title

title
hi

Tuesday, November 11, 2014

ပဲခူးတိုင်းဒေသကြီးအတွင်း လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့နယ်ရွေးချယ်ခြင်းဆိုင်ရာ အကြံဉာဏ်ရယူခြင်းအစည်းအဝေးကျင်းပ

















ကမ္ဘာ့ဘဏ်၏ထောက်ပံ့မှုဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း တတိယနှစ်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်း စီမံကိန်းအကျိုးခံစားခွင့်ရမည့် မြို့နယ်တစ်မြို့နယ်ရွေးချယ်ရန် အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ၂ဝ၁၄ နိုဝင်ဘာလ ၁၁ ရက်နေ့က ပဲခူးမြို့၊ မြိုတော်ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးတင်စိုး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ကမ္ဘာ့ဘဏ်မှကိုယ်စားလှယ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာအဖွဲ့များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းတင် က နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်စိုးက အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် ကမ္ဘာ့ဘဏ်မှ Country Office Mr. Nikolus Myint တို့က မိတ်ဆက်စကား ပြောကြားပြီးနာက် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်က စီမံကိန်းအကျဉ်းချုပ်နှင့် မြို့နယ်ရွေးချယ်ရန် အတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် အစည်းအဝေး အစီအစဉ်အတိုင်း တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခြင်း၊ တက်ရောက်လာသူများက အဖွဲ့ငယ် ၁ဝ ဖွဲ့ခွဲ၍ ဆွေးနွေးခြင်းဖြင့် စီမံကိန်းအတွက် အဆိုပြုမြို့နယ် ရွေးချယ်ခြင်း၊ အဖွဲ့အသီးသီးမှ ကိုယ်စာလှယ်များမှ အဆိုပြုမြို့နယ် ရွေးချယ်ရခြင်းအကြောင်းကို ပြန်လည်တင်ပြခြင်း၊  အဖွဲ့လိုက်တင်ပြလာသည့် အဆိုပြု မြို့နယ်များအပေါ် အမှတ်ပေးတွက်ချက်၍ ရလဒ်များ တင်ပြခြင်းတို့ ပြုလုပ်ခဲ့သည်။
          အစည်းအဝေးတက်ရောက်သူများ၏ ရွေးချယ်မှုအရ ပဲခူးတိုင်းဒေသကြီးအတွင်း စီမံကိန်းခံစားခွင့်ရ မြို့နယ်အဖြစ် ဦးစားပေးအဆင့်အလိုက် ရွေးချယ်ခံရသည့် မြို့နယ် ၅ မြို့မှာ-
(၁) မိုးညိုမြို့နယ်
(၂) ကျောက်ကြီးမြို့နယ်
(၃) ပန်းတောင်းမြို့နယ်
(၄) သဲကုန်းမြို့နယ်
(၅) ရွှေကျင်မြို့နယ်
 ဖြစ်ပါသည်။

Tuesday, November 4, 2014

ပဲခူးတိုင်းဒေသကြီးအတွက် စီမံကိန်းမြို့နယ်ရွေးချယ်ခြင်းဆိုင်ရာ အကြံဥာဏ်ရယူခြင်း အစည်းအဝေး ဖိတ်ကြားစာ


ပဲခူးတိုင်းဒေသကြီးအတွက် လူထုဗဟိုပြုစီမံကိန်း မြို့နယ်ရွေးချယ်ခြင်းဆိုင်ရာ အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပဲခူးမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

စီမံကိန်းမြို့နယ် ရွေးချယ်မှုဆိုင်ရာသတ်မှတ်ချက်များနှင့် အစည်းအဝေး အစီအစဉ်ကို ဤနေရာမှရယူနိုင်ပါသည်။ အစည်းအဝေးတွင် အသုံးပြုမည့် အချက်အလက် စာရွက်စာတမ်းများကို အစည်းအဝေးကျင်းပချိန်တွင် ဖြန့်ဝေပါမည်။

အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူထုဗဟိုပြုအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့
အစည်းများအနေဖြင့် ပဲခူးမြို့တွင် ကျင်းပမည့် အစည်းအဝေးကို တက်ရောက်ရန် စိတ်ပါဝင်စားမှု
ရှိပါက cdd.drdmyanmar@gmail.com သို့ နိုဝင်ဘာလ ၉  ရက်ထက် နောက်မကျစေဘဲ
ဆက်သွယ် အကြောင်းကြားပါရန် လေးစားစွာ အကြောင်းကြားပါသည်။

-----------------------------------------------------------------------------------------------------------------

The Township Selection Consultation meeting of Community Driven Development Project (LUDU BAHOPYU PROJECT) For Bago Region will be held on 11th November, 2014 at City Hall, Bago.

You can download here a short note on the township selection process and the agenda for the Bago meeting. The data table for the meeting will be provided separately.
 
Non-Governmental Organizations, Civil Society Groups, Community Based Organizations and Development Partners with an active program in Bago Region and interested in participating in the Bago meeting should please contact us at cdd.drdmyanmar@gmail.com by 9th November.

Wednesday, October 29, 2014

လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများမစတင်မီ ကျေးရွာလူထုမှ ဘာတွေကိုသိထားသင့်ပါသလဲ?


လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်အဖြစ် ပြည်နယ်နှင့်တိုင်းဒေသကြီးရှိမြို့နယ် (၆)မြို့နယ်တွင် မကြာမီစတင်တော့မည်ဖြစ်ပါသည်။ စီမံကိန်းလုပ်ငန်းများကိုစတင် အကောင်အထည်ဖော်မဆောင်ရွက်မီ ကျေးရွာလူထုအနေဖြင့် စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပုံအဆင့်ဆင့်ဖြစ်သော စီမံကိန်းစက်ဝန်း ကိုသိရှိထားရန်လိုအပ်ပါသည်။
အဆင့်(၁) စီမံကိန်းပထမအကြိမ် ကျေးရွာအစည်းအဝေးမိတ်ဆက်၊
ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များ၊ ကော်မတီခွဲအဖွဲ့ဝင်များ၊ ဝေဖန်အကြံပြုတာဝန်ခံများ၊ ကျေးရွာ စေတနာ့ဝန်ထမ်းများ၊ ကျေးရွာ
ငွေကိုင်စာရေးရွေးချယ်ခြင်း။

အဆင့်(၂) စေတနာ့ဝန်ထမ်းအဖွဲ့နှင့်လူထုစည်းရုံးရေးမှူးအစည်းအဝေး၊ လူတိုင်းနှင့်သက်ဆိုင်သည့်လူမှုရေးအခြေအနေများ အကဲဖြတ် တွက်ချက်ခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် သုံးနှစ်စာ မူကြမ်းရေးဆွဲခြင်း။

အဆင့်(၃) ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်း၊ ကျေးရွာဒုတိယအစည်းဝေး ကျင်းပ၍ ၃ နှစ်အစီအစဉ်ရေးဆွဲခြင်း၊ ဦးစာပေးအဆင့် ရွေးချယ်ခြင်းနှင့် ကျေးရွာအုပ်စုစီမံကိန်း အထောက်အကူပြု ကော်မတီအတွက်ကိုယ်စားလှယ်ရွေးချယ်ခြင်း။

အဆင့်(၄) ကျေးရွာအုပ်စု ဖွံ့ဖြိုးရေး စီမံချက်။ ကျေးရွာအုပ်စု စီမံကိန်းအထောက်အကူပြုကော်မတီက ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်အား ပြန်လည်သုံးသပ်၍ ကျေးရွာအုပ်စုဖွံ့ဖြိုးရေး ၃ နှစ်စာအစီအစဉ် အတည်ပြုခြင်း၊ ဦးစားပေးစီမံကိန်း လုပ်ငန်းခွဲများအတွက် ကနဦး ထောက်ပံ့ငွေပမာဏ ခွဲဝေသတ်မှတ်ခြင်း။

အဆင့်(၅) ကျေးရွာအုပ်စုဖွံ့ဖြိုးရေးအစီအစဉ်ကို မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ဆောင်ရေးကော်မတီက အထည်ပြုပေးခြင်း။ ထောက်ပံ့ငွေ သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးခြင်း။

အဆင့်(၆) စီမံကိန်းလုပ်ငန်းခွဲများပြင်ဆင်ခြင်း။ လူမှုပတ်ဝန်ကျင်ကာကွယ်မှုအစီအမံများ၊ ဒီဇိုင်းများ၊ ကုန်ကျစရိတ်ခန့်မှန်းတွက်ချက်မှုများ၊ ၀ယ်ယူရေးအစီအစဉ်များ၊ လုပ်ငန်းလည်ပတ်ရေးနှင့် ထိန်းသိမ်းရေး အစီအစဉ်များရေးဆွဲခြင်း။

အဆင့်(၇) စီမံကိန်းလုပ်ငန်းခွဲများအကောင်အထည်ဖော်ခြင်း ၀ယ်ယူရေးလုပ်ငန်းများဘဏ္ဍာရေးလုပ်ငန်းများ စီမံခန့်ခွဲမှုများဆောင်ရွက်ခြင်း။

အဆင့်(၈) အစည်းအဝေးကျင်းပခြင်း ကျေးရွာစီမံကိန်း
အထောက်အကူပြု ကော်မတီနှင့် စောင့်ကြည့်ကြီးကြပ်ရေး ကော်မတီခွဲ တို့ကဘဏ္ဍာရေးနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများအစီရင်ခံစာ ရေးသားခြင်း။

အဆင့်(၉) ရွာလုံးကျွတ် အစည်းအဝေးများပြုလုပ်ခြင်း စီမံကိန်းစက်ဝန်း ပြီးဆုံးခြင်း။ စီမံကိန်းစက်ဝန်းပြီးဆုံးချိန် ကျေးရွာလူထုစစ်ဆေးပွဲများ ကျင်းပ၍ စီမံကိန်းအကြောင်းဆွေးနွေးခြင်း။

အဆင့်(၁၀) လုပ်ငန်းလည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း။

Tuesday, October 28, 2014

လူထုဗဟိုပြုစီမံကိန်း မန္တလေးတိုင်းဒေသကြီးအတွက် စီမံကိန်းမြို့နယ်ရွေးချယ်ခြင်းဆိုင်ရာ အကြံဥာဏ်ရယူခြင်းအစည်းအဝေး









ကမ္ဘာ့ဘဏ်၏ထောက်ပံ့မှုဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်  လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်အတွက် မန္တလေးတိုင်းဒေသကြီး အတွင်း စီမံကိန်း အကျိုးခံစားခွင့် ရမည့် မြို့နယ်တစ်မြို့နယ်ရွေးချယ်ရန် အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ၂ဝ၁၄ အောက်တိုဘာလ ၂၄ ရက်နေ့က မန္တလေးမြို့၊ အမျိုးသားကဇာတ်ရုံ တွင် ကျင်းပခဲ့သည်။
          အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ငွေ၊  ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိ သူများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင် ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် အခြား ဖိတ်ကြားထား သူများ စုစုပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
          အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က အဖွင့်မိန့်ခွန်းပြောကြား  ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်က စီမံကိန်း အကြောင်း မိတ်ဆက်ရှင်းလင်းတင်ပြသည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ စီမံကိန်း မြို့နယ်ရွေးချယ်ခြင်းနှင့် ပတ်သက်၍ သတ်မှတ်ထား သည့်အချက်များကို ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာသူများက သိလိုသည့် အချက်များကို မေးမြန်း ဆွေးနွေးကြသည်။
          အစည်းအဝေးတက်ရောက်လာသူများက အဖွဲ့ငယ်များခွဲ၍ အဖွဲ့လိုက် ဆွေးနွေးခြင်းဖြင့် စီမံကိန်း အတွက် အဆိုပြုမြို့နယ် ရွေးချယ်တင်ပြခြင်း၊ အဖွဲ့အသီးသီးမှ တာဝန်ခံများက အဆိုပြုမြို့နယ် ရွေးချယ်ရခြင်း အကြောင်းကို ပြန်လည်တင်ပြခြင်း၊  အဖွဲ့လိုက် တင်ပြလာသည့် အဆိုပြုမြို့နယ်များအပေါ် အမှတ်ပေးတွက်ချက်၍ ရလဒ်များ တင်ပြခြင်းတို့ ပြုလုပ်ခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး  ဌာန ဒုတိယဝန်ကြီး ဦးတင်ငွေမှ နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်း ခဲ့သည်။
          အစည်းအဝေးတက်ရောက်သူများ၏ ရွေးချယ်မှုအရ မန္တလေးတိုင်းဒေသကြီး အတွင်း  စီမံကိန်း အကျိုးခံစားခွင့်ရ မြို့နယ်အဖြစ် ဦးစားပေးအဆင့်အလိုက် ရွေးချယ်ခံရသည့် မြို့နယ် ၅ ခုမှာ-

 (၁) ပထမဦးစားပေးမြို့နယ်အဖြစ် ငါန်းဇွန်းမြို့၊ 
(၂) ဒုတိယဦးစားပေးမြို့နယ်အဖြစ် ညောင်ဦးမြို့၊ 
(၃) တတိယဦးစားပေးမြို့နယ်အဖြစ် ပျော်ဘွယ်မြို့၊ 
(၄) စတုတ္တဦးစားပေးမြို့နယ်အဖြစ် ရမည်းသင်းမြို့နှင့် 
(၅) ပဉ္စမဦးစားပေးမြို့နယ်များအဖြစ် နွားထိုးကြီးနှင့် သာစည်မြို့တို့ ဖြစ်ပါသည်။ 

အဆိုပါ ဦးစားပေး အဆိုပြုမြို့နယ်များနှင့် ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ သဘောထားမှတ်ချက် ရယူပြီးနောက် နိုင်ငံခြား အကူ အညီ စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ပါသည်။ ဗဟိုကော်မတီမှ အတည်ပြုပြီးပါက ကမ္ဘာ့ဘဏ်သို့ ဆက်လက် တင်ပြပြီး ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်ရယူ၍ အဆင့်ဆင့် အတည်ပြုပြီးပါက လူထုဗဟိုပြု စီမံကိန်း အကောင်အထည် ဖော်ရန် ဆက်လက်ဆောင်ရွက်မည် ဖြစ်သည်။

အုပ်စုလိုက်ဆွေးနွေးမှုရလဒ်များ











Sunday, October 19, 2014

လူထုဗဟိုပြုစီမံကိန်း မန္တလေးတိုင်းဒေသကြီးအတွက် စီမံကိန်းမြို့နယ်ရွေးချယ်ခြင်းဆိုင်ရာ အကြံဥာဏ်ရယူခြင်း အစည်းအဝေး ဖိတ်ကြားစာ




၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် မန္တလေးတိုင်း၊ မန္တလေးမြို့၌ ကျင်းပရန် စီစဉ်ထားသည့် မြို့နယ်ရွေးချယ်ခြင်းဆိုင်ရာ အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို အောက်တိုဘာလ ၂၄ ရက်နေ့တွင် မန္တလေးမြို့၊ အမျိုးသားဇာတ်ရုံ၌ ကျင်းပမည် ဖြစ်ပါသည်။

စီမံကိန်းမြို့နယ် ရွေးချယ်မှုဆိုင်ရာသတ်မှတ်ချက်များနှင့် အစည်းအဝေး အစီအစဉ်ကို ဤစာနှင့်အတူ ပူးတွဲပေးပို့အပ်ပါသည်။ အစည်းအဝေးတွင် အသုံးပြုမည့် အချက်အလက် စာရွက်စာတမ်းများကို အစည်းအဝေးကျင်းပချိန်တွင် ဖြန့်ဝေပါမည်။

အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူထုဗဟိုပြုအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့
အစည်းများအနေဖြင့် မန္တလေးမြို့တွင် ကျင်းပမည့် အစည်းအဝေးကို တက်ရောက်ရန် စိတ်ပါဝင်စားမှု
ရှိပါက cdd.drdmyanmar@gmail.com သို့ အောက်တိုဘာလ ၂၂ ရက်ထက် နောက်မကျစေဘဲ
ဆက်သွယ် အကြောင်းကြားပါရန် လေးစားစွာ အကြောင်းကြားပါသည်။
 --------------------------------------------------------------------------------------------------------


The Township Selection Consultation meeting that was to be held at Mandalay on 21st October, 2014 has been rescheduled for 24th October at National Theatre, Mandalay Township.

You find attached a short note on the township selection process and the agenda for the Mandalay meeting. The data table for the meeting will be provided separately.

We hope this rescheduling has not caused anyone any in convenience. Our sincerest apologies if it has.

Non-Governmental Organizations, Civil Society Groups, Community Based Organizations and Development Partners with an active program in Mandalay Region and interested in participating in the Mandalay meeting should please contact us at cdd.drdmyanmar@gmail.com by 22nd October.
 

Video