လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်
အကောင်အထည်ဖေါ် ဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း
ဒေသကြီး၊ ရခိုင်ပြည်နယ် တို့တွင်
စီမံကိန်းမြို့နယ်တစ်မြို့နယ်စီ ရွေးချယ်ရန်အတွက် အကြံဉာဏ် ရယူခြင်း အစည်း
အဝေးများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များတွင် ကျင်းပခဲ့ပြီး
ဖြစ်ပါသည်။ ယင်းအစည်းအဝေးသို့ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ
တာဝန်ရှိသူများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြု
အဖွဲ့ အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း
ဆောင်ရွက်နေသော အဖွဲ့အစည်းများအား ဖိတ်ကြားခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွက် စီမံကိန်းမြို့နယ်တစ်မြို့နယ်ရွေးချယ်ရန်အတွက်
အကြံဉာဏ်ရယူခြင်းအစည်း အဝေးကို ၂၀၁၄၊ မေလ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပမည် ဖြစ်ပါသည်။ အစည်းအဝေး ကို မြန်မာဘာသာ
တစ်မျိုးတည်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး ဘာသာပြန်ပေးမည့် အစီအစဉ် ပါဝင်ခြင်း
မရှိပါ။
အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊
လူထုဗဟိုပြုအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ရန်ကုန်တွင်
ကျင်းပမည့် အစည်းအဝေးကို တက်ရောက်ရန် စိတ်ပါဝင်စားမှု ရှိပါက cdd.drdmyanmar@gmail.com သို့ ၂၀၁၄၊ မေလ ၁၉ ရက်ထက်
နောက်မကျစေဘဲဆက်သွယ်အကြောင်း ကြားပါရန်နှင့် အစည်းအဝေးတွင် အသုံးပြုမည့် အချက်အလက်
စာရွက်စာတမ်းများကို အစည်းအဝေးကျင်းပ ချိန်တွင် ဖြန့်ဝေမည်ဖြစ်ပါကြောင်း လေးစားစွာ
အကြောင်းကြားပါသည်။
ခန့်ဇော်
ဒုတိယအင်ဂျင်နီယာချုပ်
ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး
ဦးစီးဌာန
လူထုဗဟိုပြု စီမံကိန်း
ReplyDeleteကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
စေတုတ္တရာမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
မကွေးတိုင်းဒေသကြီး
စေတုတ္တရာမြို့နယ်ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်၏ထောက်ပံ့မှုဖြင့် နည်းပညာမှုးနှင့်စက်ရုံမှုးများသည် လုပ်ငန်းကို ကျေပွန်စွာလုပ်ကိုင်ပါသော်လည်း ယနေ့အထိ မေလအတွက်လစာ မရသေးပါ။ဝန်ထမ်းများနှင့် အတူမှီခိုမိသားစုများပါ အဆင်မပြေခက်ခဲနေပါသဖြင့် လစာလုပ်ခများ လစဉ်ပုံမှန်ရရှိလိုကြောင်း ကမ္ဘာ့ဘဏ်တာဝန်ရှိသူများနှင့် စီမံစီမံကိန်းတာဝန်ရှိသူများအား သိရှိစေရန်ဖော်ပြအပ်ပါသည်။
နည်းပညာမှုးနှင့်စည်းရုံးရေးမှုးများကိုယ်စား