title

title
hi

Monday, April 7, 2014

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှတာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း တွင်တာဝန်ထမ်းဆောင်ရန် ၀န်ထမ်းလျှောက်လွှာခေါ်ယူခြင်း


မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန
(ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)
National Community Driven Development Project- CDD
IDA Grant: H813-MM
ကမ္ဘာ့ဘဏ်၏ထောက်ပံ့ငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (Department of Rural Development- DRD)က
တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြု စီမံကိန်းတွင် တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါ
အရည်အချင်းနှင့် ပြည့်စုံသော ၀န်ထမ်းများ အလိုရှိသည်-
၁။ Finance and Operations Consultant (၁) ဦး
၂။ Finance Assistant (၁) ဦး
အနိမ့်ဆုံးအရည်အချင်း
v Finance/ Accountancy သို့မဟုတ် ဖော်ပြပါ လုပ်ငန်းနှင့် ဆက်စပ်သော ဘွဲ့ တစ်ခုခုရရှိသူ။
v အောက်ဖော်ပြပါ လုပ်ငန်းနှင့် ဆက်စပ်သော လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး (၃)နှစ်ရှိရမည်။
v Computerized Accounting Software နှင့် Microsoft Office တို့ကို ကျွမ်းကျင်စွာ သုံးတတ်ရမည်။
v အင်္ဂလိပ်စာ ရေး/ဖတ်/ပြော ကျွမ်းကျင်ရမည်။
v ဆက်ဆံရေး ပြေပြစ်ပြီး၊ အခါအားလျှော်စွာ စီမံကိန်းမြို့နယ်များသို့ ခရီးသွားလာနိုင်သူ ဖြစ်ရမည်။
v နိုင်ငံတကာ အဖွဲ့အစည်းများ၊ NGO များနှင့် စီမံကိန်းလုပ်ငန်းများတွင် ဤလုပ်ငန်းနှင့် ဆက်စပ်သော လုပ်ငန်း
အတွေ့အကြုံရှိသူကို ဦးစားပေးမည်။
လုပ်ငန်းတာဝန် အကျဉ်း
v စီမံကိန်းလုပ်ငန်း၏ ဘဏ္ဍာရေး၊ ငွေစာရင်းဆိုင်ရာ လုပ်ငန်းများအား ကမ္ဘာ့ဘဏ်၏ စည်းမျဉ်း၊ စည်းကမ်းနှင့် အညီ
ကြီးကြပ်ဆောင်ရွက်ခြင်း၊
v ပြည်ထောင်စု အဆင့်နှင့် မြို့နယ်အဆင့် အကြံပေးများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ၀န်ထမ်းများနှင့် ပူးပေါင်း
ဆောင်ရွက်ခြင်း၊
v စီမံကိန်း အသုံးစရိတ်စာရင်းများ ပြုစုခြင်းနှင့် အစီရင်ခံစာများ လစဉ် ရေးသားပေးပို့ခြင်း၊
စာချုပ်သက်တမ်း
v ၂၀၁၄-ခုနှစ်၊ မေလမှစ၍ (၁၂) လဖြစ်ပြီး၊ အရည်အချင်းနှင့် လုပ်ငန်းလိုအပ်ချက်အပေါ် မူတည်၍ သက်တမ်းတိုး
စာချုပ်ချုပ်ဆို သွားမည် ဖြစ်သည်။
လစာ
v လုပ်ငန်းအတွေ့အကြုံ၊ ပညာအရည်အချင်းနှင့် TOR ပါအခြားအချက်အလက်များနှင့် ကိုက်ညီမှု အပေါ်မူတည်၍
ညှိနှိုင်းသွားမည်။
အခြားလိုအပ်ချက်များ
v လျှောက်ထားလိုသူများသည် ကိုယ်ရေးအကျဉ်း၊ လုပ်ငန်းအတွေ့အကြုံ အသေးစိတ်နှင့် အခြားလိုအပ်သော အထောက်
အထားများဖြင့် အောက်ဖော်ပြပါအတိုင်း လိပ်မူ၍ အီးလ်မေးဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ ဖြစ်စေ
လျှောက်ထားနိုင်သည်။
လျှောက်လွှာပိတ်ရက်
v ၂၀၁၄ ခုနှစ်၊ ဧပြီလ (၂၈) ရက်။
မှတ်ချက်။ လုပ်ငန်းတာဝန်နှင့် လုပ်ငန်းအကြောင်း အသေးစိတ် ဖော်ပြချက်များ (Terms of Reference- TOR) ကို
စီမံကိန်း၏ ၀က်ဆိုဒ် http://www.cdd.drdmyanmar.org တွင် ရယူနိုင်သည်။ အခြား သိရှိလိုသည်များ ရှိပါက
အီးမေးလ်ဖြင့် လည်းကောင်း၊ ရုံးအချိန်အတွင်း တယ်လီဖုန်းဖြင့် လည်းကောင်း ဆက်သွယ်မေးမြန်း စုံစမ်း
နိုင်ပါသည်။
လိပ်မူရန်
ဦးမြင့်ဦး (ဒုတိယ ညွှန်ကြားရေးမှူးချုပ်)
လူထုဗဟိုပြုစီမံကိန်းရုံး၊
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ရုံးအမှတ် (၁၄)၊ နေပြည်တော်
ဖုန်း/ ဖက်စ်၊ ၀၆၇-၄၀၉ ၄၁၃
အီးမေးလ်၊ drdmyanmar@gmail.com

0 comments:

Post a Comment

Video