title

title
hi

Tuesday, April 22, 2014

(Jaunary– March 2014) ပထမ(၃) လပတ်အတွင်းလက်ခံဖြေရှင်းခဲ့သောအကြံပြုတိုင်ကြားချက်များ

လူထုဗဟိုပြု စီမံကိန်း၏ ဝေဖန်အကြံပြု တိုင်ကြားခြင်းစနစ်နှင့်ပတ်သက်သောဆရာဖြစ်သင် တန်းအား နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ကန်ပက်လက်၊ နမ်ဆန် နှင့် ကျွန်းစုမြို့နယ် အသီးသီးရှိ စီမံကိန်းဝန်ထမ်းများအား ပို့ချခဲ့ပါသည်။ ယင်းနောက် မြို့နယ်မှစီမံကိန်းဝန်ထမ်းများ သည်အကြံပြု တိုင်ကြားခြင်းစနစ်နှင့်လုပ်ထုံးလုပ်နည်းများအားရပ်ရွာလူထုအားသတင်းမျှဝေစည်းရုံးခြင်းအစီအစဉ်မှတဆင့် ဖြန့်ဝေခဲပါသည်။ပထမအကြိမ် သတင်းမျှဝေစည်းရုံးခြင်းအစီအစဉ်အား စီမံကိန်းရွာပေါင်း (၃၉၁) တွင်လုပ်ဆောင် ခဲ့ပြီးဖြစ်ပါသည်။
၂၀၀၄ ခုနှစ်ပထမ ၃လပတ်တွင်စီမံကိန်း (၃) မြို့နယ်မှဝေဖန်အကြံပြုတိုင်ကြားချက် စုစုပေါင်း (၃၃)ခုကိုလက်ခံဖြေရှင်းခဲ့ပါသည်။ စာဖြင့် (၁၇)ခုလူကိုယ်တိုင်/ အစည်းအဝေးမှတဆင့် (၁၂)ခုနှင့် ဖုန်းဖြင့် (၄)ခုလက်ခံရရှိခဲ့ပါသည်။ အကြံပြု တိုင်ကြားချက်၏ ၆၀% မှာရပ်ရွာလူထုထံမှ ဖြစ်ပြီးကျန် ၄၀% ခန့်မှမူစီမံကိန်းတွင်းစီမံခန့်ခွဲမှုဆိုင်ရာအကြံပြုချက်များဖြစ်ကြသည်။
လက်ခံရရှိသောအကြံပြုချက်အား မြို့နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အကြံပြု ကော်မတီများမှ ညှိနှိုင်းတိုင်ပင်ဖြေရှင်းခဲ့ကြသည်။ အချို့ အကြံပြုချက် (ဥပမာ-မေးခွန်းနှင့်ဆိုင်သောကိစ္စရပ်) များကိုမူလက်ခံရရှိချိန်တွင်ချက်ခြင်းအကြောင်းပြန်နိုင်ခဲ့ပါသည်။
ဝန်ထမ်းများနှင့်ပတ်သက်သောစီမံခန့်ခွဲမှုနှင့်ဆိုင်သောအကြံပြုချက်များမှာ -
၁)သယ်ယူပို့ဆောင်ရေးကိစ္စများ (ဓါတ်ဆီဖိုး၊ ယာဉ်ဆိုင်ရာပြသာနာများ)
၂)ဆက်သွယ်ရေးဆိုင်ရာကိစ္စများ အဓိကပါဝင်ပါ သည်။
ယင်းအကြံပြုချက်များကိုပြည်ထောင်စုအဆင့်အကြံပြုကော်မတီမှတိုင်ပင်ဖြေရှင်းကာအကြံပြုသူထံသို့အကြောင်းပြန်ပြီးဖြစ်ပါသည်။ ၀န်ထမ်းရေးရာနှင့်ဆိုင်သောကိစ္စများကိုလည်းသက်ဆိုင်ရာ မြိုနယ်အဆင့်နည်းပညာအကြံပေးအဖွဲ့၏ရုံးချုပ်သို့ (TTA) သို့ ညွန်းပို့ခဲ့ပါသည်။
ရပ်ရွာလူထုမှ အကြံပြု တိုင်ကြားခဲ့သောကိစ္စများများမှာ -
၁) မြို့နယ် စီမံကိန်းအစီအစဉ် ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ဆောင်ရေးကော်မတီ(TPIC) မှ အတည်ပြုပေးခဲ့သောစီမံကိန်းခွဲ (sub-project) များအပေါ်မကျေနပ်ခြင်း၊
၂) ရွာ၏ စီမံကိန်းလုပ်ငန်းခွဲအတွက် ရရှိသောထောက်ပံ့ငွေများလုံလောက်မှုမရှိဟုထင်၊
၃) ပိုစတာများအားလူအများမြင်နိုင်သောနေရာတွင်ထားရန်
၎) စီမံကိန်းနှင့်ပတ်သက်သောလတ်တလောသတင်းများသိလိုခြင်း၊
စသည့် အကြံပြု တိုင်ကြာချက်များပါဝင်သည်။ အကြံပြု တိုင်ကြားချက်အားလုံးကိုဖြေရှင်းခဲ့ပြီးဖြစ်ပါသည်။ အရေးကြီးသောအကြံပြု တိုင်ကြားချက်အချို့၏အသေးစိတ်ကိုအောက်တွင်ဖော်ပြပါ ဇယားတွင်ကြည့်ပါ။ အချို့သောအကြံပြု ချက်များကိုစာဖြင့်အကြောင်းပြန်နိုင်သော်လည်းအချို့မှာမူကျေးရွာအတွင်းအစည်း အဝေးပြုလုပ်ခြင်းကာတစ်ရွာလုံးအားရှင်းပြခဲ့ရသည်။

အကြံပြု တိုင်ကြားချက်များ
ဖြေရှင်းပုံအဆင့်ဆင့်
ရွာမှ ဦးစားပေးရွေးချယ်ထားသောစီမံကိန်းခွဲသည် 
အခြားရံပုံငွေများ (နတလ၊ ကျေးလက်၊ လွှတ်တော်) 
 စီမံကိန်းများနှင့်တိုက်ဆိုင်နေသည့်အတွက်
 မြို့နယ်စီမံကိန်းအစီအစဉ် ရေးဆွဲရေးနှင့်
 အကောင်အထည်ဖော် ဆောင်ရေးကော်မတီ (TPIC)သည်ဒုတိယဦးစားပေးစီမံကိန်းခွဲကိုသာယခုနှစ် စီမံကိန်းစက်ဝန်းတွင်ဆောင်ရွက်ရန်အတည် ပြုလိုက်သည်။
ယင်းကိုရပ်ရွာလူထုမှ မကျေနပ်ပါ။ အခြားရံပုံငွေကဘယ်ဆီမှမှန်းမသေခြာ၊
 သေခြာသောဒီစီမံကိန်းကိုသာလိုချင်ပါ သည်။
အလားတူကိစ္စမျိုး(၃)ရွာခန့်တွေ့ရသည်။
မြို့နယ်အဆင့် DRD နှင့် Twonship TA များပါဝင်သော အကြံပြု ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ
 (TPIC)နှင့်ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ (TPIC) အနေဖြင့် 
ယင်းရွာအားအခြားစီမံကိန်းနှင့် တိုက်ဆိုင်နေသည့်အတွက် ပထမအစားဒုတိယနေရာသို့ ရွေ့ရခြင်းဖြစ်သည်။ သို့သော်လည်းမည်သည့် အချိန် ထောက်ပံ့ကြေးရမည်ကိုအာမခံနိုင်ခြင်းမရှိပါ။
 ဆွေးနွေးခြင်းအပြီးနောက်ဆုံးတွင် 
 ပထမဦးစားပေးစီမံကိန်းအားအတည်ပြုပေးလိုက် သည်။
TPIC မှအတည်ပြုချက်များကိုလက်ခံသည်။ သို့သော် 
ဒုတိယဦးစားပေးစီမံကိန်းကိုရွေးချယ်ရမည့်
အစားတတိယဦးစားပေးကိုရွေးချယ်ထားသည့်အတွက် 
 ရွာသူရွာသားများမကျေနပ်။

မြို့နယ်အဆင့် DRD နှင့် Twonship TA များပါဝင်သော အကြံပြုကော်မတီအစည်းအဝေးတွင် ထိုရွာ၏ဖွံ့ဖြိုးရေးအစီအစဉ်
 ပြန်လည်သုံးသပ်ခဲ့သည်။ ဒုတိယဦးစားပေးစီမံကိန်းတတိယအဆင့်
တွင်ရောက် နေကြောင်းတွေရသည်။ အကြောင်းမှာကျေးရွာအုပ်စုအဆင့် စီမံကိန်းအထောက် အကူပြု ကော်မတီ၏ ဆုံးဖြတ်ချက်ဖြစ် ကြောင်းသိရသည်။ ရွာသားများအားယင်းကိစ္စကိုပြန်လည်ရှင်းပြပြီးဒုတိယစီမံကိန်းစက်ဝန်းတွင်
ဒုတိယဦးစားပေး
လုပ်ငန်းအားလုပ်ဆောင်ရန် သဘောတူကြသည်။ 
ရံပုံငွေများခွဲခြမ်းရာတွင် လူဦးရေကိုအခြေခံသည်ဟုထင်ပါသည်။ 
မိမိတို့ရွာသည် လူဦးရေများသော်လည်းရရှိသောငွေအချိုးမှာနည်းသည့်
အတွက်မကျေနပ်ပါ။
မြို့နယ် စီမံကိန်းရုံး၏အကြောင်းပြန်ချက် မှာ - ရံပုံငွေများကိုလူဦးရေအလိုက်ဖြင့် ထောက်ပံ့ခြင်းကိုအုပ်စုအဆင့်
တွင်သာကျင့်သုံးပါသည်။ ကျေးရွာအဆင့်တွင် စီမံကိန်း၏ခန့်မှန်းကုန်ကျစားရိတ်ကိုသာအခြေခံ၍အုပ်စုအဆင့်
စီမံကိန်းအထောက်အကူပြုကော်မတီများမှဆုံးဖြတ်ကြသည် 
 ဟုရှင်းပြခဲ့ပါသည်။ 
စီမံကိန်းလုပ်ငန်းများကိုသတ်မှတ်ထားသောအချိန်တွင်ပြီးဆုံးရန် 
အချိန်လုဆောင် ရွက်ရပါသည်။ ဘဏ္ဌာရေးနှင့် ၀ယ်ယူရေး လုပ်ငန်းအဆင့်ဆင့်သည်ရှုတ်ထွေးလှသည့် 
 အတွက် လုပ်ငန်းကြန့်ကြာလျက်ရှိသည်။
မြို့နယ်စီမံကိန်းရုံး၏အကြောင်းပြန်ချက်မှာ - CDD စီမံကိန်း၏ရည်ရွယ်ချက်နှင့်
ပတ်သက်ပြီးရှင်းပြသည်၊ လုပ်ငန်းခွဲများ ပြီးဆုံးခြင်းထက်လူထုမှဦဆောင်ကာပူပေါင်းဆောင်ရွက်မှုဖြင့်
အရေအသွေးတိုးတက်မှုကိုပိုမိုလို
လားကြောင်းအကြောင်းပြန်ခဲ့ပါသည်။
CDD စီမံကိန်း၏ထောက်ပံ့ငွေသည် 
 အခြားရံပုံငွေများနှင့်နှိုင်းယှဉ်လျှင်အလွန်နည်းပါ သည်။သို့သော်လုပ်ဆောင်လုပ်ထုံးလုပ်နည်းများမှာ
များပြားရှုတ်ထွေးသည့်လှသည့်အ တွက်ရပ်ရွာမှစိတ်ဝင်စား
မှုနည်းလာနိုင်ပါ သည်။ အခြားထောက်ပံ့ငွေများမှာမူသင်တန်းများ
ပင်တက်စရာမလိုဘဲတစ်လုံးတစ်ခဲရပါသည်။
စီမံကိန်း၏ပိုစတာများကိုလူအများမြင်နိုင်သည့်နေရာတွင်
ကြော်ငြာပေးပါရန် လက်ရှိပိုစတာများကိုမူရာအိမ်မှူးကသူ့
၏အိမ်တွင်သာကပ်ထားသည့်မည်သူမျှမမြင်ပါ။
မြို့နယ် စီမံကိန်းရုံး၏အကြောင်းပြန်ချက်မှာ-  ရပ်ရွာလူထု၏အကြံဥာဏ်များကိုယူပြီး ၄င်းသို့ သတ်မှတ်သောနေရာတွင် စီမံကိန်းပိုစတာအသစ်များကိုသွားထပ်မံကြော်ငြာခဲ့ပါသည်။
မိမိတို့ရွာအတွက်ရသောထောက်ပံ့ငွေမှာစီမံကိန်းလုပ်ငန်းဆောင်ရွက်ရန်အတွက်
လုံလောက်မှုမရှိ ဟုထင်ပါသည်။အုပ်စုတူအခြားရွာ ၏စီမံကိန်းအတွက်မှာမူပိုလျှံနေသည်။ ထို့အတွက်အဆင်ပြေရန်စီစဉ်ပေးစေချင်ပါသည်။
မြို့နယ် စီမံကိန်းရုံး၏အကြောင်းပြန်ချက်မှာ - ရွာရှိစီမံကိန်းအတွက် ကုန်ကျစားရိတ်တွက်ချက်ခြင်းကို မြို့နယ် အဆင့် အင်ဂျင်နီယာများမှ စနစ်တကျ တွက်ချက်ထားမှုကိုအခြေခံပြီးရသင့်သောငွေများကိုမူအုပ်စုအဆင့်စီမံကိန်းအထောက် အကူပြု ကော်မတီမှနေပြီး ခွဲဝေခြင်းဖြစ် ပါသည်။ အကယ်၍လိုအပ်မှုများဖြစ်ပေါ်လာပါကမြို့နယ်အင်ဂျင် နီယာများနှင့် ညှိနှိုင်းဆောင် ရွက်ရပါမည်။


အခြားအကြံပြု ချက်များမှာ - အုပ်စုကော်မတီအစည်းအဝေးအား အုပ်စုရွာများလှည့်လည် ကျင်းပရန်၊ အစည်းအဝေးအား ကြိုတင်အကြောင်းကြားရန်၊ တနင်္ဂနွေနေ့တွင်မကျင်းပရန် စသဖြင့်ပါဝင်ပါသည်။ ယင်းတို့ကိုသက်ဆိုင်ရာစည်းရုံးရေးမှူးများနှင့် ညှိနှိုင်းဆောင်ရွက် ပြီးစီးကြောင်းအကြောင်းပြန်ခဲ့ပါသည်။ 


Download PDF Document

0 comments:

Post a Comment

Video