title

title
hi

Saturday, May 31, 2014

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်းအကြောင်း မိတ်ဆတ်ခြင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပပြီးစီးခြင်း


လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်ရွေးချယ်ခံထားရသော ရခိုင်ပြည်နယ် အမ်းမြို့နယ် ၌ စီမံကိန်း  မိတ်ဆက် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၄မေလ ၃၀ရက်နေ့ နံနက် ၉ နာရီတွင် ရခိုင်ပြည်နယ်၊ အမ်းမြို့၊ ရွှေအမ်းတောင် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 ဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြအောင်၊ လွတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်  ဒေါ်ခန့်ခန့်ကျော်၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်၊ ရခိုင်ပြည်နယ် ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးထွန်းဝေ၊ ခရိုင် နှင့် မြို့နယ်  ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အစိုးရ အဖွဲ့ မဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီဝင်များ၊ သတင်းနှင့် စာနယ်ဇင်းများမှ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၊ ကျေးရွာဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီဝင်များနှင့် အခြားဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီးဦးမြအောင်မှ အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်က စီမံကိန်းအကျဉ်း ချုပ်နှင့် မြို့နယ်အဆင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  စီမံကိန်းလက်စွဲပါအချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆွေးနွေးပွဲ တက်ရောက်လာသူများက သိလိုသည့်အချက်များကို မေးမြန်းရာ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးဦးလှခိုင်ကအသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။ ထို့နောက် ကမ္ဘာ့ဘဏ် မှ ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ဒေါ်ခန့်ခန့်ကျော် မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြအောင်က နိဂုံးချုပ် အမှာစကား ပြောကြားကာအစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။


စီမံကိန်း အကောင်အထည် ဖော်မည့် မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု တစ်စုစီအား ကျေးရွာအုပ်စုတွင်းရှိ လူဦးရေကိုအခြေခံပြီး တစ်နှစ်လျှင်
လူဦးရေ ၃၀၀၀ အောက်ရှိသောကျေးရွာအုပ်စုအား ထောက်ပံငွေ (၁၈,၀၀၀,၀၀၀ ကျပ်)/
လူဦးရေ ၃၀၀၀ မှ ၅၀၀၀ အထိ ရှိသောကျေးရွာအုပ်စုအား ထောက်ပံငွေ (၂၄,၃၀၀,၀၀၀ ကျပ်)/
လူဦးရေ ၅၀၀၀ အထက်ရှိသောကျေးရွာအုပ်စုအား ထောက်ပံငွေ (၃၀,၆၀၀,၀၀၀ ကျပ်) ကို ၃-နှစ်ဆက်တိုက် ထောက်ပံပေးသွားမည် ဖြစ်ပါသည်။
ထောက်ပံငွေ ခွင့်ပြုသည့် ပုံသေနည်းကို စီမံကိန်းနှစ်တစ်ခု ကုန်ဆုံးချိန်တိုင်းတွင် ကျေးလက်/ဦးစီး ဌာနနှင့် ကမ္ဘာ့ဘဏ် တို့က ပြန်လည်သုံးသပ်ပြီးလိုအပ်ပါက ပြုပြင်ရေးဆွဲမည်ဖြစ်ပါသည်။ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခြေခံ အဆောက်အဦးကို ကျေးလက်နေ ပြည်သူလူထုက ရွေးချယ်ရမည်ဖြစ်ပါသည်။ မြို့နယ်တွင် စီမံကိန်း စတင် အကောင်အထည် ဖော်သည့် ပထမနှစ် အတွက် ချမှတ်ထားသည့် လုပ်ငန်းများထဲမှ ကျေးရွာ၏ လိုအပ်ချက်နှင့် ကိုက်ညီသော အခြေခံ အဆောက် အဦး ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ နှင့် အသေးစား တိုးချဲ့ခြင်း လုပ်ငန်းများကို ရွေးချယ်ဆောင်ရွက် ဖြစ်ပြီး  ဒုတိယနှစ် နှင့် တတိယနှစ်များတွင် ကန့်သတ်ထားသည့် လုပ်ငန်းများမှအပ အခြားလုပ်ငန်းများအားလုံး ကျေးရွာလူထု ဆန္ဒဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားရမည်ဖြစ်ပါသည်။

0 comments:

Post a Comment

Video