ်ဝင်း၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး နှင့် ဒုတိယ ညွှန်ကြားရေးမှူး ဦးလှခိုင်၊ ရှမ်းပြည်နယ် စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း နှင့် စည်ပင်သာယာရေး အဖွဲ့ ဝန်ထမ်းများ၊ နယ်မြေခံ တပ်မမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လူထု အခြေပြု အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သတင်းနှင့် စာနယ်ဇင်းများမှ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ ကော်မတီဝင်များနှင့် အခြား ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။
The Project Socializing Workshop of CDD Project in Namhsan Township was held at Palaung Self Administration Committee meeting Hall, 0930 : 2013 June 11, by Department of Rural Development, the implementation department of CDD.





















အလုပ်ရုံ ဆွေးနွေးပွဲတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်နယ် ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူမှ အဖွင့် အမှာစကား ပြောကြားပြီး ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ကျော်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားပါသည်။ ယင်းနောက် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးလှခိုင်က စီမံကိန်း အကြောင်း အကျဉ်းချုပ် နှင့် မြို့နယ်အဆင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် စီမံကိန်းနှင့် ပတ်သက်၍ သတ်မှတ် ထားသည့် စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်း တင်ပြခဲ့သည်။
State Minister of Security and Border Affairs HE Col. AungThu, World Bank Representative Daw Htet Moe Nwe Win, DDG of DRD U Myint Oo, DD of DRD UHlaKhaing, State Development Committee Director U Sai TunTun and Officials of Development Affairs, Local Tatmataw Personnels, District and Township Officials, NGOs, CSOs, Media, Village Tract Administrators and Members attended.

















ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက် လာသူများက သိလိုသည့် အချက်များကို မေးမြန်း ခဲ့ပြီး ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးလှခိုင်က အသေးစိတ် ပြန်လည် ရှင်းလင်း ဖြေကြား ခဲ့သည်။ အစည်းအဝေး တက်ရောက် လာသူများမှ သိလိုသည့် အချက်များ ကို မေးမြန်း ပြီးနောက် ဦးလှခိုင် ကလည်း ဆွေးနွေးပွဲ တက်ရောက် လာသည့် ကျေးရွာနှင့် ကျေးရွာ အုပ်စုများမှ တာဝန် ရှိ သူများ အား ကျေးရွာများ ၏ အခြေအနေ များနှင့် ပတ်သက်၍ သိလိုသည် များကို ပြန်လည် မေးမြန်း ခဲ့သည်။
 The Participants asked questions Actively, and UHlaKhaing Responded the questions. After the questions of Participants, UHlaKhaing asked some questions about VillageTracts.
ထို့နောက် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး က တက်ရောက် လာသူ အားလုံးအား ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။ ထို့နောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်နယ် ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ က နိဂုံးချုပ် အမှာစကား ပြောကြားပြီး အလုပ်ရုံ ဆွေးနွေးပွဲကို ရုပ်သိမ်း ခဲ့သည်။
UMyintOo Addressed a speech. Then HE AungThu addressed the closing speech.

kokhy

0 comments:

Post a Comment

Video